4* ဟိုတယ် တခုဖြစ်ပြီး Mount Faber ရဲ့ အလှတရားကို ခံစားနိုင်သလို မြို့ပြနဲ့ ဝေးရာမှာ အပန်းဖြေချင်တဲ့သူတွေအတွက်တော့ နေရာကောင်းလေး တစ်ခုဖြစ်ပါတယ်။ မိသားစု / သူငယ်ချင်း များနဲ့ staycation သွားနိုင်သလို international travelers တွေအတွက်လည်း သင့်တင့်တဲ့ စျေးနှုန်းတဲ့ တည်းခို နိုင်ပြီး Sentosa နဲ့ နီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
Rose ကတော့ တိတ်ဆိတ်ပြီး မြို့နဲ့ ဝေးရာမှာ အနားယူရတာ ကြိုက်တဲ့သူမို့ staycation ကို ၂ ခါလောက် လာတည်းဖူးပါတယ်။ Honest Hotel review လေးတွေ ပေးရင်း Good and Bad Points ကိုလဲ sharing လုပ်သွားပေးပါဦးမယ် ။
ဘာဝန်ဆောင်မှု တွေရနိုင်မလဲ ဆိုရင်တော့:
•Swimming Pool:
ဟိုတယ်မှာ နေရင်း Rooftop swimming pool မှာ အပန်းဖြေနိုင်ပါတယ်။ အရမ်းကြီးတော့ မျှော်လင့်ထားလို့မရပါဘူးနော်။ Kid pool သီးသန့်ခွဲထားတာတော့ မရှိပါဘူး။
- Fitness Center: ဟိုတယ် facilities ထဲမှာ ပါတယ်ဆိုပေမဲ့လည်း expectation ကတော့ သာမန်ပဲဖြစ်ပါတယ်။
- Dining Options: မနက်စာကို continental Buffet ကို ပြင်ဆင်ပေးထားပါတယ်။ Rose အနေနဲ့ကတော့ ကျေနပ်မှုရှိပါတယ်
- Singapore Laksa ကိုတော့ try ကြည့်သင့်ပါတယ်။ Buffet area ကတော့ တခြားဟိုတယ်တွေနဲ့ ယှဉ်ရင် ကျဉ်းတယ်လို့ပြောလို့ရပါတယ်။
- Complimentary Wi-Fi: ဟိုတယ်အတွင်း အခမဲ့ Wi-Fi ကို အသုံးပြုနိုင်ပါတယ်။
- Rooftop ရေကူးကန်ကတော့ မိသားစု တွေ staycation သမားတွေအတွက် အထူး enjoy လုပ်လို့ရမဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
- Shuttle Service: မရှိပါဘူး
- Laundry service: Long stay သမားတွေ အတွက်တော့ $8 one time washing and laundry service ရရှိနိုင်ပါတယ်။

ဘယ်လို အခန်းအမျိုးအစားတွေ ရှိမလဲ ? :
Hotel တွင် အခန်းပေါင်း 194 ခန်းရှိပါတယ်။
Superior အခန်းများ
Superior Room, Twin….. ၉၈ ခန်း
Superior Room, Double….. ၇၇ ခန်း
ချစ်စရာကောင်းပြီး modern ဒီဇိုင်းများဖြင့် ဖန်တီးထားသော အခန်းများသည် သင့်တောင့်သက်သာ ဖြစ်စေမှာ အမှန်ပါပဲ။ အကျယ် – ၁၅ မီတာရော(၁၆၁ စတုရန်းပေ) ရှိပါတယ်။ အိမ်သာ နဲ့ ရေချိုးခန်း သီးသန့် ခွဲထားပေးပြီး Refill water လည်း ရရှိနိုင်ပါတယ်
Superior Room, Triple
အခန်းတိုင်းတွင် သဘာဝရဲ့ အလှအပများကို မြင်နိုင်စေပြီး၊ အခန်းကနေ ဆိပ်ကမ်းရဲ့ ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။ အကျယ် – ၂၀ မီတာရော(၂၁၅ စတုရန်းပေ)။
Deluxe အခန်းများ
Deluxe Room, Twin
Deluxe Room, Double
Mount Faber ရဲ့ လှပသော သဘာဝအလှကို ရှုမြင်ခံစားနိုင်ပြီး Minibar နဲ့ Nespresso ကော်ဖီစက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အကျယ် – ၁၈ မီတာရော(၁၉၃ စတုရန်းပေ) ရှိပါတယ်။
Deluxe Room, Balcony….. ၁၂ ခန်းရှိပါတယ်။ Rose ကတော့ သူငယ်ချင်းတွေနဲ့ staycation သွားတိုင်း Balcony ပါတဲ့ အခန်းကိုပဲ book ပါတယ်။ ညဘက်မှာ city view or Mount Faber ကို ခံစားရင်း သူငယ်ချင်းတွေနဲ့ လေညှင်းခံ စကားပြောရင်း ညနေခင်း အရသာကို အပြည့်အဝ ခံစားလို့ပဲ ဖြစ်ပါတယ်။Minibar, Nespresso ကော်ဖီစက် နှင့် နေရာကျယ်ပြန့်သော balcony တို့ပါဝင်သည်။ အကျယ် – ၂၃ မီတာရော(၂၄၇ စတုရန်းပေ)ရှိပါတယ်။

ဘယ်လိုသွားကြမလဲ.. ?:
Faber Park ဟိုတယ်သည် Telok Blangah (CC28) နှင့် HarbourFront (NE1/CC29) ဆိုတဲ့ MRT ဘူတာနှစ်ခုအကြားတည်ရှိပြီး၊ အပြင်ဘက်မှာဘတ်စ်ကားမှတ်တိုင်လည်း ရှိပါသည်။ အရမ်းသွားလာရ လွယ်ကူပြီး Keppel Island, Mount Faber, VivoCity, နှင့် Sentosa စတဲ့ နာမည်ကြီး လည်ပတ်စရာနေရာများကို လွယ်ကူစွာ သွားလို့ရပါတယ်။
- Mount Faber Station မှ အပြင်ဘက်မှာရှိတဲ့ Cable Car တစ်ခုကို စီးပြီး Sentosa ကျွန်းသို့ လည်း သွားရောက်နိုင်ပါသည်။
- VivoCity သို့: Faber Park Hotel မှ public bus များ သို့မဟုတ် MRT ဖြင့် VivoCity Shopping Mall သို့လည်းသွားရောက်လည်ပတ်နိုင်ပါသည်။
အနီးတဝိုက် လည်ပတ်စရာများ:
•Mount Faber Park: Faber Park Hotel ရဲ့ အနီးအနားမှာရှိတဲ့ ပန်းခြံကြီးက စိတ်ပန်းဖြေစေတဲ့ သဘာဝအလှကို ခံစားနိုင်စေပါတယ်။ သစ်ပင်များနှင့် လှပသော မြင်ကွင်းများအပြင်၊ Henderson Waves လမ်းလျှောက်ရာတွင် ရှုခင်းအလှများကိုလည်း လှမ်းကြည့်နိုင်ပါတယ်။
•Sentosa Island: Faber Park Hotel မှ စင်္ကာပူရဲ့ ကျော်ကြားသော သင်္သာကျွန်းကို အလွယ်တကူ ရောက်ရှိနိုင်ပါသည်။ သင်္သာကျွန်းတွင် Universal Studios Singapore, S.E.A. Aquarium, နေရောင်ထိန်းသိမ်းခြင်း နှင့် ဆက်စပ်တဲ့ လေ့လာစရာ နေရာများရှိပြီး အခြားသော အတိတ်အချိန်အထိမ်းအမှတ် နေရာများလည်း လည်ပတ်နိုင်ပါသည်။
•Vivo City: Faber Park Hotel မှာနေရင်း မိစားစု / သူငယ်ချင်းတွေနဲ့ အတူ Sentosa ကိုလဲ လည်ပတ် နိုင်သလို VivoCity မှာလဲ shopping ထွက်ရင်း အချိန် ကုန်ဆုံးလို့ရပါတယ်။ Vivo shopping mall မှာဆို စားသောက်ဆိုင် / food courts နဲ့ branded shops တွေလဲ အများကြီးရှိပါတယ်။ ဈေးဝယ်ချင်သူများအတွက် Shopping Center သည် မိမိအချိန်အပြည့်အဝအသုံးချနိုင်သော နေရာတစ်ခု လည်း ဖြစ်ပါတယ်။

Faber Park Hotel ကို ဘယ်လို booking တင်ရမလဲ ?
448 Telok Blangah Road, 099593 SINGAPORE, Singapore
TEL (65) 6371 3883
Website : Hotel Faber Park Singapore – Handwritten Collection – ALL
RSV (65) 6251 1555
E-MAIL CONTACT@HOTELFABERPARK-SINGAPORE.COM |
မှန်ကန်တဲ့ Hotels တွေရွေးချယ်တတ်ခြင်းဟာလည်း မိမိရဲ့ ခရီးသွားခြင်းအတွေ့အကြုံ နဲ့ မိသားစု quality time ကို ပိုမိုပြီး တိုးတက်စေပါတယ်။ Rose အနေနဲ့ကတော့ ဒီဟိုတယ်လေးကို personally ကြိုက်ပါတယ်။ City Center နဲ့ ဝေးရာမှာ နေချင်ပြီး တိတ်ဆိတ်မှုကို ကြိုက်တဲ့ သူတွေအတွက်ကတော့တကယ့်ကို အပန်းဖြေစရာ နေရာကောင်း တစ်ခုဖြစ်ပါတယ်။
ဟိုတယ်တွင်းရှိ စားသောက်ဆိုင်၊ ဘား၊ နှင့် Rooftop ရေကူးကန်တို့ဟာလည်း မိမိတို့ကို ဆွဲဆောင် နေမှာဖြစ်သလို Mount Faber view နဲ့ ရှုခင်းများကြောင့်မဖြစ်မနေ တည်းသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ် လို့ Recommend ပေးချင်ပါတယ်။