Asia Solo Travel Hostels: Asia မှာ Solo Travelers များအတွက် အကောင်းဆုံး Hostels များ

Asia Solo Travel Hostels: Asia မှာ Solo Travelers များအတွက် အကောင်းဆုံး Hostels များ

Asia solo travel hostels ကိုရှာနေတဲ့ Solo travelers များအတွက် Asia မှာ လုံခြုံပြီး စျေးသက်သာတဲ့ Hostels များကို ဒီ article မှာ စုစည်းဖော်ပြထားပါတယ်…

Solo သွားခြင်းဟာ မိမိသွားမည့် ခရီးစဉ်တလျှောက်လုံး လုံခြုံရေး၊ ဆက်သွယ်ရေး တခြားလိုအပ်မည့်အရာများ၊ မိမိသွားမည့်နေရာ၏ information ၊ အဝတ်အစား၊ ဆေးဝါးနှင့်တကွ လိုအပ်နိုင်မည့် အချက်များကိုပါထည့်သွင်းစဉ်းစား ပြင်ဆင်သွားသင့်ပါတယ်။  မိမိသွားမည့် နိုင်ငံ၊ ဒေသက Safe ဖြစ်သလား ? မိမိ မှန်းထားသလို အခြေနေမျိုး မဖြစ်သည့်အခါတွင်လည်း ဘယ်လိုချက်ချင်းဆုံးဖြတ်ချက်ချမလဲ ဆိုတာက Solo တွေအတွက် အရေးကြိးသော အချက်ပါပဲ။ ဒါကြောင့်  ပထမဆုံး Solo သွားမည့်သူများအတွက် ခရီးစဉ်အစ/ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရဖြစ်သော ခရီးစဉ်တခုဖြစ်စေရန် ပြင်ဆင်ဖို့ အရမ်းအရေးကြီးပါတယ်။ 

Klook.com

Solo ခရီးသွားမည့်သူတွေ အတွက် Hostels တွေကိုရွေးချယ်ကြတာဟာ ဝါသနာတူတွေနဲ့ဆုံတွေ့ဖို့အခွင့်အလမ်းကောင်းလည်းဖြစ်ပါတယ်။  Hostels တွေဟာ Budget save လည်းဖြစ်တယ်၊ အခန်းဖော်တွေနဲ့လည်း မိတ်ဖွဲ့လို့ရတဲ့အတွက် တည်းခိုဖို့နေရာတခုဆိုတာထက်ကိုပိုပါတယ်။ Solo Travelers များအတွက် Asia မှာရှိတဲ့ Save (budget friendly) ဖြစ်ပြီး Rating ကောင်းတဲ့ Hostels များကို ဖော်ပြပေးသွားပါမယ်နော်

ဘယ်လို ဟိုတယ်တွေကို ရွေးချယ်သင့်လဲ?

 အကြံပြုချက်အနေနဲ့ ကောင်းမွန်သင့်တော်တဲ့Budget ဟိုတယ်များကို ရွေးချယ်စီမံတတ်ဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်သွားမည့် Travel Date ကို သိတာနဲ့ အခန်းတွေကို ကြိုတင်စာရင်းသွင်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ခရီးသွားရာသီမှာ အခန်းတွေဟာ လျှင်မြန်စွာပြည့်တတ်တဲ့အတွက် သင့်တော်သည့်အခန်းတွေကို ရွေးချယ်ပြီးတာနဲ့  ကြိုတင် book ပြီးမှသာ စိတ်ချလက်ချ ခရီးသွားနိုင်ပါတယ်။

Rose ကတော့ ခရီးသွားဖို့ ပြင်ဆင်တိုင်း ဟိုတယ်ဆိုရင် Agoda , Tours တွေ join ဖို့ဆိုရင် Klook , Getyourguide , Viator တို့မှာ ဝယ်ယူပါတယ်.. အရေးကြီးဆိုးကတော့ ခရီးမသွားခင် သွားမဲ့နေရာတွေရဲ့ travelers’ review တွေကြည့်ဖို့က အရေးကြီးဆုံးပါပဲ ။ Rose ကတော့ Tripadvisor ကနေ reviews တွေကြည့်ပြီး သွားချင်တဲ့နေရာတွေကို ကြည့်ပြီး ခရီးစဉ်ကို အမြဲစီစဉ်ပါတယ်။  Budget Hotels / Hostels တွေကို စတင်ရှာဖွေနေစဉ်မှာ သင့်တော်သောနေရာတွေနှင့် ဝန်ဆောင်မှုတွေကို စီစစ်ပြီး ရွေးချယ်သင့်ပါသည်။

Tripadvisor - Travel Reviews

စာဖတ်သူများအတွက်  rose ခရီးသွားရာတွင် အသုံးပြုသည့် ကုမ္ပဏီများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

I prefer using these companies when I travel. They consistently provide the best deals, deliver exceptional customer service, offer great value, and outshine their competitors. These are the companies I frequently rely on, always serving as my initial go-to for travel deals.

Trip.com Official Site‎‎ | Travel Deals and Promotions
Klook Travel — Activities, tours, attractions
GetYourGuide — Tours & Attractions
Viator — Tours & Activities
Hotel Combined — Hotels & Hostel Bookings
Kayak: Compare & Save on Cheap Hotel Deals – HotelsCombined
Discover Cars: Best Car Rental Deals with Free Cancellation, Compare & Save! | Discover Cars
Agoda: Worldwide Hotel Booking 

သတိပြုရမည့်အချက်များ

1. အခန်းအကျယ်အဝန်း: အထူးသဖြင့် Budget Hotel များရဲ့ အခန်းအကျယ်အဝန်းမှာ ကျဉ်းမြောင်းမှု ရှိနိုင်သည့်အတွက် လူအများအပြားနေဖို့ အခက်အခဲရှိတတ်ပါတယ်။ ဒါကြောင့် မိသားစုတွေအနေနဲ့ အခန်းကျယ်တွေကို စဉ်းစားရွေးချယ်ဖို့လိုအပ်ပါတယ်။

2. Facilities and Services: Budget Hotel တွေမှာကတော့ အခြေခံဝန်ဆောင်မှုသာ ရနိုင်တဲ့အတွက် Expectation ကို အမြင့်ကြီး မထားသင့်ပါဘူးနော်။

3. သင့်တော်သောနေရာရွေးချယ်မှု: ခရီးသွားတွေအနေနဲ့ Convenient Location နဲ့ City Location ဖြစ်ဖို့လိုအပ်ပါတယ်။ MRT နဲ့ နီးပြီး သင့်တော်သောနေရာမှာရှိမှသာ ခရီးသွားတွေအနေနဲ့ လုပ်ဆောင်လိုတဲ့ အရာတွေကို အချိန်မဖြုန်းဘဲ လွယ်ကူစွာ ပြီးမြောက်နိုင်စေမှာပါ။

ဗီဇာ

For example , ဗီယက်နမ်ကို အလည်လာဖို့အတွက်ဆို ဗီဇာကြိုလျှောက်ဖို့မလိုပါဘူး။ မြန်မာနိုင်ငံသားတွေအတွက် ကင်းလွတ်ခွင့် ရက် ၃၀ ရလို့ အေးအေးဆေးဆေး လည်ဖို့ အချိန်လောက်ပါတယ်။( မှတ်ချက် ။ Vietnam ရဲ့ official immigration website မှာတော့ ၁၄ ရက်လို့ ကြေငြာထားပေမဲ့ ခုနောက်ပိုင်း ရက် ၃၀ ပေးနေပါပြီ)

Our Visa Service

လေယဉ်လက်မှတ်

Our Services

Our Services

1. The Yard Hostel – ဘန်ကောက်၊ ထိုင်းနိုင်ငံ

 ဘန်ကောက်မြို့လယ်မှာတည်ရှိတဲ့ The Yard Hostel ဟာ စည်ကားတဲ့နေရာမှာတည်ရှိနေတဲ့အပြင် နွေးထွေးပျူငှါတဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကြောင့် နာမည်ကြီးပါတယ်။ Hostel  မှာအသုံးပြုထားတဲ့ amenities တွေကလည်း အဆင်ပြေတဲ့အပြင် အရသာရှိသော အစားအသောက်တွေ ရရှိနိုင်မယ့် on-site cafe တခုလည်း ရှိပါတယ်။ Solo Travelers တွေ အတွက် Social Events (Movie Nights & Pub Crawls ) တွေ ပါရှိတဲ့အတွက် မိတ်ဆွေ တွေ တိုးနိုင်မယ့် အခွင့်အလမ်းပါပဲနော်။

2. Khao San Art Hotel – ဘန်ကောက် ၊ ထိုင်း

Khao San လမ်းအနီးမှာရှိတဲ့ Khao San Hostel ဟာဆိုရင် ဘန်ကောက်ရဲ့ Nightlife အလှနဲ့ ဆွဲဆောင်မှုရှ်ိတဲ့ ပတ်ဝန်းကျင်မျိုး Vibe ရရှ်ိတဲ့ နေရာမျိုးဖြစ်ပါတယ်။ သန့်ရှင်းခေတ်မှီတဲ့ အသုံးအဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင် Rooftop Bar လည်း ရှိပါသေးတယ်။ Solo Travelers တွေအတွက် Activities တွေ၊ Events တွေလည်း စီစဉ်ပေးတဲ့အတွက် မိတ်ဆွေသစ်တွေ အများကြီးရနိုင်တဲ့ နေရာကောင်းလေးတခုပါပဲ။

3. The Backpacker Hostel – တိုင်ပေ၊ ထိုင်ဝမ်

တိုင်ပေ မှာရှိတဲ့ Blackpacker Hostel ဟာလည်း Solo သမားများအတွက် လုံးဝ Perfect ဖြစ်တဲ့နေရာတခုပါပဲ။ Public Transportation တွေနဲ့ နီးတယ်၊ လည်ပတ်ဖို့အတွက် နေရာတွေနဲ့ အလှမ်းမဝေးတဲ့ အတွက် ရွေးချယ်သင့်ပါတယ်။ Hostel ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းမွန်ကြပြီး အသုံးဆောင်တွေလည်း ခေတ်မှီပစ္စည်းများပဲသုံးထားပါတယ်။ မိမိအတွက် Safe လည်း ဖြစ်ချင်တယ် မိတ်ဆွေ သစ်တွေလည်း ဖွဲ့ချင်တယ်ဆိုရင်တော့ တိုင်ပေမှာ လုံးဝ Enjoying ဖြစ်စေမယ့် စိတ်ချမ်းသာရမယ့် ဒီ Hostel ကိုရွေးဖို့ အကြံပြုချင်ပါတယ်။

4. Lud d Phuket Patong – ဖူးခက်၊ ထိုင်း

 ရင်သတ်ရှုမောဖွယ်အလှနဲ့ ဖူးခက်ကို အလည်ပတ်သွားမယ်ဆိုရင် Budget တွက် save ဖြစ်ဖို့ Lud d ကို ရွေးချယ်သင့်ပါတယ်။ ရေကူးကန်လည်းပါဝင်တဲ့အပြင် Hostel မှာ Bar လည်းရှိပါသေးတယ်။ Patong Beach အနီးမှာ တည်ရှ်ိပြီးတော့ SMA မွေထိုင်း ဝါသနာပါရင်လည်း အနီးနားမှာရှိပါသေးတယ်။ Night Market တွေနဲ့ Shopping Center တွေလည်း အနီးနားမှာရှိတဲ့အပြင် Street Food market တွေလည်း နေရာတိုင်းမို့ စားစရာရှာနေရမယ့်ပြသနာတော့ လုံးဝ မရှိစေရပါဘူးနော်။ 

5. Capsule Hostel – ကျိုတို ဂျပန်

ကျိုတိုမှာရှိတဲ့ Capsule Hostel ဟာလည်း မြို့တွင်း အချက်ချာကျတဲ့နေရာမှာတည်ရှိပြီး Shinjiku Subnade Shopping Mall နဲ့ 200m အကွာမှာတည်ရှိပါတယ်။ Public transportation နဲ့နီးတဲ့နေရာဖြစ်လို့ Budget save ဖြစ်ပါတယ်။ အနီးနားမှာလည်း Street Food ဆိုင်တွေ အများပြားရှိလို့ ရွေးချယ်စရာ အရသာ ပေါင်းစုံ စမ်းပြီးစားသောက်ချင်သူများအတွက်လည်း ကွက်တိပါပဲ။ Haneda Airport နဲ့လည်း 22km အကွာမှာတည်ရှ်ိပြီး အနီးနားမှာ အချက်ချာကျ လည်ပတ်စရာနေရာတွေတည်ရှိတဲ့အပြင် သန့်ရှင်းသပ်ရပ်သော Room တွေကြောင့် စိတ်ကျေနပ်မှု အပြည့်ရနိုင်မည့် နေရာပါပဲ။ 

6. The Roadhouse Hostel – ဂိုအာ၊ အိန္ဒိယ

 ဂိုအာကို အလည်သွားမယ်ဆိုလျင် safe ဖြစ်ပြီး Budget အရလည်း အဆင်ပြေ သန့်ရှင်းတဲ့အခန်းတွေနဲ့ Roadhouse hostel ကိုရွေးချယ်သင့်ပါတယ်။ beaches တွေနဲ့ နီးပြီး အခန်းပြင်ဆင်ပုံတွေကလည်း မြန်မာပြည်က အိမ်လေးတွေနဲ့ ဆင်တူပါတယ် ။  4- star ရထားတဲ့ hostel လေးဖြစ်ပြိး အတော်များများ ဧည့်သည်တွေ ရွေးချယ်သဘောကျကြတဲ့နေရာလေးဖြစ်ပါတယ်။ 

7. Sleepy Station Hostel – တိုကျို၊ ဂျပန်

တိုကျိုကိုသွားတဲ့အခါ Sleepy Station Hostel ကို​ရွေးချယ်ရင် မိတ်ဆွေတို့အိမ်က အိပ်ယာမှာအိပ်ရသလိုခံစားချက်မျိုးပေးနိုင်မှာပါ။ သန့်ရှင်းသပ်ရပ်ပြီး မွှေးပျံ နေတဲ့ အခန်းတွေက နှစ်ခြိုက်စွာအိပ်ပျော်စေပါလိမ့်မယ်နော်။ Asakusa Area မှာတည်ရှိပြီးတော့ solo တွေအတွက် Activities များ ၊ Games များလည်း ဆော့ရင်း မိတ်ဆွေသစ်တွေလည်းရှိကြအုန်းမှာပါ။ Shared bathroom တွေကလည်း လှပသန့်ရှင်းပါတယ် ။ စာဖတ်ချင်သူတွေအတွက် Lobby sitting area က စာဖတ်ရုံသာမက ဓါတ်ဖမ်းလို့ပါကောင်းတဲ့နေရာလေးတခုပါ

8. Green Mango Bungalows, Kampot, Cambodia – Siem Reap၊ ကမ္ဘောဒီယား

  Solo တွေကြား ရေပန်းအစားဆုံး အများဆုံးရွေးချယ်ကြတဲ့ Green Mango Hostel ဟာဆိုရင် နေရာထိုင်ခင်းကျယ်ပြန့်ပြီး သဘာဝကျတဲ့ ကျေးလက်ပတ်ဝန်းကျင် ကြောင့်အပန်းပြေစေတဲ့နေရာတခုပါပဲ။ ရေကူးကန် ၊ bar ၊ BBQ နဲ့ Activities တွေ ပါ လုပ်ဆောင်လို့ရတဲ့နေရာဖြစ်ပါတယ် ။ Angkor Wat Temple နဲ့အနီးနားတွင်ရှိတဲ့အတွက် အေးအေးဆေးဆေးလေ့လာပြီး အပန်းဖြေရန် နေရာကောင်းတခုပါပဲ။ 

9. Mad Monkey Hostel – ဖနွင်းပင်၊ ကမ္ဘောဒီးယား

 ဖနွမ်းပင်ကို အလည်သွားမယ်ဆိုလျင်တော့ Mad Money ကို​ရွေးချယ်ခြင်းဟာ ဘယ်တော့မှ နောင်တ ရမှာမဟုတ်ပါဘူး ။ ဖနွင်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ (၅)မိုင်အကွာမှာတည်ရှိပြီး solo နိုင်ငံခြားသားများအများဆုံး လာရောက် တည်းခိုကြသောနေရာဖြစ်ပါတယ်။ အထင်ကရ လည်ပတ်စရာနေရာများနဲ့ အနီးဆုံးတွင်တည်ရှိပြီး European Food, Traditional Food, တို့အပြင် သတ်သတ်လွတ်နဲ့ နို့ထွက်ပစ္စည်းမပါသော အစားအစာများလည်းရွေးချယ်စားသုံးနိုင်တာမို့ လူမျိုးဘာသာမရွေး တည်းခိုဖို့ အဆင်ပြေပါတယ်။

10. The Pod @ Beach Road Boutique Capsule Hotel – Kampong Glam၊ စင်ကာပူ

အရာရာစျေးကြီးတဲ့ Singapore ကိုအလည်ပတ်လာမယ်ဆိုရင် နာမည်ကြိးတဲ့ POD @ Boutique ကိုရွေးချယ်ဖို့မမေ့ပါနဲ့နော်။  MRT ( circle line , Downtown line , East west line ) တို့နဲ့ရောက်ရှိနိုင်ပါတယ်။ Singapore’s Arab Quarter နဲ့အနီးနားမှာတည်ရှိပြီး Bugis Junction Mall နဲ့ Bugis Village နဲ့ (၁၀) မိနစ် လမ်းလျှောက်သွားရုံနဲ့ရောက်ပါတယ်။ အခန်းတွင်းမှာ ဧည့်သည်တွေအတွက် Tower , bathroom သုံးပစ္စည်းများကို အားလုံး အခမဲ့ သုံးနိုင်တဲ့အပြင် Freebies မှာ Local Call ပါ ပါဝင်ပါသေးတယ် ။ 

အကယ်လို့ အားလပ်ရက်မှာ အနားယူရင်း အလုပ်ကိစ္စလုပ်ဖို့ လိုအပ်လာရင်လည်း Hotel ရဲ့ Business pod ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာလည်း English ဘာသာတင်မကပဲ Mandarin ၊ Cantonese ၊ Tamil နဲ့ Malay ဘာသာများကိုလည်း ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့အတွက် ဘာသာစကားအခက်ခဲ့ဖြစ်မှာလည်း စိတ်မပူရပါဘူးနော်။ 

Read Our Articles:

Solo travel Asia ကို စတင်မယ်ဆိုရင် Asia solo travel hostels တွေကို မှန်ကန်စွာရွေးချယ်တာက ခရီးသွားအတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါတယ်။  မှန်ကန်တဲ့ Hostels တွေရွေးချယ်တတ်ခြင်းဟာလည်း မိမိရဲ့ Solo ခရီးသွားခြင်းအတွေ့အကြုံကို ပိုမိုပြီး တိုးတက်စေပါတယ်။  Solo ခရီးသွားခြင်းဟာ တခြားသူတွေနဲ့ ချိတ်ဆက်ပြီး အတွေ့ကြုံတိုးစေတယ်၊ မိတ်ဆွေသစ်တွေရစေတယ်၊ ပေါင်းသင်းဆက်တံရေးလည်း တိုးတက်စေတယ်၊ ပြသနာများကိုလည်း တကိုယ်ထဲ ကောင်းကောင်းဖြေရှင်းနိုင်စေတယ်၊ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း တိုးတက်မှုရရှိစေပါတယ်။ ဒါတွေဟာလည်း ဘဝ အတွက် မှတ်တိုင်တွေ ဖြစ်လာသလို အမှတ်ရစရာ Memories တွေအဖြစ်လည်း အမြဲရှိနေမှာ အမှန်ပါပဲနော် ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *