စင်္ကာပူဟိုတယ်စျေးသင့်

စင်္ကာပူမှာ စျေးသင့်တဲ့ ဟိုတယ်လေးတွေ ဘယ်လိုရှာမလဲ? Singapore Budget Hotel Guide 2025

စင်္ကာပူလို့ပြောလိုက်တာနဲ့ အာရှမှာစည်းကမ်းတင်းကျပ်ပြီး သန့်ရှင်းသောနိုင်ငံ တစ်ခု ဖြစ်သလို ခရီးသွားများအတွက်safest အဖြစ်ဆုံးသော နိုင်ငံလို့လဲ လူသိများကြပါတယ်။ အာရှမှာအရမ်းသန့်တယ်၊ စနစ်ကျတယ်၊ အံ့သြဖွယ်အပန်းဖြေခရီးစဉ်တွေကို ပေးနိုင်တဲ့နိုင်ငံပါ။ ဒါပေမဲ့ ခရီးသွားသူအများအပြားအတွက် စင်္ကာပူကစျေးကြီးတဲ့နိုင်ငံတစ်ခုလို့ပြောကြသလို စင်္ကာပူဟိုတယ်စျေးက “အတော်ကြီးစျေးကြီးတယ်” လို့ခံစားကြပါတယ်။

အခုတော့ စျေးသင့်ပြီး convenience ဖြစ်တဲ့ ဟိုတယ်တွေကို ဘယ်လိုရှာရမလဲဆိုတာ ပြောပြပေးပါမယ် 

ရာသီဥတု အခြေအနေ 

ရာသီဉတုအပူပိုင်း အခြေအနေတွင်ရှိသောကြောင့် တစ်နှစ်ပတ်လုံး ပူပြင်းမှုရှိနိုင်သလို မထင်မှတ်ပဲ မိုးရွာချနိုင်တဲ့ အခြေအနေလည်းရှိနိုင်တာကြောင့် ထီး အမြဲဆောင်ထားသင့်ပါတယ်နော်။  

Singapore Travel Guide

When to Visit Singapore?

တစ်နှစ်ပတ်လုံး အလည်ပတ်သွားလို့ရသော နေရာဖြစ်သော်လည်း အကောင်းဆုံးအချိန်အားဖြင့် ဒီဇင်ဘာမှ ဇွန်လ အထိဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှ ဧပြီလများဟာ စင်္ကာပူ ၏ ခြောက်သွေ့ရာသီမှာ ကျရောက်လေ့ရှိပြီး နိုင်ငံအတွင်း မိုးအနည်းဆုံး၊ စိုထိုင်းဆ အနိမ့်ဆုံးနဲ့ နေရောင်ရရှိမှု အများဆုံးအချိန်ဖြစ်ပါတယ်။ လူစုလူဝေးကို ရှောင်ချင်လျင် ဇူလိုင်လကနေ နိုဝင်ဘာလထိ က အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးသည်လည်း စင်္ကာပူနိုင်ငံ၏ ကြီးကျယ်ခန်းနားသော ပွဲတော်ထဲမှ တစ်ခုဖြစ်ပြီး ဇန်နဝါရီလ (သို့) ဖေဖော်ဝါရီလတွင်ကျရောက်ပါတယ်။ အခြား ထူးခြားသော ပွဲတော် အနေနဲ့ အောက်တိုဘာလတွင်ကျင်းပသော ဆောင်းဦးလယ်ပွဲတော်၊ ဇွန်လတွင်ကျင်းပသော Hari Raja နှင့် ဩဂုတ်လမျိုးမှာ အလည်ပတ်လာလျင်တော့ စင်္ကာပူအမျိုးသားနေ့၏ Fireworks ဖန်တီးမှုတွေကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။  စင်္ကာပူကို စျေးဝယ်ထွက်ဖို့အလည်လာသူဆိုလျင် ဇွန်လမှ ဩဂုတ်လ အတွင်း Mid-Year Sale ရှိတဲ့အတွက် စျေးဝယ်ဖို့အကောင်းဆုံးအချိန်ပါ။

စင်္ကာပူဟိုတယ်စျေးသင့် Singapore Transport - Bus

Main Tourist Attractions 

စင်္ကာပူ နိုင်ငံဟာသူ့ရဲ့ tourist attractions များကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါတယ်။ 

CBD (Central Business District) နှင့် Marina Bay စတဲ့ နေရာများအပြင်၊ Orchard Road စသည့် ဈေးဝယ်စင်တာများ၊ Chinatown, Little India, Kampong Glam စတဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ နေရာမျိုးစုံဟာ Tourist Attractions နေရာတွေပဲဖြစ်ပါတယ်။ Marina Bay Sands, Gardens by the Bay, Sentosa Island, Universal Studios Singapore စသည်တို့မှာ မသွားမဖြစ် သွားရောက်လည်ပတ်သင့်တဲ့နေရာများဖြစ်သလို Merlion Park၊ Singapore Zoo နှင့် Night Safari ကိုလည်း သေချာပေါက် ကြည့်ရှုသင့်ပါတယ်နော် ..

Tourist attractions တွေနဲ့ Singapore tours တွေကိုအဆင်ပြေပြေနဲ့ GetYourGuide / Klook တို့မှာ Book လို့ရသလို Rose တို့ Happy Steps ကနေလည်း စီစဉ်ပေးလို့ရပါတယ်။

Klook.com

အစားအစာနှင့် ယဉ်ကျေးမှု

စင်္ကာပူသည် လူမျိုးပေါင်းစုံစုဝေးနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် halal , vegetarian သမားများအတွက်လဲ စိတ်ပူစရာမလိုပါဘူး။ Hawker Centre များတွင် အစားအစာစုံစုံလင်လင်ရှိပြီး၊ အထူးသဖြင့် Chicken Rice, Laksa, Chilli Crab စတဲ့ အစားအစာများကို Halal ၊ Vegetarian သမားများပါစားသုံးနိုင်ပါသည်။ 

Singapore Chicken Rice

သွားရေးလာရေး

စင်္ကာပူ နိုင်ငံရဲ့ Transportation ကတော့ Public Transportation System ကို အဓိကထားသုံးစွဲကြပါတယ်။ MRT ၊ Bus ကားလိုင်းများဟာ တစ်နိုင်ငံလုံးအနှံ့သို့ ပြေးဆွဲပေးလျှက်ရှိပါတယ်။

💡Agoda / Booking.com / Trip.com စတဲ့ ဝက်ဘ်ဆိုက်တွေကို သုံးပါ

စျေးနှုန်းချိုသာတဲ့ ဟိုတယ်ရှာဖို့အတွက် အရမ်းလွယ်ကူတဲ့နည်းလမ်းကတော့ Agoda, Booking.com, Trip.com, Hotels.com စတဲ့ platform တွေကိုသုံးတာပါ။

ဒီဝက်ဘ်ဆိုက်တွေမှာ

  • ခရီးသွားသူတွေရဲ့ (reviews) တွေပါဝင်တယ်
  • စျေးနှုန်းနဲ့တန်းတူသော promotion တွေလည်းရှိတတ်တယ်
  • “Budget”, “Mid-range”, “Luxury” လို့ filter လုပ်နိုင်တာကြောင့် သူငယ်ချင်းတို့ ဘတ်ဂျက်အတွင်းအဆင်ပြေစွာရွေးချယ်နိုင်ပါတယ်။

💰 Promotion Season တွေကို စောင့်ပါ

Singapore ဟိုတယ်တွေမှာ (special deals) တွေရှိတတ်ပါတယ်။

👉 ဥပမာ –

  • Agoda Flash Sale
  • Booking.com Secret Deals
  • Credit card promotion (UOB, DBS, Citibank စတဲ့ကတ်တွေနဲ့ 10%-20% discount) ဒါကြောင့် ခရီးစဉ်စီစဉ်ချိန်မှာ promotion period ကို စောင့်ကြည့်ထားတာက အရေးကြီးပါတယ်။
  • Book your Attractions ticket on GetYourGuide now.
Klook.com

📱 Google Maps နဲ့ Review စစ်ပါ

ဟိုတယ်ရွေးချယ်မယ်ဆိုရင် Google Maps ပေါ်မှာ အမှန်တကယ် သွားထားတဲ့သူတွေရဲ့ review တွေကို ဖတ်တာ အရမ်းအသုံးဝင်ပါတယ်။ ဆောင်ရန်ရှောင်ရန်တွေလဲ သိနိုင်ပါတယ်။ 

ဉပမာ – cleanliness, MRT station မှာ မနီးဘူးလား, neighborhood သန့်လား စတာတွေကို သိနိုင်ပါတယ်။

ဘယ် ဟိုတယ်တွေကို ရွေးချယ်သင့်လဲ ? 

အကြံပြုချက်အနေဖြင့် သင့်တော်တဲ့Budget ဟိုတယ်များကို ရွေးချယ်စီမံတတ်ဖို့အထူးအရေးကြီးပါတယ်။ ကိုယ်သွားမည့် travel date ကိုသိတာနဲ့ အခန်းများအား ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်။ အထူးသဖြင့် ခရီးသွားရာသီမှာ အခန်းများ လျှင်မြန်စွာပြည့်တတ်တဲ့အတွက် သင့်တော်သည့်အခန်းများကို ရွေးချယ်ပြီးသည်နဲ့  ကြိုတင် book ပြီးမှ စိတ်ချလက်ချခရီးသွားနိုင်ပါတယ်။ 

Budget Hotel များကို စတင်ရှာဖွေနေစဉ်တွင် သင့်တော်သောနေရာများနှင့် ဝန်ဆောင်မှုများကို စီစစ်ပြီးသာ ရွေးချယ်သင့်ပါသည်။

စင်္ကာပူဟိုတယ်စျေးသင့်

 1) Little India / Bugis / Lavender အနီးမှာ

အဲ့ဒီနေရာတွေက စျေးသင့်ပြီး စားသောက်ဆိုင်များ၊ MRT station နီးနီးမှာရှိတာကြောင့် ခရီးသွားအတွက် အဆင်ပြေပါတယ်။
👉 ဥပမာ – Hotel 81 Bugis, V Hotel Lavender, 7 Wonders Hostel

(2) Chinatown / Clarke Quay အနီးမှာ

တစ်နည်းအားဖြင့် nightlife နဲ့ local food အတွက်ကောင်းပါတယ်။
👉 ဥပမာ – The Pod Capsule Hotel, Cube Boutique Capsule

(3) Geylang Area

အဲ့ဒီနေရာမှာ ဟိုတယ်စျေးတွေ အတော်သက်သာပါတယ်။ သို့ပေမဲ့ မိသားစုနဲ့လာတဲ့သူတွေအတွက်တော့ အနည်းငယ်သတိထားဖို့လိုပါတယ်။
👉 ဥပမာ – ibis Budget Singapore, Hotel Classic by Venue

Klook.com

သတိပြုရမည့်အချက်များ

​1.​အခန်းအကျယ်အဝန်း: 

အထူးသဖြင့် Singapore ရဲ့ Budget Hotel များတွင် အခန်းအကျယ်အဝန်းမှာ ကျဉ်းမြောင်းမှုရှိနိုင်သည့်အတွက် လူအများအပြားနေရန်အတွက် အခက်အခဲဖြစ်စေတတ်သည်။ ထို့ကြောင့် မိသားစုများအနေဖြင့် အခန်းကျယ်များကို စဉ်းစားရွေးချယ်ရန်လိုအပ်သည်။

​2.​Facilities and Services

Budget Hotel များတွင် အခြေခံဝန်ဆောင်မှုများသာ ရရှိနိုင်သည့်အတွက် expectation ကို အမြင့်ကြီး မထားသင့်ပါဘူးနော် ။

​3.​သင့်တော်သောနေရာရွေးချယ်မှု

ခရီးသွားသူများအနေဖြင့် convenient location နဲ့ city location ဖြစ်ဖို့လိုအပ်ပါတယ်။ MRT နဲ့ နီးပြီး သင့်တော်သောနေရာတွင်ရှိခြင်းက ခရီးသွားအနေဖြင့် လုပ်ဆောင်လိုသည့် အရာများကို အချိန်ဖြုန်းရန်မလိုဘဲ လွယ်ကူစွာ ပြီးမြောက်နိုင်စေသည်။

1. Budget Budget Selegie

ပထမဆုံး ရွေးချယ်ပေးချင်တဲ့ သင့်တင့်တဲ့ Budget ဟိုတယ်ကတော့ Ibis Budget Singapore Selegie ဖြစ်ပါတယ်။  Little India area မှာရှိပြီး အဓိကသွားရေးလာရေး လွယ်ကူတဲ့ နေရာတွေနဲ့ နီးပါတယ်။ Little India MRT နဲ့  လမ်းလျှောက်သွားရင် ခန့်မှန်းခြေ (၅ -၁၀)မိနစ် ခန့်သာ ဝေးပြီး၊ Orchard Road နှင့် Bugis Junction ကဲ့သို့သော ဈေးဝယ်စင်တာများနှင့်လည်း အနီးစပ်ဆုံးဖြစ်သည်။ 

အစားအသောက်ပိုင်းတွင် Continental Buffet Breakfast ကို serve လုပ်ထားပြီး ၊ ဟိုတယ်အနီးရှိနေရာများတွင်လည်း မိမိစိတ်ကြိုက် ဝယ်ယူနိုင်တာ ဖြစ်တဲ့အတွက် ပိုမိုအဆင်ပြေစေပါတယ်။Singapore ရဲ့ ထုံးစံအတိုင်း အခန်းအကျယ်ကြီးတွေကို မျှော်လင့်လို့မရတာမို့ အခန်း၏အကျယ်အဝန်းကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

2. Ibis Budget Singapore Imperial

Ibis Budget Singapore Imperial သည် Lavender MRT အနီးတွင် တည်ရှိသော Budget Hotel တစ်ခုဖြစ်ပြီး၊ Buffet breakfast ပါသည့်အပြင် ရေကူးကန်လည်းပါရှိသည့်အတွက် ရေကူးရတာ နှစ်သက်သူများအတွက် သင့်တော်ပါတယ်။ 

စျေးနှုန်းသင့်တော်ပြီး၊ အခြေခံအဆင့်မှီသော ဝန်ဆောင်မှုများကိုသာ လိုအပ်သည့် ခရီးသွားများအတွက် recommend ပေးချင်ပါတယ်။  စင်္ကာပူမြို့တွင် နေရာကောင်းကောင်းရှိထားသော်လည်း အခန်းကျဉ်းမှုနှင့် အဆင်မပြေမှုများကို သတိထားရန်လိုအပ်ပါသည်။  Budget Hotel အမျိုးအစားကို ရှာဖွေနေသည့်ခရီးသွားများအတွက်တော့ အထူးသင့်လျော်ပါတယ်။

3. Ibis Budget Singapore Bugis

Ibis Budget Singapore Bugis သည် Bugis Junction နှင့် Bugis MRT အနီးတွင် တည်ရှိကာ စျေးဝယ်ရန်နှင့် Sightseeing အတွက် အထူးကောင်းမွန်သော နေရာတခုဖြစ်ပါတယ်။ သန့်ရှင်းပြီး လိုအပ်သော အခြေခံဝန်ဆောင်မှုများပေးထားသော  ကြောင့် budget travelers များအတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်ပါတယ်။ Breakfast အတွက်ကတော့ Bento / packed ပဲ optional ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ခန့်မှန်းခြေအနေနဲ့ကတော့ SGD 15 per pax ဖြစ်ပါတယ်။ 

4. Ibis Budget Singapore Clarke Quay

Ibis Budget Singapore Clarke Quay သည် မြစ်ကမ်းဘေး Clarke Quay အနီးတွင် တည်ရှိပြီး၊ nightlife ကို စိတ်ဝင်စားသော ခရီးသွားများအတွက် စိတ်ကျေနပ်မှုရှိစေမှာ ဖြစ်ပါတယ်။ သို့သော် အခန်းအကျယ်အဝန်းမှာ အနည်းငယ် ကျဉ်းပါတယ်။  ဟိုတယ်တွင် ရေကူးကန်ရှိပြီး, buffet breakfast လဲ ပါဝင်တာကြောင့် budget ဟိုတယ်အနေနဲ့ မဆိုးဘူး ပြောလို့ရပါတယ်။ လိုအပ်သော အခြေခံဝန်ဆောင်မှုများကိုတော့ အပြည့်အဝ ရရှိနိုင်မှာဖြစ်ပါတယ်နော် ။

Estimated Room Rates 

​1.​Ibis Budget Singapore Imperial: Around SGD 120 – 160 per night

​2.​Ibis Budget Singapore Bugis: Around SGD 100 – 150 per night

​3.​Ibis Budget Singapore Selegie: Around SGD 110 – 140 per night

​4.​Ibis Singapore on Bencoolen (formerly Ibis Gold): Around SGD 140 – 180 per night

​5.​Ibis Budget Singapore Clarke Quay: Around SGD 120 – 160 per night

Read Our Articles:

Singapore Budget Hotels

ဖော်ပြပါ Budget ဟိုတယ် များသည် ဈေးနှုန်းသင့်တင့်မှုရှိပြီး သန့်ရှင်းသပ်ရပ်သောနေရာများတွင် နေထိုင်လိုသော ခရီးသွားများအတွက် ရွေးချယ်စရာ Hotel ကောင်းများဖြစ်ပါသည်။ 

  • Agoda သို့မဟုတ် Klook မှတဆင့် ဟိုတယ်များကို ကြိုတင်ရှာဖွေပါ။  – last minute deal or discount များ ရရှိနိုင်ပါတယ်။
  • Hawker Center များတွင်စားပြီး Public Transport အသုံးပြုပြီး လည်ပတ်ပါ – ဈေးတန်ပြီး စင်္ကာပူကို စုံလင်စွာခံစားနိုင်သော နည်းလမ်းဖြစ်ပါတယ်။
  •  GetYourGuide သို့မဟုတ်  Klook မှတဆင့် ခရီးစဉ်များကို Book ပါ – solo travelers or budget travelers  တစ်ဦးတည်းခရီးသွားသူများအတွက် အဆင်ပြေပြီး ဈေးနှုန်းသင့်တင့်သော ခရီးစဉ်များကို ရရှိနိုင်ပါတယ်။

စင်္ကာပူဟိုတယ်စျေးသင့်ရှာဖို့အတွက် လိုက်နာသင့်တဲ့ အချက် (၄) ချက်ရှိပါတယ် –

  • 1️⃣ ဟိုတယ် comparison website တွေသုံးပါ
  • 2️⃣ MRT နီးနီးမှာနေရာရွေးပါ
  • 3️⃣ Promotion season ကို စောင့်ပါ
  • 4️⃣ Review စစ်ပါ

ခရီးသွားချင်သူတိုင်းအတွက် စျေးသင့်ပြီး အဆင်ပြေတဲ့ Singapore stay ဖြစ်လာဖို့မျှော်လင့်ပါတယ်။ တည်းဖူးတဲ့ဟိုတယ်တွေရှိရင်လည်း ဝင်ဆွေးနွေးပြီး အကြံပြုခဲ့လို့ရပါတယ်နော် 


Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *