Sentosa ကျွန်း

Sentosa ကျွန်း – စင်္ကာပူ၏ပျော်ရွှင်စရာကျွန်းတစ်ခု

စင်္ကာပူ လို့ ပြောလိုက်တာနဲ့  “Sentosa Island” ဆိုတဲ့အမည်က မကြားဖူးတဲ့သူ မရှိပါဘူး။Sentosa ကျွန်းဟာ local ရော နိုင်ငံတကာခရီးသွားတွေကြား မလည်မဖြစ် နေရာတစ်ခုဖြစ်ပါတယ်။ စင်္ကာပူရဲ့ အထင်ကရအပန်းဖြေစရာနေရာတစ်ခုဖြစ်ပြီး လည်ပတ်စရာများစွာလဲရှိပါတယ်။ Rose နဲ့သူငယ်ချင်းတွေ တစ်နေ့တာ ဘယ်လိုတွေလည်ပတ်ကြမလဲ ကြည့်ကြရအောင်။ 

Tourist attractions တွေနဲ့ Singapore tours တွေကိုအဆင်ပြေပြေနဲ့ GetYourGuide / Klook တို့မှာ Book လို့ရသလို Rose တို့ Happy Steps ကနေလည်း စီစဉ်ပေးလို့ရပါတယ်။

Related Articles About Singapore

Sentosa ကို ဘယ်လိုသွားရမလဲ?

၁. MRT နဲ့ Sentosa Express

အရင်ဆုံး MRT ကို စီးပြီး HarbourFront Station (NE1/CC29) မှာဆင်းပါ။ HarbourFront Station က နာမည်ကြီး VivoCityShopping Mall မှာ တည်ရှိပါတယ်။ VivoCity Shopping Mall ရဲ့ ၃ လွှာထိတက်ပြီး, Sentosa Express ကနေပဲ Sentosa ကျွန်းကိုရောက်ပါတယ်။ Sentosa Express ကနေ Waterfront Station, Imbiah Station, နဲ့ Beach Station အထိ ခရီးလမ်း ၃ ခု ရှိပါတယ်။ Mono Rail   လက်မှတ်က round-trip ကို SGD 4 နဲ့ counter မှာ ဝယ်ယူလို့ရပါတယ်။ စျေးနှုန်းတန်ပြီး မြန်ဆန်ပါတယ်။

Klook.com

၂. Sentosa Boardwalk

လမ်းလျှောက်ရတာ နှစ်သက်တဲ့သူဆိုရင်တော့ VivoCityShopping Mall ရဲ့ Level 1 မှာရှိတဲ့ Sentosa Boardwalk ကနေ ကျွန်းကို လမ်းလျှောက်သွားနိုင်ပါတယ်။ Sentosa Boardwalk မှလမ်းလျှောက်ရင်း သဘာဝမြင်ကွင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

၃. Sentosa Cable Car

Cable car စီးတဲ့ အရသာကို ခံစားချင်လျှင် HarbourFront Tower II မှာရှိတဲ့ Mount Faber Line တို့မှ Sentosa Cable Car ကို စီးနိုင်ပါတယ်။ Cable Car စီးနေရင်း ဓာတ်ပုံလှလှလေးတွေလဲ ရိုက်နိုင်သလို ပင်လယ်ရဲ့ အလှ တွေကို ရှုမြင်ရမှာဖြစ်ပြီး၊ ImbiahLookout မှာ ဆင်းနိုင်ပါတယ်။

Sentosa Cable Car

၄. ယာဉ်ဖြင့် သွားရောက်ခြင်း

ကား, တက္ကစီ, နဲ့ Car Rental စတဲ့ယာဉ်အမျိုးမျိုးဖြင့်လည်းSentosa ကျွန်းကို သွားရောက်နိုင်ပါတယ်။

၅. ဘတ်စ်ကား

RWS8 ဘတ်စ်ကားကို VivoCity ၊ HarbourFront MRT Station မှာ ဆင်းပြီး Sentosa Island အတွင်း သို့ အရောက်ပို့ပေးပါလိမ့်မယ်။

Sentosa ကျွန်းအတွင်း တစ်နေ့တာ ဘယ်နေရာတွေ လည်ပတ်ကြမလဲ ? 

Universal Studios Singapore

Universal Studios Singapore သည် ကမ္ဘာကျော် ဇာတ်ကားများနှင့် ဂိမ်းများကို အခြေပြုထားသော အံ့ဖွယ်ကောင်းသော အပန်းဖြေစရာ Theme Park တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှနေရာများထဲ ရောက်သွားသလို ဂိမ်းများကို စုံလင်စွာကစားနိုင်ပါတယ်။ လူကြိုက်များသော Transformers Ride, Jurassic Park Rapids Adventure, နှင့် Battlestar Galactica Roller Coaster တို့ကို သူငယ်ချင်းတွေနဲ့အတူ စီးကြည့်ဖို့ recommend ပေးပါတယ်။

👉 အကြံပြုချက် – Express pass or  Fast Pass ဝယ်ထားပါ။ များသောအားဖြင့် Long Q လူအများကြီးဖြစ်တတ်ပါတယ်။ မနက်စောစော သွားရောက်လည်ပတ်တာ ပိုအဆင်ပြေပါတယ်။

Sentosa ကျွန်း - Universal Studio

S.E.A. Aquarium

ဒီ Aquarium ဟာ ကမ္ဘာ့အကြီးဆုံးတွေထဲကတစ်ခုဖြစ်ပြီး၊ ရေအောက်ကမ္ဘာ နှင့် ရေသတ္တဝါများအကြောင်းကို  လေ့လာနိုင်မှာဖြစ်ပါတယ်။ ကလေးတွေ မိသားစုတွေ အတူတူ သွားရောက်လည်ပတ်ကြရင်း Ocean Gallery မှာ ဓာတ်ပုံရိုက်ဖို့ recommend ပေးချင်ပါတယ်။ 

Klook.com

Sentosa Beaches

Singapore လို့ပြောလိုက်တာနဲ့ မရောက်မဖြစ် သွားရောက် သင့်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ Sentosa ကျွန်းရဲ့ လှပတဲ့ ကမ်းခြေများမှာ Siloso Beach, Palawan Beach, နှင့် Tanjong Beach တို့ ပါဝင်ပြီး၊ အနားယူစရာကောင်းတဲ့နေရာများဖြစ်ပါတယ်။ SilosoBeach မှာ ရေကူးခြင်း၊ outdoor and water activities များကို ပျော်ရွှင်စွာကစားနိုင်ပါတယ်။ Palawan Beach မှာ အနားယူပြီး Suspension Bridge ကို သွားရောက်ဖို့ လည်း အကြံပြု ပေးချင်ပါတယ်။ 

Sentosa ကျွန်း - Siloso beach

Adventure Cove Waterpark

Adventure Cove Waterpark မှာ မိသားစု နဲ့အတူ ကစားနိုင်ပြီး တစ်နေ့တာကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ပါသေးတယ်။

Madame Tussauds Singapore

Madame Tussauds Singapore သည် နာမည်ကြီး မင်းသားမင်းသမီးများ၊ နိုင်ငံတကာမှ နာမည်ကြီး လူပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့် ထင်ပေါ်ကျော်ကြားသူများ၏ ဇာတ်တူရုပ်ပွား wax များကို ပြသထားသည့် နေရာတစ်ခုဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ Cele များနှင့်အတူ ဓာတ်ပုံရိုက်နိုင်ပါတယ်။ Madame Tussauds ရှိ တစ်ခုတည်းသော ‘Spirit of Singapore’ boat ride ကို စီးပြီး စင်ကာပူရဲ့ unique နေရာတွေကို ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

Sentosa ကျွန်း - Madame Tussaud

Sentosa 4D Adventure Land 

4D ရုပ်ရှင်နဲ့ Virtual Reality အတွေ့အကြုံကို ပေးမယ့်နေရာတစ်ခုဖြစ်ပါတယ်။ သည်းထိပ်ရင်ဖို ရုပ်ရှင်တစ်ခုကြည့်ရှုနေရသလို ခံစားရမှာဖြစ်ပြီး ထူးခြားတဲ့လှုပ်ရှားမှုများနဲ့အတူ အံ့အားသင့်စရာကောင်းတဲ့ အတွေ့အကြုံကို ရရှိစေပါတယ်။ သူငယ်ချင်းတွေ စုပြီး သွားရောက်ကစားရင်း stress ဖြေဖို့ အကြံပြုပါရစေ။

Sentosa - 4D Adventure Land

Wings of Time

Wings of Time ကတော့ မိသားစုနှင့် အတူ ခံစားကြည့်ရှုဖို့ ကောင်းသော show တစ်ခုဖြစ်ပါတယ်။ 7.15pm and 8.15pm show time ၂ ချိန် ရှိတာမို့ ကြိုက်နှစ်သက်တဲ့အချိန် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

 Wings of Time Show


 Skyline Luge Sentosa

Skyline Luge Sentosa ဟာ adventure ကြိုက်နှစ်သက်သူများအတွက် အသင့်တော်ဆုံးနေရာတခုဖြစ်ပါတယ် ။ Sentosa ရဲ့ Cable Car နဲ့ SkyHelix ကတော့ ကျွန်းရဲ့ အမြင့်မြင်ကွင်းတွေကို ခံစားဖို့အတွက် အကောင်းဆုံနေရာတွေဖြစ်ပြီး၊ သည်းထိပ်ရင်ဖိုဖွယ် ခံစားချက်တွေနဲ့ အမှတ်တရအဖြစ် ခံစားလို့ရတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့နေရာဆိုလည်း မမှားပါဘူး ။

Sentosa Cable Car

Mount Faber ကနေ Sentosa ကျွန်းအထိ cable car စီးရင်း ခရီးစဉ်တစ်လျှောက် ပင်လယ်၊ မြို့ပြရဲ့ အဆောက်အအုံတွေ၊ ကျွန်းရဲ့ အံ့သြဖွယ် လှပတဲ့ ရှုခင်းတွေကို တွေ့မြင်နိုင်ပါတယ်။

Sentosa - Cable Car
Cable Car Ticketing counter

SkyHelix Sentosa

SkyHelix Sentosa သည် Sentosa ကျွန်းရဲ့ အလှကိုအမြင့်ဆုံးမီတာ ၄၀ ကျော်၊ ၃၆၀ ဒီဂရီပြည့် ရှုခင်းတစ်ခုကနေ ရင်သပ်ရှုမောစရာကောင်းတဲ့ Sentosa ရဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်ပါတယ်။

 Skyhelix - Group Photo

Sentosa ကျွန်းအတွင်း တစ်နေ့တာ လည်ပတ်ဖို့ အကြံဉာဏ်များ

အချိန်လုပ်ဆောင်ရန်အကြံပြုနေရာ
9:00 AMSentosa Express ဖြင့် သွားရန်HarbourFront – Sentosa
10:00 AMUniversal StudiosHollywood Zone, Sci-Fi City
1:00 PMညနေစာသုံးရန်Malaysian Food Street
2:00 PMS.E.A AquariumMaritime Experiential Museum
4:00 PMSkyline LugeSentosa Hill
5:30 PMPalawan BeachSelfie Spot
7:00 PMDinner + SunsetCoastes, Ola Beach Club

Free Things to Do in Sentosa 

Sentosa Boardwalk – အခမဲ့ ဝင်ရောက်နိုင်ခြင်း

Vivo City ကနေ Sentosa ကျွန်းကို ချိတ်ဆက်ထားတဲ့ Sentosa Boardwalk ကို လမ်းလျှောက်ဝင်နိုင်ပါတယ်။ Short Trekking ကြိုက်သူများအတွက် အဆင်ပြေပါတယ်။ 

Fort Siloso – သမိုင်းအကြောင်း သိသွားဖို့

Fort Siloso ဟာ Sentosa ကျွန်းရဲ့ သမိုင်းကြောင်းကို လေ့လာဖို့ အခမဲ့ ဝင်ရောက်လေ့လာနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစ်ဘက်နယ်မြေသမိုင်းကြောင်းများ၊ စစ်ဗိုလ်ကြီးအထိမ်းအမှတ် အဆောက်အဦများ၊ နောက်ဆုံးပေါ် ရုပ်ပြတိုက်များကိုလည်း ကြည့်ရှုနိုင်ပါတယ်။

Klook.com

Sentosa Nature Discovery 

သဘာဝအလှတွေကို အနီးကပ်ခံစား မှုရနိုင်မည့်နေရာ ဖြစ်သလို သစ်ပင်ပန်းခြံများ၊ နေရာလှလှပပများကို လမ်းလျှောက်ရင်း မိသားစုနဲ့အတူ quality time ရယူလို့ရမည့် နေရာတစ်ခုလည်းဖြစ်ပါတယ်။

Tips for Travelers

  • Sentosa Express Pass ကို online မှာ ကြိုဝယ်ပါ။ Additional Cost တော့အပိုထပ်ပေးရပါမယ်။
  • Sunscreen, Hat, Sunglasses ယူသွားပါ။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားပါ
  • Attractions Ticket များကို GetYourGuide / Klook မှာဝယ်လို့ ဈေးသက်သာပြီး Promotion ရနိုင်ပါတယ်။
  • အချို့နေရာတွင် e-Ticket စနစ်ဖြင့် ဝင်ခွင့်ရပါတယ်။

Our Recommed Hotels in Singapore

စျေးနှုန်းချိုသာတဲ့ ဟိုတယ်ရှာဖို့အတွက် အရမ်းလွယ်ကူတဲ့နည်းလမ်းကတော့ Agoda, Booking.com, Trip.com, Hotels.com စတဲ့ platform တွေကိုသုံးတာပါ။

Klook.com

My Thoughts

Sentosa ကျွန်းဟာ စင်္ကာပူခရီးစဉ်အတွက် မဖြစ်မနေသွားသင့်တဲ့နေရာဖြစ်ပြီး အပန်းဖြေခြင်း၊ စိတ်လှုပ်ရှားမှု၊ အမှတ်တရဓာတ်ပုံတွေ – အားလုံးကို တစ်နေရာထဲမှာရရှိနိုင်ပါတယ်။ အခမဲ့သွားလို့ရမယ့်နေရာတွေရှိသလို ဝင်ကြေးဖြင့် ဝင်ရောက်နိုင်တဲ့နေရာတွေရှိတာမို့ တစ်ခုချင်းစီက မတူညီသော အမှတ်တရ များစွာ ဖန်တီးပေးနိုင်မှာပါ။ ဒါကြောင့် သူငယ်ချင်းတို့ စင်ကာပူခရီးစဉ်ကို စီစဉ်ပြီဆိုတာနဲ့ Sentosa ကို ထည့်သွင်းပြီး Quality time ကို သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပျော်ရွှင်ဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။ 

Powered by GetYourGuide

Read Our Articles:

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *