စင်္ကာပူ အကြောင်း

စင်္ကာပူကို Lion City၊ Garden City ( သို့ ) Little Red Dot လိုလည်း သိကြပြီး SEA အချုပ်အခြာအာဏာပိုင်သော မြို့ပြနိုင်ငံဖြစ်ပါတယ်။ အီကွေတာရဲ့ မြောက်ဘက် (၈၅)မိုင် အကွာတွင်တည်ရှိပြီး စတုရန်းမိုင် ( ၂၇၃ ) မိုင် သာရှိတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံနဲ့ မြို့တော် တစ်ခုတည်းဖြစ်သော နိုင်ငံ (၃) ခုတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စင်္ကာပူရဲ့အမှတ်အသားမှာ ခြင်္သေ့ဦးခေါင်းနှင့် ငါးတစ်ကောင်၏ မှော်ဆန်သော Merlion ဖြစ်ပါတယ်။ အရှေ့ဘက်ကိုမျက်နှာမူထားသော  Central Business District ရှိ Marina Bay ကို သာယာဝ ပြောသော ဦးတည်ချက်လို့ အဓိပ္ပါယ်နဲ့ တည်ဆောက်ထားပါတယ်။ 

စင်ကာပူ – စည်းကမ်းနှင့် ခေတ်မီမှု (The Lion City)

အားလုံးသိထားတဲ့အတိုင်း စင်ကာပူဟာ ကမ္ဘာ့အသန့်ရှင်းဆုံး၊ အလုံခြုံဆုံးမြို့တွေထဲက တစ်ခုပါ။ အမှိုက်ပစ်တာ၊ ဆေးလိပ်သောက်တာ စတဲ့ စည်းကမ်းတွေကို တင်းကျပ်စွာ လိုက်နာရပါတယ်။ တံတွေးထွေးတာ ၊ အမှိုက်ပစ်တာတွေ စတဲ့ တားမြစ်ထားတာတွေ လုပ်မိရင် fine ၃၀၀-၅၀၀ ထိ ပေးရတတ်ပါတယ်။ နောက်သတိထားရမှာတစ်ခုကတော့ ပီကေဝါးခြင်းပါပဲ ။ အပြင်းအထန်တားမြစ်ထားတာဖြစ်သလို လမ်းဖြတ်ကူးခြင်း ၊ mrt နဲ့ bus ပေါ် အစားစားခြင်းစတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။  စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide ) ဖတ်ပြီး အစီအစဉ်ဆွဲလို့ရပါတယ်။

နောက်တစ်ခုကတော့: တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အခြား လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြပါတယ်။ ဒါကြောင့် Hawker Centre လို့ခေါ်တဲ့ စားသောက်ဆိုင်တွေမှာ အရသာမျိုးစုံကို ခံစားရနိုင်ပါတယ်။ halal အစားအသောက်တွေလည်း နေရာတိုင်းမှာရတာမို့ စိတ်ပူစရာမလိုပါဘူးနော် ။ စင်ကာပူဟာ စီးပွါရေးအချက်အချာကျတဲ့ မြို့ဆိုလည်းမမှားပါဘူး။ အာရှရဲ့ အဓိက စီးပွားရေးနဲ့ ငွေကြေးဗဟိုချက်မဖြစ်ပြီး ခေတ်မီ နည်းပညာနဲ့ ဗိသုကာပညာတွေရဲ့ ပုံစံမျိုးစုံကို တွေ့ရမှာပါ။

စင်္ကာပူ ဟာ shopping ထွက်ဖို့အတွက်လည်း အကောင်းဆုံးနေရာတခုဖြစ်ပါတယ်။ ခေတ်မှီ ကုန်တိုက်တွေ ၊ Shopping Mall တွေ ဟာ အလွန် ကောင်းမွန်နေပြီး Branded Collections တွေ အစုံရနိုင်ပါတယ်။ နောက်ပြီးတော့ စင်္ကာပူ ရဲ့ Street Food အရသာတွေကလည်း သင့်ကိုစွဲမက်ဖွယ် ဖြစ်စေမှာအမှန်ပါ။