Singapore မှ Batam သို့ တခေါက် (Batam Day Trip Guide)

Singapore မှ Batam သို့ တခေါက် (Batam Day Trip Guide) 

Batam လို့ပြောလိုက်တာနဲ့ Singapore ကနေ နေ့ချင်းပြန် အလည်ပတ်သွားလို့ကောင်းတဲ့ နေရာလေးတစ်ခုဆိုလည်းမမှားပါဘူး။ Local ရော Tourists တွေရော စင်ကာပူ ကနေ Batam ကို day trip သွားကြသလို တညအိပ်ခရီးစဉ်အနေနဲ့လည်း လည်ပတ်သွားကြပါတယ်။ အင်ဒိုနီးရှားကျွန်းစုထဲပါဝင်ပြီး spa တွေ ၊ယဉ်ကျေးမှုတွေနဲ့ အရသာရှိသော အင်ဒိုအစားအစာတွေကို ကြိုက်နှစ်သက်တဲ့ ခရီးသွားများအတွက် အကောင်းဆုံးလည်ပတ်ဖို့နေရာတစ်ခုပါပဲ။ ရှေးဟောင်း ဘုရားကျောင်းတွေ၊ စိတ်လှုပ်ရှားဖွယ်ရာ အပန်းဖြေဥယျာဉ်တွေလည်း များစွာရှိသလို များပြားတဲ့ လူဦးရေတွေကြားမှာ အရသာရှိတာတွေကိုမြည်းစမ်းဖို့ ဆိုင်ကောင်းတွေလည်း ရွေးတတ်ဖို့လည်းလိုပါဦးမယ်။  

ဒါပေမယ့် စိတ်မပူပါနဲ့။  Batam မှာ လည်ပတ်စရာတွေ၊ လုပ်ဆောင်ရမယ့်  Activities တွေ များပြားတဲ့အတွက် ဘယ်ကနေ စလုပ်ရမလဲ ဆိုတာ တစ်ခုစီပြောပြပေးသွားပါမယ်နော် .. 

Welcome to Batam

Batam ကိုသွားမယ်ဆိုလျှင် အဆင်ပြေဆုံး ခရီးတစ်ခုဖြစ်ဖို့ ပထမဦးဆုံး ဘာတွေ ပြင်ဆင်ရမလဲ ?

  • Check your Passport and Visa requirements: အနည်းဆုံး (၆) လ အထက် သက်တမ်းရှိသော Passport ဖြစ်ဖို့ လိုအပ်ပါတယ်။ Visa လိုအပ်သော နိုင်ငံမှ ဖြစ်ပါက ခရီးထွက်မည့်ရက် မတိုင်ခင် Visa ကြိုလျှောက်ထားရပါမယ်။ |( မြန်မာ နိုင်ငံသားများတွက်တော့ Visa မလိုအပ်ပါဘူး )။
  • Book your ferry tickets : Singapore နှင့် Batam ကို Batam fast ferry နှင့် Sindo Ferry တို့မှ ပြေးဆွဲပါတယ်။ Ferry လက်မှတ်တွေကို booking ကြိုလုပ်တာဖြစ်ဖြစ် ၊ Online ကနေ ဝယ်ယူတာဖြစ်ဖြစ် ပြုလုပ် နိုင်ပါတယ်။
  • Pack Accordingly:  Batam မှာ ရာသီဥတုဟာ ဘယ်လိုဖြစ်မယ် မသိနိုင်တဲ့အတွက် သင့်တော်မည့် အဝတ်အထည်များ ဖိနပ်များကိုစီစဉ်ပါ။ Suncream နှင့် Insect repellent အပြင် မိမိလိုအပ်နိုင်သော နေ့စဉ်သောက်ဆေးများကိုလည်း မမေ့ပါနဲ့။ 
  • Exchange Currency : Batam ၏ သုံးစွဲသော ငွေကြေးဟာ အင်ဒိုနီးရှား ရူပီး ဖြစ်ပါတယ်။ ခရီးမထွက်ခင်မှာ စင်္ကာပူဒေါ်လာများကို ရူပီးသို့ လဲလှယ်ထားပါ။  ဒါမှ မဟုတ်လည်း Batam ရောက်တဲ့အခါ ATM မှ ထုတ်ယူလို့လည်းရပါတယ်။ 
  • Purchase Insurance: ခရီးသွားအာမခံကြိုဝယ်ထားဖို့လည်းမမေ့ပါနဲ့။ မမျှော်လင့်ထားသော အခြေအနေတွေ၊ အရေးပေါ်ဆေးကုသမှုမျိုး လိုအပ်လျှင်၊ ခရီးစဉ် ဖျက်သိမ်းခြင်း (သို့) ရက်ရွှေ့ခြင်း ၊ ပျောက်ဆုံးလုယက်ခံရခြင်းတို့ အတွက် ကာကွယ်ပေးနိုင်တဲ့ အာမခံဖြစ်ပါတယ်။ 
  • Bring necessary documents: ခရီးသွားစဉ် လိုအပ်နိုင်သော စာရွက်စာတမ်းများကို အတူယူဆောင်သွားပါ။ Tickets ၊ Hotel Booking ၊ passport ၊ IDs ၊ travel insurance စသဖြင့်ကဲ့သို့ Documents များကို Copy ယူထားခြင်းဖြင့် မတော်တဆ ပျောက်ဆုံးခဲ့လျှင် အခက်ခဲမဖြစ်စေဖို့ အထောက်အကူပြုပါတယ်။
  • Download necessary apps : Batam တွင် သွားလာဖို့ လွယ်ကူအောင် Grab (သို့) Go-jek တို့လို Apps များကို Download လုပ်ပါ။ Currency exchange rate များကိုလည်း သိရှိနိုင်ဖို့ လိုအပ်သော Apps များကိုလည်း Download လုပ်ထားသင့်ပါတယ်။ 

Estimate Budget for the Batam day trip?

Singapore မှ Batam သို့ အလည်အပတ်ခရီးအသုံးစားရိတ်ဟာ သင့်ရဲ့ သွားလာမည့်ပုံစံနှင့် လုပ်ဆောင်မည့် Activities များ၊ စားသောက်စားရိတ်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။  သို့သော် ခန့်မှန်းလို့ရအောင် အချို့ကုန်ကျစားရိတ်များကို ဖော်ပြပေးထားပါတယ်__

Ferry Ticket : Singapore မှ Batam သို့ ferry ticket အတွက် SGD 20-50 အထိ ကွာခြားပါတယ် ။ ferry အချိန်နှင့် ရက်ပေါ်မူတည်ပြီး စျေးနှုန်းကွာခြားပါတယ်။ 

Transportation: Batam မှာ လည်ပတ်မည်ဆိုလျှင် Taxi ၊ Grab (သို့) ကားစင်းလုံးငှါးခြင်း မျိုးဖြင့် လည်ပတ်နိုင်ပါတယ်။ ကုန်ကျစားရိတ်ကတော့ သင်တို့ရွေးချယ်သည့် ပုံစံ အကွာအဝေးပေါ်မူတည်၍ SGD 20-50 ကြား ကျသင့်နိုင်ပါတယ်။ 

SIC Batam Day Tour : One -Day -Tour ဖြစ်ပြိး နေ့လည်စာပါဝင်ပြိးသားဖြစ်ပါတယ်။ SGD 95-120 ကုန်ကျနိုင်ပါတယ်။ စိတ်ဝင်စားလျှင် gosolox17@gmail.com သို့မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

Activities: သွားလည်မည့်နေရာပေါ်မူတည်ပြီး ကုန်ကျနိုင်ပါတယ်။ ဥပမာ : Golden City Theme Park သို့သွားလျှင် SGD 10-20 ကျနိုင်ပြီး Spa သွားလျှင် SGD 50 ခန့်ကျနိုင်ပါတယ်။ သင့်လည်ပတ်ချင်သော နေရာများနှင့် ကုန်ကျစားရိတ်များကိုတော့ ကြိုတင်လေ့လာထားတာ အကောင်းဆုံးဖြစ်ပါတယ်။ 

Food and Drink : အစားအစာများကတော့ စားသောက်မည့်ဆိုင်ပေါ်မူတည်၍ Street Food ဆိုလျှင် SGD 5 ခန့်သာကျပြီး Restaurants များတွင်ဆိုလျှင် SGD 20 အထက် မိမိ ရွေးချယ် သည့်ပေါ်မူတည်နိုင်ပါတယ် ။

Which Ferry is better to Batam ?

Batam ကိုသွားလျှင် စီးနင်းကြတဲ့ သင်္ဘောများမှာ အားသာချက် ၊ အားနည်းချက်များလည်းရှိတာမို့ ရွေးချယ် လို့ရပါသေးတယ် ..။ 

  • Batam Fast Ferry: Batam fast ferry သည် ယုံကြည်စိတ်ချရပြီး သင်္ဘောများသည်လည်း သန့်ရှင်းပြီး safety ဖြစ်ပါသည်။
  • Sindo Ferry: Tanah Merah Ferry Terminal မှ မကြာခဏ ထွက်ခွါပါတယ်။ VIP seats လည်းရွေးချယ်လို့ရပါသေးတယ်။
  • Majestic Fast Ferry : Harbour front Center နှင့် Tanah Marah Ferry Terminal မှ ထွက်ခွါပြီး စိတ်ကျေနပ်မှု ရရှိနိင်သော Service ကောင်းသည့် သင်္ဘောပဲဖြစ်ပါတယ်။ 
Batam Day Trip - Ferry

How Much Does It Cost to go to Batam from Singapore?

Batam ကိုသွားတဲ့ ကုန်ကျစားရိတ်ဟာ သင်ရွေးချယ်သော Transportation နှင့် Activities ပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။

Ferry ဖြင့်သွားပါက တစ်ဦးလျှင် တစ်ကြိမ်သွားကုန်ကျစားရိတ် SGD 20-40 ဝန်းကျင်ရှိပြီး သင်ရွေးချယ်သော Ferry ၊ Seats ဒါမှ မဟုတ် အခန်းပေါ်မူတည်ပါတယ်။ တချို့ Ferry Company များသည် Ferry Terminal သို့သွားလာရန်နှင့်ကျွန်းပေါ်တွငါ Activities များပါဝင်သည့် Package များကိုလည်း ကမ်းလှမ်းလေ့ရှိကြပါတယ်။  Batam မှာ Spa သွားခြင်း၊ Water Sports များ၊ ကျွန်းပေါ်အလည်ပတ် ခရီးစဉ်များစသည့် လုပ်ဆောင်ချက်များကို တစ်ဦးလျှင် SGD 20-100 ကြား မိမိ လုပ်ဆောင်ချက်ပေါ် မူတည်ပါသည်။ 

ယေဘုယျအားဖြင့် Singapore မှ Batam သို့ တစ်နေ့တာ ခရီးစဉ် တစ်ခုအတွက် တစ်ဦးလျှင် SGD 85-150 ဝန်းကျင်ကုန်ကျနိုင်ပြီး အကယ်၍ သင်သည် Batam တွင် နေထိုင်ရက်ပိုကြာတာနဲ့အမျှ ကုန်ကျစားရိတ်လည်း ပိုမိုများပြာရလာမှာဖြစ်ပါတယ်။ 

အကြံပေးချင်တာကတော့ အပြီးအစီးပါဝင်တဲ့ day tour package တခုလုံးကို GetYourGuide or Klook မှကြိုဝယ်ပြီး စိတ်မပူစရာမလိုပဲ batam ကို လည်ပတ်ဖို့ပဲဖြစ်ပါတယ်။ 

Batam သည် Safe ဖြစ်သလား ?

Batam မှာ ခရီးသွားများအတွက် အဓိက စိုးရိမ်စရာတစ်ခုက ခိုးယူမှုများဖြစ်ပါတယ်။ လူများပြားသော စျေးဝယ် Center များမှာ အထူးသတိထားရှိဖို့လိုအပ်ပါတယ်။ Passport နှင့် အဖိုးတန် ပစ္စည်းများကို သီးသန့် သိမ်းဆည်းပြီး အရေအတွက်များသော ငွေသားများကို သယ်ဆောင်ခြင်း အဖိုးတန် လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းကို သတိပြုရပါမယ်။

လိမ်လည်မှုများကိုလည်း သတိပြုသင့်ပါသေးတယ်။ Tour ခရီးစဉ်များကဲ့သို့ ကမ်းလှမ်းမှုများကိုလည်း သတိထားသင့်ပါတယ်။ Meter taxi များကိုအသုံးပြုသင့်ပြီး ရိုးရိုး Taxi မျာရ အသုံးပြုလျှင် သတိထားရပါမယ်။ Batam ၏ အခြေခံ ထုံးတမ်းများကို သိပြီး အာရုံထားဖို့လည်း အရေးကြီးပါတယ်။ ဝတ်စားဆင်ယင်ခြင်းများကိုလည်း ဂရုပြုသင့်ပြီး Public နေရာများမှာ အရက်သေစာ စောက်စားတာမျိုး မပြုသင့်ပါဘူး။ 

How to Get around Batam

  • Taxi – Apps များဖြင့်လည်း booking လုပ်နိုင်သော အဆင်ပြေသော စျေးသင့် သည့် Meter Taxi များကို အသုံးပြုနိုင်ပါသည်။
  • Private Car Rental – သူ့ကိုလည်း Online မှ ကြိုတင်၍ Booking ပြုလုပ်ထားနိုင်ပါသည်။ 
  • Motorbike Rental– Batam မှာ လူကြိုက်များသော Rental ဖြစ်ပြီး ကျွန်း၏ ဝေးလံခေါင်သီသောနေရာ များထိ ငှါးရမ်းနိုင်ပြီး ကုန်ကျစားရိတ်အားဖြင့် အနည်းငယ် သက်သာနိုင်ပါသည်။
  • Ferry – အကယ်၍ သင်က Bintan သို့ Karimun ကဲ့သို့ ကျွန်းများကို သွားရောက်လည်ပတ်လိုပါက Ferry ဖြင့် သွားရောက်နိုင်ပါသေးသည်။
  • Tour Packages– အကယ်၍ သင်က မိမိကိုယ်တိုင် မစီစဉ် လိုပါက Travel & Tour များ or GetYourGuide / Klook နှင့် ချိတ်၍ Packages များကို Booking ပြုလုပ်ပြီး လည်ပတ်နိုင်ပါသည်။ 
  • Public Transportation– Bus နှင့် Mini Bus များလည်း ရှိသည့်အတွက် Public Transportation ကို အသုံးပြုပြီး၍ လည်း လည်ပတ်နိုင်ပါသည်။
Klook.com

Nightlife in Batam 

Batam တွင် ညပိုင်းမှာ လည်ပတ်ဖို့ နေရာကောင်းတွေကတော့ 

  • Nagoya Entertainment District : Nagoya သည် လူကြိုက်များသော နေရာကောင်းတစ်ခုဖြစ်ပြီး Bar၊ Club များ ကာရာအိုကေများစုံလင်တဲ့အပြင် လူကြိုက်များသော Planet 1 ၊ B’ fashion Spa နှင့် Navigator Discotheque တို့လည်းရှိပါတယ် ။ 
  • Harbour Bay : Batam မှာ နောက်ထပ် လူကြိုက်များသော နေရာတစ်ခုဖြစ်ပြီး Bar နှင့် Restaurants များစုံလင်ပါတယ်။ illusion Bar ၊ Senhgigi Lounge နှင့် Nine Lives Bar တို့ဟာ နာမည်ကြီးကြပါတယ်။
  • Waterfront City: ထိပ်တန်းBar ၊ Club အများပြားရှိပြီး လူကြိုက်များသောနေရာများက The Dubliner Irish ၊ La Luna Sky Bar နှင့် Ice Bar တို့ဖြစ်ပါတယ်။
  • Batam Center: Batam ၏ အုပ်ချုပ်ရေးနှင့် စီးပွါးရေး စင်္ကြန်ဖြစ်ပြီး Bar နှင့် Club အနည်းငယ်ရှိပါတယ်။ Coyote Bae & Grill ၊ Amigos Karaoke နှင့် The Gallery Lounge တို့ဖြစ်ပါတယ် ။ 
  • Mega Mall : နာမည်ကြီး စျေးဝယ် Center တစ်ခု ဖြစ်ပြီးBeer Carden နှင့် Shakers တို့သည် နာမည်ကြီးကြပါတယ် ။

Batam မှာ ဘာတွေ စားကြမလဲ ?

အစားသောက်အစုံအလင်နဲ့ ကျော်ကြားတဲ့နေရာဖြစ်ပြီး ဒေသထွက်အစားအစာများနှင့် နိုင်ငံတကာအစားသောက်မျိုးစုံလည်းရရှိပါတယ်။Batam သွားရင် မြည်းစမ်းသင့်တာတွေကတော့ 

  • Seafood 
  • Sate
  • Nasi Padang
  • Bakso
  • Mie Goreng
  • Martabak ( Must try it)

ဒီ ဒေသစာတွေအပြင် တရုတ်၊ ကိုးရိယား၊ ဂျပန်နှင့် အနောက်တိုင်းအစားအသောက်တွေရရှိနိုင်တဲ့ ဆိုင်တွေလည်း အများကြီးရှိပါတယ် ။ သေချာတာကတော့ Golden Prawn Seafood Restaurant မှာ Chili Crab နဲ့ တခြား seafood တွေကိုလည်း အများကြီး စားခဲ့ကြပါဦးနော် .Singapore မှာဆို seafood က စျေးကြီးတယ်ဆိုတော့ 😖

Batam - Chilli Crab

Recommended Hotels in Batam?

Batam ကို အလည်ပတ်သွားတဲ့အခါမှာ တည်းခိုရန် အဆင်ပြေသော Hotels များကို ဖော်ပြပေးချင်ပါတယ်

တစ်ယောက်တည်း ခရီးသွားတွေအတွက်လည်း အဆင်ပြေနိင်သော  Hotels များဖြစ်ပါတယ်။

Fun Things to Do in Batam 

  • Visit Barelang Bridge : ဓါတ်ဖမ်းရတာ ကြိုက်ကြတဲ့သူများအတွက်ကတော့ .. Instaphoto တွေအကောင်းဆုံးနေရာဖြစ်တဲ့ Barelangတံတားဟာ ခရီးသွားများအတွက် ဆွဲဆောင်မှု ရှိသောနေရာဖြစ်ပါတယ် ။ ပင်လယ် ရှုခင်းများ လှပတဲ့အတွက် လူကြိုက်များသော နေရာတစ်ခုလည်းဖြစ်ပါတယ်။ rose ရဲ့မေမေနဲ့သူငယ်ချင်းတွေကတော့ တံတားကြီးနောက်ခံထားပြီး ပုံတွေ အများကြီး ရိုက်ခဲ့ကြသေးတယ်။ တံတားပေါ် ဓာတ်ပုံရိုက်မလားလာမေးတတ်တဲ့ သူတွေကိုတော့ သတိထားစေချင်ပါတယ်။ Free ရိုက်ပေးတာမဟုတ်ပဲ ရိုက်ပေးပြီးရင် ပိုက်ဆံတောင်းတတ်ကြတာမို့ပါ။ 
  • Visit the Ocarina Park: Batam ၏ အရှေ့ဖက် ကမ်းရိုးတန်းပေါ်ရှိ မိသားစုများအတွက် အပန်းဖြေဖို့နေရာကောင်းဖြစ်ပြီး၊ စိတ်ဝင်စားစရာကောင်းသော attraction များစွာ ရှိပါတယ်။ အပန်းဖြေဖို့ ရေကူးကန်၊ ပန်းခြံ ၊ ကစားကွင်း Ferris Wheel  နှင့်ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ပေးစွမ်းနိုင်သည့် amphitheater စသည်တို့လည်း ရှိပါတယ်။
  • Spend a day at Nongsa Beach : Nongsa ကမ်းခြေသည် Batam မှာ နာမည်ကြီးပြီး ကြည်လင်သော ရေ၊ ဖြူနုသော သဲကမ်းခြေနှင့် လှပသော နေရာတစ်ခုဖြစ်ပါတယ်။
  • Visit Taman Mini Indonesia Indah Batam : အင်ဒိုနီးရှားယဉ်ကျေးမှု အပေါ် စိတ်ဝင်စားသူများအတွက် လည်ပတ်သင့်တဲ့နေရာကောင်းတစ်ခုဖြစ်ပြီး ယဉ်ကျေးမှု သမိုင်းနောက်ခံနှင့် အမွေအနှစ်များ၊ ရိုးရာအိမ်များကိုပါ မြင်တွေ့နိင်မှာ ဖြစ်ပါတယ် ။
  • Explore Galang Island: Galang ကျွန်းသည်လည်း နောက်ခ့ သမိုင်းကျောင်းများကိုလေ့လာဖို့နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ Museum ၊ Memorial park တို့အပါအဝင် ခရီး သွားများအတွက် စွဲဆောင်မှုရှိသောနေရာကောင်းတစ်ခုဆိုလည်း မမှားပါဘူး။
  • Batam City Square or Nga Goya Shopping Mall: Shopping ထွက်ဖို့အတွက် အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ shopping ကော ရုပ်ရှင်ကြည့်တာပါ ပြုလုပ်နိုင်တဲ့ အတွက် တနေ့တာ အေးဆေး shopping ပြုလုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။

တခြား လည်ပတ်သင့်တဲ့နေရာတွေကတော့ —- 

  • Gold Coast Batam
  • Elite Adventure & Sea Spot
  • Watch the Kuda Lumping dance 
  • Golden City 
  • Dino Gate’s

ဒီနေရာတွေကိုလည်း မဖြစ်မနေ လည်ပတ် သင့်တဲ့နေရာတွေ ဖြစ်ပါတယ် နော်။ 

Maha Vihara Duta Maitrey ဘုရားကျောင်း

Batam ၏ Amparo ဒေသတွင် တည်ရှိသော ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ၄င်းဟာ ဗုဒ္ဓ ၏ ကြိးမားသော လက္ခဏာ၊ လှပသော ပန်းခြံများနှင် အေးချမ်းသော ပတ်ဝန်းကျင်အလှကြောင့် လူကြိုက်များလည်ပတ်ကြသော နေရာတစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ ဘာသာရေး အဆောက်အအုံများကို နှစ်သက်ကြသူများအနေဖြင့် သွားကိုသွားသင့်တဲ့ နေရာဖြစ်ပါတယ်။

Honest Review of Golden Prawn a seafood restaurant

Golden Prawn ဟာ Batam ကျွန်းမှာ တည်ရှိပြီး ခရီးသွားများ နှင့် ဒေသခံတို့အကြား လူကြိုက်များသော စျေးကွက်တစ်ခုဖြစ်ပါတယ်။ Golden Prawn မှာ လတ်ဆတ်သော ပင်လယ်စာမျိုးစုံများကို ရရှိနိင်ပြီး မိမိ အလိုရှိသော ပင်လယ်စာအရှင်များကို မှာယူမှသာ ချက်ပြုတ်ပေးသောနေရာဖြစ်ပါတယ် ။ ၄င်းမှာ လှပသော ပင်လယ်ရှုခင်း View နှင့် သဘာဝ ပတ်ဝန်းကျင်ကို ခံစားရင်း သုံးဆောင်နိုင်တဲ့အတွက် ခရီးသွားများအတွက် စွဲဆောင်မှု ကောင်းသော နေရာတစ်ခုဖြစ်ပါတယ် ။ 

Batam Day Trip - Golden Prawn
Batam Day Trip - Golden Prawn

Packing List

မဖြစ်မနေ ယူဆောင်ရမည့်အချက်တွေကို သေချာ စစ်ဆေးပါ —

  • Passport
  • Money
  • Sunscreen
  • Insect repellent
  • Comfortable clothing and shoes
  • Power bank/ Charger
  • Medications
  • Travel adapter: ဒါတွေကိုတော့ မဖြစ်မနေ ထည့်သွင်း ယူဆောင်သင့်ပါတယ် ။

ဒါကြောင့်  Batam ကို အလည်ပတ်သွားမယ် ဆိုလျှင် rose အကြံပေးထားတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ခရီးစဉ်စီစဉ်လို့ရပါတယ်။  ရန်ကုန်ကနေလာပြီး လည်ပတ်မယ်ဆိုရင်လည်း Batam ကို day trip လည်ပတ်ဖို့ အကြံပြုပါရစေ။ 

Visa free ရတဲ့ နိုင်ငံလည်းဖြစ်တာကြောင့် Batam ကို လည်ပတ်ခြင်းဟာ သူငယ်ချင်းတို့အတွက်  နောင်တ မရစေမယ့် ခရီးတစ်ခုလို့ ထင်ပါတယ် ။ Twin City ( Singapore & Batam ) ခရီးစဉ်ပဲဖြစ်ဖြစ် Batam Day trip ပဲဖြစ်ဖြစ် book လုပ်ချင်ရင် Rose တို့ကို ဆက်သွယ်လိုက်ပါနော် 

Batam ကို ခရီးသွားဖူးတဲ့သူတွေရှိရင်လည်း ကိုယ်သွားဖူးတဲ့အတွေ့ကြုံလေးတွေကို မျှဝေပေးကြပါဦး 🤓

ကဲ … So pack your bags, grab your passport and prepare for an unforgettable day trip to Batam.✈️

Read Our Articles:

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *