Pulau Ubin ဟာ Pulau Tekong ၏ အနောက်ဘက်တွင်ရှိပြိး စင်္ကာပူနိုင်ငံ၏ အရှေ့မြောက်ဘက်မှာတည်ရှိသော ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ သဘာဝ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များ ပေါများသောနေရာတစ်ခုဖြစ်ခဲ့ပြီး စင်္ကာပူတွင် နောက်ဆုံးတွေ့နိုင်သော ကျေးလက်ဒေသရွာလေးတစ်ခုဖြစ်ပါတယ်။ မြို့ပြဘဝနဲ့ ခေတ္တကင်းကွာလိုသူများ၊ ဘဘာဝကို နှစ်သက်သူများနှင့် Hiking သမားများ အတွက် Pulau Ubin ကတော့လည်ပတ်ဖို့နေရာကောင်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးစိးခြင်း၊ လှေစီးကြခြင်း၊ ဒေသ အစားအစာများကို try လို့လည်း ရပါတယ်။
ဒါကြောင့် ခုတစ်ကြိမ် စင်္ကာပူကို အလည်သွားတဲ့အခါ Pulau Ubin နဲ့ Batam တို့ကို တစ်နေ့တာ ခရီးစဉ်အဖြစ် ထည့်သွင်းစဉ်းစားပြီး လှပတဲ့ကျွန်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေလိုက်ကြရအောင်။
Related Reading : Singapore မှ Batam သို့ တခေါက် (Batam Day Trip Guide)
Pulau Ubin, Singapore 508329
Website: Pulau Ubin
Operating hours: 9.00am – 5.00pm Chek Jawa Wetlands: 9.00am – 5.00pm
Pulau Ubin ကို ဘယ်လိုသွားမလဲ ??
Rose နဲ့ သူငယ်ချင်းတွေကတော့ ဒီပိတ်ရက်လေးမှာ cycling သွားဖို့ဆုံးဖြတ်ပြီး စင်ကာပူကနေ ဒီ day trip လေးကို စတင်လိုက်ပါတယ်။ Pulau Ubin ကိုသွားဖို့အတွက် တစ်ခုထဲသော နည်းလမ်းက Boat ဖြင့်သွားလို့ရပါတယ်။ Changi Point Ferry Terminal မှ Bumboat ဖြင့် သွားလို့ရပြီး 15 မိနစ်ခန့် စီးရပါတယ်။ အကယ်၍ သင်က စက်ဘီးယူဆောင်လာပါက အခကြေးငွေ အပိုပေးဆောင်ရပြီး ငွေသားဖြင့်သာ စီးနင်းခကို ပေးချေလို့ရပါတယ် ။
Klook.comနေ့စဉ် နံနက် (၆) နာရီမှ ည(၇) နာရီထိ သွားပြန်လို့ရပြီး Boat တစ်စီးမှာ ခရီးသည် (၁၂) ခန့် လိုက်ပါနိုင်ပြီး လူပြည့်မှသာ ထွက်ပါတယ်။ နောင်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ကတော့ ကုန်ကျစားရိတ်ပိုခံနိုင်လျှင် ပင်လယ်ကမ်းရိုးတန်းကနေ Pulau Ubin ကို private boat ငှါးစီးခြင်း (သို့) water taxi ငှါးစီးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ဒီရွေးချယ်မှုကတော့ ပိုစားရိတ်ကုန်ကျနိုင်ပြီး ကြိုတင်၍ Booking လုပ်ဖို့လည်း လိုအပ်ပါတယ်။
တစ်ခု သတိထားရမှာကတော့ Ferry gate ကိုရောက်ရင် ဓာတ်ပုံ / Video ရိုက်ခြင်းကို ရှောင်ရှားရမှာဖြစ်ပါတယ်။
Changi Point Ferry Terminal
Address: 51 Lorong Bekukong, Singapore 499172
Nearest MRT station: Tampines MRT Station
How to Get There: From Tampines MRT station exit D, hop onto Bus 29 from Tampines Bus Interchange to Changi Village Bus Interchange.
ကျွန်း၏ အချို့နေရာများတွင်သာ Mobile Data ရရှိတဲ့အတွက် မသွားခင်ကတည်းက Map ကို Download လုပ်ထားတာ ပိုကောင်းပါတယ်။
Getting Around in Pulau Ubin
Pulau Ubin ကိုရောက်တဲ့အခါမှာ Taxi စီးမလား ၊ စက်ဘီးစီးမလား ဒါမှ မဟုတ် လမ်းလျှောက်မလား ရွေးချယ်လို့ရပါတယ်။
Walking : ၁၀ စတုရန်းမီတာကျယ်ဝန်းသော ကျွန်းဟာ သေးငယ်တဲ့အတွက် ခြေလျင်လည်းသွားလို့ရပါတယ်။ တောဝက်၊ဖျံ၊ မျောက်နှင့် ငှက်များကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို တွေ့မြင်နိုင်မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
By Taxi : Taxi ဖြင့်လည်ပတ်မည်ဆိုပါက တစ်နာရီလျှင် သတ်မှတ်ထားသော နှုန်းထား အတိုင်း ငှါးရမ်းနိုင်ပါသည်။ များသောအားဖြင့် Taxi အများစုဟာ Minivans အမျိုးအစားများဖြစ်ပြီး လူ (၁၀)ဦးအထိ စီးနင်းနိုင်ပါတယ်။
By Bike : သင်ကိုယ်တိုင် စက်ဘီး စီးလိုပါက လည်း အလွယ်တကူငှါးနိုင်ပါတယ်။ စက်ဘီးဖြင့် လည်ပတ်ခြင်းက လမ်းလျှောက်ခြင်းထက် အနည်းငယ် ပိုအဆင်ပြေနိုင်ပြီး နေရာအတော်များများကို အနှံ့သွားနိုင်မှာဖြစ်ပါတယ်။
စက်ဘီးစီးသွားမည့်သူများကတော့ Deep slopes တွေနဲ့ကြုံနိုင်တာကြောင့် သေချာလေး စီးတတ်မှသာ သွားသင့်ပါတယ်။
Things to bring to Pulau Ubin
Pulau Ubin ကို အလည်ပတ်သွားမယ်ဆိုလျှင် ကျွန်းပေါ်မှာ အဆင်ပြေစေရန် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။
- စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းအတွက် သင့်လျော်သော သက်တောင့်သက်သာရှိသော အဝတ်အစားမျိုးဝတ်ဆင်ပါ။
- ခြင်များရှိတဲ့အတွက် Insect repellent ယူလာပါ။
- ပြင်းထန်သောနေရောင်ဓါတ်ကို ကာကွယ်ရန် Sunscreen နှင့် ဦးထုတ် ကို မဖြစ်မနေယူဆောင်လာပါ။
- ရေဓါတ်ပြည့်ဝနေစေရန် ရေများများသောက်ပါ။
- သက်တောင့်သက်သာရှိသော တောင်တက်ဖိနပ် မျိုးစီးရန်။
- Credit card ဖြင့်နေရာတိုင်းပေးချေ၍ မရနိုင်သဖြင့် ငွေသားလည်း ယူဆောင်သွားရန်။
- ကျွန်းပေါ်မှ အလှပများကို ရိုက်ကူးရန် Camera (သို့) ဖုန်း။
- မိုးကာအင်္ကျီ (သို့) ထီး ယူဆောင်လာရန်။
- ကျွန်းပေါ်မှာ ပျော်ပွဲစားထွက်မည်ဆိုလျှင် snacks များယူဆောင်လာရန်။
- အကယ်၍ ငါးမျှားဖို့ဝါသနာပါလျှင် ငါးမျှားတံ ယူဆောင်လာရန်။
- ပလတ်စတစ်အိတ် ကိုအမှိုက်ထည့်ရန်နှင့် အကယ်၍ မိုးရွာပါက သင့်၏အရာဝတ္ထုများရေမစိုစေရန် ယူဆောင်လာပါ။
Bicycle Rental in Pulau Ubin
Pulau Ubin မှာ စက်ဘီးအငှါးဆိုင်တွေရှိပြီး တစ်ရက်လျှင် SGD 10-15 ခန့်ဖြင့် စက်ဘီးငှါးနိုင်ပါတယ်။ စက်ဘီးအမျိုးအစားအပေါ်မူတည်ပြီး SGD 35 အထိ ကျသင့်နိုင်ပါတယ်။ သို့မဟုတ် ယခု Klookတွင် Booking ကြိုလုပ်ထားပြီး ဆိုင်မှာ Collect လုပ်လို့လည်း ရပါတယ်။
Rose နဲ့သူငယ်ချင်းတွေကတော့ Klook and GetYourGuide ကနေ ကြိုတင်ငှါးရမ်းပြီး စောင့်ဆိုင်းစရာမလိုပဲ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။
Pulau Ubin တွင် လုပ်ဆောင်ရမည့်အရာများ
Cycling
Pulau Ubin တွင် အကျော်ကြားဆုံးအရာကတော့ စက်ဘီးငှါးပြီး ကျွန်းကို လည်ပတ်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်းကိုရောက်တာနဲ့ စက်ဘီး ငှါးပြီး စတင်လည်ပတ်ကြဖို့ အကြံပြုချင်ပါတယ်။ မြို့ပြနဲ့မတူကွဲပြားသော ငှက်များ၊ တောဝက်များနှင့် မျောက်များ အပါအဝင် မတူညီသော တောရိုင်း တိရစ္ဆာန်များကိုကြည့်ရှုပြီး ကျွန်း၏ အေးချမ်းသာယာသော လေထုနှင့် အလှမှာ နှစ်မျော လိုက်ပါ။
Go Kayaking
ကျွန်း၏ အလှကို လည်ပတ်ကြည့်ရှုဖို့နောက် တစ်နည်းကတော့ Kayaking လှေ ငှါးခြင်းဖြစ်ပါတယ် ။ ကမ်းခြေအလှနှင့် ဒီရေတောများကိုဖြတ်၍ ဖျံများ၊ Kingfishers များ၊ hornbills နှင့် လင်းပိုင်များကဲ့သို့သော တောရိုင်းတိရစ္ဆာန်အမျိုးမျိုးကို တွေ့ရှိနိုင်ရန် အခွင့်အလမ်းရှိပါသေးတယ်။ Kayaking လှေကို စီးမယ်ဆိုလျှင်လည်း ဘိုကင် ကြိုလုပ်ထားဖို့ လိုအပ်ပါသေးတယ်။ Kayaking လှေစီးခြင်းက Pulau Ubin ၏ အနောက်တောင်ဖက် ကမ်းရိုးတန်းရှိ Pulau Ketam သို့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
Camping in Pulau Ubin
Pulau Ubin တွင် Camping ထွက်တာဟာလည်း ကျွန်း၏ သဘာဝကို ခံစားဖို့ စိတ်လှုပ်ရှားစရာ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ကျွန်း၏ အရှေ့ဘက်ခြမ်းတွင်ရှိသော Jelutong နှင့် Maman ကမ်းခြေ နှစ်ခု စလုံးတွင် Camping တွက်နေရာများရှိပါတယ်။ Camping နေရာများဟာ Toilets နှင့် Barbecue နေရာများလည်းရှိတဲ့အတွက် ပျော်ပွဲစားထွက်ဖို့ အခက်ခဲမရှိပါဘူး။
Fishing in Pulau Ubin
Pulau Ubin မှာ ငါးမျှားခြင်းဟာ ခရီးသွားတွေကြားမှာ ရေပန်းစားသော Activity တစ်ခု ဖြစ်ပါတယ်။ Jelutong သဲသောင်ပြင်ဆိပ်ခံတံတားနှင့် Mamam ကမ်းခြေကျောက်ဆောင်အပါအဝင် ကျွန်းပတ်ဝင်းကျင်နေရာအနည်းငယ်ဟာ ငါးမျှားရန်အတွက် အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။
ကျွန်းပေါ်မှာ ငါးမျှားရန် ငါးမျှားတံများကို ယူဆောင်လာပါက National Park website မှ ငါးမျှားခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ ဖမ်းမိနိုင်သော ငါး အမျိုးအစားနှင့် ငါးဖမ်းနည်းလမ်းများပေါ်တွင် ကန့်သတ်ချက်များရှိတာကိုလည်း သတိပြုရန် အရေးကြီးပါတယ်။
အကယ်၍ သင်ဟာ ငါးဖမ်းဖို့ အတွေ့ကြုံလိုချင်သူဆိုလျှင်တော့ Fishing Tour များကိုလည်း Join လို့ရတဲ့အပြင်၊ ဝါသနာပါသူ ၊ စတင် စမ်းကြည့်သူဆိုလျှင်တော့ Pulau Ubin ဟာ ငါမျှားဖို့နေရာကောင်းတခုဖြစ်ပါတယ်။
Try Local Delicacies
Pulau Ubin ဟာ အရသာရှိသော ပင်လယ်စာများနှင့် ဒေသအစားအစာများဖြင့် ကျော်ကြားသောနေရာလည်းဖြစ်ပါတယ်။ လက်မလွှတ်ပဲ မြည်းစမ်းသင့်သော အစားအစာများထဲတွင် Chilli Crab , Black Pepper Crab နှင့် Barbecued Stingrays တို့အပါအဝင်ဖြစ်ပါတယ်။ အဆိုပါ အစားအစာများကို ဒေသံခံစားသောက်ဆိုင်များတွင် မှာယူနိုင်ပါတယ်။
စားသောက်ဆိုင်များသည် ကျွန်း၏ အလယ်ဗဟိုတွင်တည်ရှိပြိး ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ သတ်မှတ်ချက်ရယ်လို့ မရှိပါဘူး။ Menu အပြည့်စုံ မလိုအပ်ဘူးဆိုလျှင်တော့ ရွာအလယ်ရှ်ိဆိုင်များတွင် စားသုံးနိုင်ပြီး သောက်ရေ အတွက် ရေဘူးသေးတဘူး သယ်ဆောင်လာပါက ရေကုန်သွားလည်း အလွယ်တကူ ပြန်ဝယ်ဖြည့်နိုင်ပါတယ် ။
- Maleh Cafe ( မလေးအစားအစာ၊ Halal Food)
- Cheong Lian Yune – ပင်လယ်စာ
- Sin Lam Huat – coffee ၊ ပင်လယ်စာ
- Season Live Seafood – ပင်လယ်စာ
ကျွန်းပေါ်တွင် ATM မရှိသည့်အတွက် ငွေသားပေးချေမှုသာပြုလုပ်ရပါတယ်။ ဒါကြောင့် အလည်ပတ်သွားတဲ့အခါ ငွေသားအလုံအလောက်ယူဆောင်သွားဖို့ မမေ့ပါနှင့်။
Visit the Rustic Village
Pulau Ubin Village မှာ လည်ပတ်ဖို့အတွက် နေရာကောင်းတစ်ခုဖြစ်ပြီး ကျေးရွာ၏ traditional way တွေက ရှေးခေတ်ကပုံစံလိုခံစားမှုပြန်ရစေပါတယ်။ ဒေသတွင်းမှ Temple ကိုလည်း လည်ပတ်နိုင်သလို ကျေးရွာတွင်းမှဆိုင်များနှင့်ကော်ဖီဆိုင်များမှာလည်း ထိုင်နိုင်ပါသေးတယ်။
Is Paula Worth Visiting?
Pulau Ubin ကို အလည်သွားဖို့အကြံပြုချင်တာကတော့ အဓိကက တော့ မြို့ပြနဲ့ ဝေးရာမှာ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ချင်သူတွေ။ တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် ကျွန်း၏ ဒီရေတော စတာတွေကို လေ့လာဖို့ ခြေလျင်ဖြစ်စေ၊ စက်ဘီးဖြင့်ဖြစ်စေ လည်ပတ်နိုင်ပါတယ်။ ထို့အပြင် Pulau Ubin မှာ စင်္ကာပူရဲ့ ရှေ့ခေတ်ကျေးရွာဘဝ ပုံစံကိုလည်း လေ့လာခွင့်ရစေပါတယ်။
ကျွန်းပေါ်မှာရှိတဲ့ကျေးရွာ( Kampungs) အချို့မှာ ယနေ့တိုင် အိမ်ထောင်စုတွေဟာ စားသောက်ရန်အတွက် လက်မှုလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတွေကို လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ အလည်အပတ်လာသူတွေဟာ ကျွန်းရဲ့ အသေးစားစားသောက်ဆိုင်တွေမှာ ဒေသ အစားအစာတွေ ၊ ပင်လယ်စာအသစ်တွေ၊ အုန်းရည်နှင့် အခြားအရသာရှိသောဟင်းလျာတွေကို မြည်းစမ်း ခံစားရမှာပါ။
စင်္ကာပူကနေ သူငယ်ချင်းတွေနဲ့ ပေါ့”ပါး” day trip တစ်ရက်ခရီးထွက်ဖို့စိတ်ကူးထားတယ်ဆိုလျှင် Pulau Ubin ကိုရွေးချယ်ခြင်းဟာ မှန်ကန်သော ဆုံးဖြတ်ချက်ပါ။
What is the best time to visit Pulau Ubin ?
Pulau Ubin ကိုသွားဖို့အကောင်းဆုံးအချိန်က မတ်လကနေ ဩဂုတ်လ အထိရှိတဲ့ Dry season ပဲဖြစ်ပါတယ်။ ဒီအချိန်က cycling နဲ့ trekking အတွက် လည်ပတ်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် စင်္ကာပူ၏ ရာသီဥတုက ရုတ်တရက်လည်း မိုးရွာနိုင်တာကို သတိပြုသင့်ပါတယ် ။ ထို့ပြင် စနေ၊ တနင်္ဂနွေနှင့် Public Holidays တွေမှာ လူများတတ်တာမို့ လူရှင်းတာကို နှစ်သက်လျှင် Monday to Friday ကြားထဲ သွားတာ ပိုအဆင်ပြေပါတယ်။
Do you need a passport for Pulau Ubin?
Pulau Ubin ဟာ စင်္ကာပူနိုင်ငံ၏ အစိတ်ပိုင်းတစ်ခုပင်ဖြစ်တဲ့အတွက်ကြောင့် အလည်ပတ်သွားရန်တွက် Visa (or) passport မလိုအပ်ပါဘူး။
Can we stay overnight at Pulau Ubin?
Yes, Pulau Ubin မှာ ညအိပ်လို့ရပါတယ်။ ကျွန်းပေါ်မှာ Campsites နှင့် Guesthouse များလည်းရှိပါတယ်။ တစ်ခုရှိတာက ကျွန်းပေါ်မှာ တည်ဆောက်ထားသော အဆောက်အအုံများဟာ အမြဲတမ်း သန့်ရှင်းရေးလုပ်ထားသော နေရာများမဟုတ်တဲ့အတွက် လိုအပ်နိုင်သော ပစ္စည်းတွေကို ကိုယ်တိုင်ယူလာဖို့တော့ ပြင်ဆင်ထားရပါမယ်။ ထို့ပြင် Campaign permits ကို National Parks website မှ ရယူနိုင်ပါတယ်။
Klook.comHow much does it cost to go to Pulau Ubin?
Changi Point Ferry Terminal ကနေ Pulau Ubin ကို Boat နှင့်သွားရပြီး တစ်ဦးကို SGD 4.00 ကျသင့်ပါတယ်။ Pulau Ubin ကိုရောက်တဲ့အခါမှာ စက်ဘီးငှါးခြင်း ၊ Camping နှင့် ကျွန်းကို လည်ပတ်ကြည့်ရှု့ခြင်း စသည့် Activities တွေရှိပါတယ်။ စက်ဘီးငှါးခသည် တစ်နေ့လျှင် (10.00 -15.00)SGD ဝန်းကျင်ဖြစ်ပြီး camping perကို တစ်ညလျှင် SGD 10.00 ဖြင့်ရယူနိုင်ပါတယ်။ ကျွန်းပေါ်မှာ စားသောက်ရန်အတွက် Snacks and Drinks များကို SGD 3.00 နှင့် 15.00 ဝန်းကျင် ဝယ်ယူနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် Pulau Ubin ကို တစ်ရက် ခရီးသွားလျှင် တစ်ဦးချင်စီအတွက် SGD 50.00 ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ( မိမိစားသောက်သော အစားသောက်နှင့် သင်လုပ်ဆောင်မည့် Activities ပေါ်တွင်တော့ မူတည်ပါသေးတယ်။)
ဒါကြောင့်အနှစ်ချုပ်အနေဖြင့် Pulau Ubin သို့အလည်ပတ်ခရီးဟာ စက်ဘီးဖြင့်လည်ပတ်ခြင်းကတော့ အကောင်းဆုံး activity လို့အကြံပြုချင်ပါတယ်။ ကျွန်းပေါ်မှာ ရှိသောအလှအပတွေ မြင်ကွင်းတွေအတွက် biking trails လည်းရှိပါတယ်။ စင်္ကာပူကိုရောက်တဲ့အခါ Pulau Ubin ကိုသွားလည်ဖို့တော့ လုံးဝ မမေ့ပါနဲ့။
ရောက်ဖူးတဲ့ သူတွေရှိရင်လည်း ဝင်ရောက်ဆွေးနွေးနိုင်သလို ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်း ဝင်ရောက်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်နော်..
Read Our Articles:
- Twin cities, one journey — uncover culture, cuisine, and exploreMy Suggestion
- စင်္ကာပူဟိုတယ်စျေးသင့်
- စိတ်ဝင်စားဖွယ်ရာ အန်ဂေါဝတ် နှင့် ကမ္ဘောဒီးယားသို တစ်ခေါက် (Siem Reap Travel Guide) – GoSoloX
- Hotel Faber Park Review – တန်ဖိုးရှိမှုနှင့် ဝန်ဆောင်မှုအခြေအနေ
- ဖိလစ်ပိုင် အလည်မသွားခင် ကြိုပြင်ဆင်
- Top Tourist attractions in Singapore: Book with GetYourGuide
- Sentosa Day Trip: Madame Tussauds Singapore Guide
- Carlton Hotel Singapore Review: A Luxurious Stay
- Top Solo Travel Destinations for Women in Asia & the USA
- Things to do in San Francisco: Solo Travel Guide
- Cambodia Travel Guide for Solo Travelers – Essential Tips & Tours
- Top Solo Travel Destinations for Women in Asia & the USA