စင်္ကာပူမှ မလေးရှားကို Day Trip ဘယ်လိုသွားရမလဲ လို့ တွေးနေတဲ့ သူတွေအတွက် ဂျိုဟိုး နေ့ချင်းပြန် ခရီးစဉ်လေးပါ။
Price – USD 55 per person ( အနည်းဆုံး လူ ၂ဦး)
Price – USD 28 per person ( အနည်းဆုံး လူ ၂ဦး)
တည်နေရာကတော့ ဂျိုဟိုးဟာ မလေးရှားကျွန်းဆွယ်ရဲ့ တောင်ဘက်စွန်းမှာရှိပြီး စင်ကာပူနဲ့ အနီးဆုံး မြို့ကြီးဖြစ်ပါတယ်။ စင်ကာပူမြို့ထပ် စားသောက်ကုန်၊ နေထိုင်ကုန်စရိတ်တွေ သက်သာတဲ့ မြို့ဖြစ်ပါတယ်။ စင်ကာပူကနေ ကားနဲ့ သွားလို့ရပြီး local တော်တော်များများလည်း ပိတ်ရက်တွေဆို အပန်းဖြေအနားယူဖို့သွားကြပါတယ်။ JPO လိုမျိုး Premium Outlet တွေအပြင် အခြား Mall တွေလည်း ပေါများတာကြောင့် ဈေးဝယ်ဖို့ အထူးကောင်းမွန်ပါတယ်။ အစားအစာ:ကတော့ မလေး၊ တရုတ်၊ အိန္ဒိယ အစားအစာတွေ အစုံရတဲ့နေရာတစ်ခု ဖြစ်ပြီးစျေးသက်သာပါတယ်။ Laksa နဲ့ Nasi Lemak တို့ကို မဖြစ်မနေ စားသုံးသင့်ပါတယ်။
Our Recommended Tour: မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် ဂျန်တင်းသို့ ၃ညအိပ် ၄ရက်အတွင်း အထင်ကရနေရာများကို ပို့ဆောင်ပေးမည့် ခရီးစဉ်
Tripadvisor Review: Check Here.
မလေးရှား (ဂျိုဟိုး) တစ်နေ့တာ ခရီးစဉ်
စင်ကာပူကနေ နေ့ချင်းပြန် သွားလို့ရတဲ့ ခရီးစဉ်လေးဖြစ်ပါတယ်။ Local တွေကတော့ ပိတ်ရက်တိုင်း JB ကိုသွားကြပါတယ်။
ဘယ်နေရာတွေလည်ပတ်မလဲ ?
ဒီ Tour လေးမှာ ဘာတွေပါလဲ ?
ဒီနေ့ရဲ့ ခရီးစဉ်ကတော့ စင်ကာပူ ကနေ မလေးရှား နိုင်ငံ Johor Bahru (JB) မြို့ကို ကုန်းလမ်းနဲ့ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ နိုင်ငံနှစ်ခုကို ချိတ်ဆက်ထားတဲ့ Cause Way လို့ခေါ်တဲ့ တံတားကြီးကနေ ဖြတ်သန်းရတာဟာ စိတ်ဝင်စားစရာ အတွေ့အကြုံပါ။ ဒီအစီအစဉ်မှာတော့ ကားသမားက ဟိုတယ်အထိလာရောက်ကြိုပြီးခရီးစဉ်ကိုစတင်မှာဖြစ်ပါတယ်။
- Border Crossing: နယ်စပ်ဖြတ်ကျော်ရာမှာ Passport နဲ့ Immigration Card ကို အဆင်သင့် ပြင်ထားဖို့ အရေးကြီးပါတယ်။ မနက်စောစော စထွက်ရင် ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ပါတယ်။
- Legoland Photo Stop: ကမ္ဘာကျော် LEGO အုတ်ခဲတွေနဲ့ တည်ဆောက်ထားတဲ့ Theme Park ရဲ့ အပြင်ဘက်မှာ ဓာတ်ပုံရိုက်ရပ်နားပါတယ်။ Legoland ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် တည်ဆောက်ခဲ့တဲ့ Legoland ဖြစ်ပြီး အာရှမှာ ပထမဆုံးပါ။
- Danga Bay & Sultan Palace: ကားနဲ့ ဖြတ်သန်းရင်း Danga Bay ကမ်းရိုးတန်းအလှနဲ့ Johor စူလ်တန်ဘုရင်ရဲ့ တရားဝင်စံအိမ်တော်ဖြစ်တဲ့ Istana Bukit Serene ကိုလည်း မြင်တွေ့ရမှာပါ။
- Handicraft Centre: မလေးရှားဒေသခံ Batik လိုမျိုး ရိုးရာလက်မှုပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေ ဝယ်ယူလေ့လာနိုင်ပါတယ်။
- Johor Premium Outlet (JPO): shopping ထွက်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီနေရာက shopping paradiseပါပဲ။ နာမည်ကြီး International Brand ပစ္စည်းတွေကို Discount ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ပါတယ်။
တနေလုံးလည်ပတ်ပြီးသွားရင်တော့ ညနေ ၅-၅:၃၀ လောက် စင်ကာပူသို့ပြန်လာမှာဖြစ်ပါတယ်။
Travel Tip: JPO မှာ ဈေးဝယ်မယ်ဆိုရင် ဘယ်ဆိုင်တွေကို ဦးစားပေးဝင်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားပါ။ ဆိုင်တွေများလွန်းတာကြောင့် ဝေခွဲမရဖြစ်တတ်ပါတယ်။
နယ်စပ်ဖြတ်ကျော်ခြင်း (Border Crossing Secrets)
- အရေးကြီးဆုံး: Passport ကို အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားပါ။ အပြင်သွားတဲ့အခါ Passport မိတ္တူ ကို ရိုက်ပြီး သီးခြားသိမ်းဆည်းထားပါ။
- Visa: ခရီးသွားမယ့် နိုင်ငံသုံးနိုင်ငံရဲ့ ဗီဇာ လိုအပ်ချက်တွေကို သေချာစစ်ဆေးပါ။ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်ချက်တွေက ပြောင်းလဲနေနိုင်ပါတယ်။
- Queue Time: စင်ကာပူ-ဂျိုဟိုး ကုန်းလမ်း နယ်စပ်ဟာ အထူးသဖြင့် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရနိုင်ပါတယ်။ မနက်စောစော သွားတာ အကောင်းဆုံးပါ။
မလေးရှားဗီဇာ အကြံပြုချက်
မလေးရှားကို အလည်သွားဖို့ ပြင်နေတဲ့သူတွေ ဗီဇာအတွက် ခေါင်းစားနေပြီလား? ၁၄ ရက် Visa နဲ့ ရက် ၃၀ Visa ဘာကွာလဲဆိုတာ အခုပဲ ပြောပြပေးမယ်နော်!
၁၄ ရက်ဗီဇာ : ခဏတဖြုတ်ပဲ သွားမယ့်သူတွေအတွက်ပါ …. မြန်မာနိုင်ငံသားတွေအတွက် ၁၄ ရက် Visa Free ရပါတယ်..
၃၀ ရက်ဗီဇာ (eVISA): အချိန်ပေးပြီး လည်ချင်သူတွေအတွက် … ရက် ၃၀ အထိ နေလို့ရပြီး ဗီဇာ ကြိုလျှောက်ဖို့လိုအပ်ပါတယ်..အခုနောက်ပိုင်း ကြာကြာနေမဲ့သူတွေ ဒါပဲ လျှောက်ကြတာများပါတယ်။
ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ (Documentation)
- Passport: သက်တမ်း ၆ လ ကျန်ရမည်
- Photo: အဖြူရောင်နောက်ခံ ဓာတ်ပုံ
- Flight Ticket: အသွားအပြန် လေယာဉ်လက်မှတ် (Confirmed)
- Hotel Booking: တည်းခိုမည့် ဟိုတယ်ဘိုကင်
- Bank Statement: (၃) လစာ ငွေအဝင်အထွက် – သိန်း ၃၀
- MDAC: ခရီးမထွက်ခင် ၃ ရက်အလိုမှာ အွန်လိုင်းကနေ ဖြည့်ရမည့် Arrival Card
မလေးရှား Immigration (လေဆိပ်) မှာ ဘာတွေ စစ်မှာလဲ
မလေးရှားလေဆိပ်ကို ရောက်တဲ့အခါ Immigration အရာရှိက အောက်ပါစာရွက်စာတမ်းတွေကို တောင်းကြည့်နိုင်ပါတယ် .. အကုန်လုံးကို Print ထုတ်ယူသွားဖို့ အကြံပြုပါတယ်ရှင့်။
- Passport: ဗီဇာပါတဲ့ ပတ်စပို့မူရင်း
- Visa Printout: eVISA သို့မဟုတ် eNTRI စာရွက်
- MDAC Confirmation: Arrival Card ဖြည့်ထားတဲ့ အထောက်အထား (Email သို့မဟုတ် Printout
- Return Ticket: မြန်မာနိုင်ငံကို ပြန်မယ့် လေယာဉ်လက်မှတ် (ဒါက အရေးကြီးဆုံးပါ)
- Show Money: ခရီးစဉ်အတွင်း သုံးစွဲဖို့ ငွေကြေးအလုံအလောက် ပါ၊ မပါ (အနည်းဆုံး ဒေါ်လာ ၅၀၀-၁၀၀၀ ခန့် သို့မဟုတ် မလေးရှားရင်းဂစ် ၃၀၀၀ ခန့် လက်ဝယ်ရှိဖို့ လိုအပ်နိုင်ပါတယ်)
- Hotel Address: တည်းခိုမည့်နေရာကို အတိအကျ ပြောနိုင်ရပါမယ် .. လေယာဉ်လက်မှတ်က အပြန် date နဲ့ ဟိုတယ် confirmation date က တူနေဖို့လိုအပ်ပါတယ်။
မလေးရှား immigration က ပိုကျပ်လာတဲ့အတွက် ဟိုတယ်ကို လှမ်းပြီး check တာတွေ ပိုများလာပါတယ်.. ဖြစ်နိုင်ရင် Hotel booking ကို for show အတွက်မဟုတ်ပဲ အတိအကျ ဖြတ်ထားဖို့လိုအပ်ပါတယ်။
Tip: မလေးရှားမသွားခင် ၃ ရက်အလိုမှာ MDAC ဖြည့်ဖို့ မမေ့ပါနဲ့။ မဖြည့်ရင် လေဆိပ်မှာ အခက်တွေ့နိုင်လို့ပါ!
Visa processing time ~ within 72 Hours
Corporate company ကြီးများအတွက်လည်း စာရွက်များပြင်ဆင်ခြင်း၊ တင်သွင်းခြင်းနှင့် Follow Up အထိ One-Stop Visa လမ်းကြောင်းအားလုံးကို ကျွမ်းကျင်တိကျစွာ စီမံဆောင်ရွက်နေပါတယ်ရှင့်…. ဒါကြောင့် ဘယ်နေရာကမဆို မလေးရှား ခရီးစဉ်ကို အခက်အခဲမရှိ စီစဉ်နိုင်ဖို့ ယခုပဲ Happy Steps Travel ဆက်သွယ်လိုက်ပါရှင့်။ လူကြီးမင်းများကို ကူညီပေးရန် အမြဲအသင့်ရှိနေပါတယ်ရှင့်။
Read more articles
- စိတ်ဝင်စားဖွယ်ရာ အန်ဂေါဝတ် နှင့် ကမ္ဘောဒီးယားသို တစ်ခေါက် (Siem Reap Travel Guide) – GoSoloX
- Hotel Faber Park Review – တန်ဖိုးရှိမှုနှင့် ဝန်ဆောင်မှုအခြေအနေ
- ဖိလစ်ပိုင် အလည်မသွားခင် ကြိုပြင်ဆင်
- စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide ) – GoSoloX
- Sentosa ကျွန်း – စင်္ကာပူ၏ပျော်ရွှင်စရာကျွန်းတစ်ခု
- Pulau Ubin သို့ တစ်နေ့တာ ခရီး – (Pulau Ubin Day Trip Guide 2025)
- (၄) ရက်တည်းနဲ့ အာရှ ၃ နိုင်ငံ (စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်) သုံးနိုင်ငံ ခရီးစဉ်
- ဟိုချီမင်းခရီးစဉ် – မြန်မာခရီးသွားအတွက် Budget-Friendly နေရာများ
- Asia Solo Travel Hostels: Solo Travelers များအတွက် Best Hostels
- ငွေဆောင်မှာ တည်းဖို့ – Hotel Lux Ngwe Saung review
- ငွေဆောင်ကမ်းခြေမှာ Chill ကြမယ်
- စင်္ကာပူဟိုတယ်စျေးသင့်
Contact Us:
Phone: +95 99588 67160 (Viber) / +95 94436 48511 (Viber)
Instagram: Happy Steps Travel
Email: hello@gosoloxtravel.com
Visit our website: www.gosoloxtravel.com
Happy Steps Travel – Your Trusted Global Travel & Visa Partner
Address: No. 145, Ground Floor, Aung Myittar Street (2), 1 Division, Hlaing Township, Yangon, Myanmar.