(၄) ရက်တည်းနဲ့ အာရှ ၃ နိုင်ငံ (စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်)ခရီးစဉ်

(၄) ရက်တည်းနဲ့ အာရှ ၃ နိုင်ငံ (စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်)ခရီးစဉ်

Singapore ကတော့ မြန်မာတွေနဲ့ အရမ်းစိမ်းတဲ့ နေရာတစ်ခုတော့မဟုတ်ဘူး။ ဒါကြောင့် တော်တော်များများကလည်း သိပြီးသားအကြောင်းအရာတွေများမယ်။ Sentosa တို့ MBS တို့ Gardens by the bay တို့လိုနာမည်ကြီး နေရာတွေချည်းကိုပဲတော့ ထပ်မပြောတော့ပါဘူး။ ဒီတစ်ခါတော့ အာရှရဲ့ အထင်ကရ နိုင်ငံ (၃) ခုဖြစ်တဲ့ စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ် သုံးနိုင်ငံ ခရီးစဉ် ကို အချိန်တိုအတွင်း ဘယ်လို လည်ပတ်ခဲ့လဲဆိုတာကို ပြောပြပေးသွားပါဦးမယ်။

ဒီလို သုံးနိုင်ငံခရီးစဉ် မျိုးကို သွားတဲ့အခါ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ အဆင်ပြေစေမယ့် အချက်အလက်တွေကိုလည်း ဝေမျှပေးချင်ပါတယ်။

စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်ခရီးစဉ်

၁။ ငွေကြေးစီမံခန့်ခွဲမှု (Currency Management)

  • စင်ကာပူဒေါ်လာ (SGD): အခြေခံအသုံးပြုတဲ့ ငွေကြေးပါ။ စင်ကာပူရဲ့ ကုန်ဈေးနှုန်းဟာ အခြားနှစ်နိုင်ငံထက် များပါတယ်။
  • မလေးရှားရင်းဂစ် (MYR): ဂျိုဟိုးမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အမြဲတမ်း SGD နဲ့ MYR လဲလှယ်နှုန်းကို သိထားသင့်ပါတယ်။
  • အင်ဒိုနီးရှားရူပီယာ (IDR): ဘာတမ်အတွက်ပါ။ IDR က သုညများတဲ့ ငွေကြေးဖြစ်လို့ ငွေပေးချေတဲ့အခါ သေချာရေရာအောင် ဂရုစိုက်ပါ။
  • Credit Card: နိုင်ငံကြီးတွေမှာတော့ Card တွေ သုံးနိုင်ပေမယ့် ဈေးဆိုင်လေးတွေနဲ့ ဘာတမ်လို နေရာမျိုးမှာ Cash သုံးဖို့အတွက် အသင့်ဆောင်ထားပါ။
Klook.com

၂။ နယ်စပ်ဖြတ်ကျော်ခြင်း (Border Crossing Secrets)

  • အရေးကြီးဆုံး: Passport ကို အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားပါ။ အပြင်သွားတဲ့အခါ Passport မိတ္တူ ကို ရိုက်ပြီး သီးခြားသိမ်းဆည်းထားပါ။
  • Visa: ခရီးသွားမယ့် နိုင်ငံသုံးနိုင်ငံရဲ့ ဗီဇာ လိုအပ်ချက်တွေကို သေချာစစ်ဆေးပါ။ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်ချက်တွေက ပြောင်းလဲနေနိုင်ပါတယ်။
  • Queue Time: စင်ကာပူ-ဂျိုဟိုး ကုန်းလမ်း နယ်စပ်ဟာ အထူးသဖြင့် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရနိုင်ပါတယ်။ မနက်စောစော သွားတာ အကောင်းဆုံးပါ။

၃။ ဆက်သွယ်ရေးနှင့် အင်တာနက် (Communication & Internet)

  • SIM Card: နိုင်ငံသုံးနိုင်ငံလုံးအတွက် အသုံးပြုနိုင်တဲ့ ဒေသတွင်း SIM Card (ဥပမာ- StarHub, Singtel, Celcom) မျိုးကို ဝယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နိုင်ငံချင်းစီအတွက် ဝယ်ယူတာက ဈေးသက်သာနိုင်ပါတယ်။
  • WiFi: ဟိုတယ်တွေနဲ့ ဈေးဝယ်စင်တာအများစုမှာ WiFi ရရှိနိုင်တာမို့ အရေးပေါ်သုံးဖို့အတွက်ပဲ ဒေတာကို အဓိကထား အသုံးပြုပါ။

နိုင်ငံသုံးနိုင်ငံ၏ ထူးခြားချက်များ

ခရီးသွားဖို့ အစီစဉ်မဆွဲခင် နိုင်ငံတစ်ခုချင်းစီရဲ့ ထူးခြားတဲ့အချက်အလက်လေးတွေကို သိထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့  ဒီခရီးစဉ်ကနေ ဗဟုသုတ ရရှိစေဖို့ နိုင်ငံသုံးနိုင်ငံရဲ့ ထူးခြားတဲ့ အချက်အလက်တွေကိုလည်း ဝေမျှပေးချင်ပါတယ်။

စင်ကာပူ – စည်းကမ်းနှင့် ခေတ်မီမှု (The Lion City)

အားလုံးသိထားတဲ့အတိုင်း စင်ကာပူဟာ ကမ္ဘာ့အသန့်ရှင်းဆုံး၊ အလုံခြုံဆုံးမြို့တွေထဲက တစ်ခုပါ။ အမှိုက်ပစ်တာ၊ ဆေးလိပ်သောက်တာ စတဲ့ စည်းကမ်းတွေကို တင်းကျပ်စွာ လိုက်နာရပါတယ်။ တံတွေးထွေးတာ ၊ အမှိုက်ပစ်တာတွေ စတဲ့ တားမြစ်ထားတာတွေ လုပ်မိရင် fine ၃၀၀-၅၀၀ ထိ ပေးရတတ်ပါတယ်။ နောက်သတိထားရမှာတစ်ခုကတော့ ပီကေဝါးခြင်းပါပဲ ။ အပြင်းအထန်တားမြစ်ထားတာဖြစ်သလို လမ်းဖြတ်ကူးခြင်း ၊ mrt နဲ့ bus ပေါ် အစားစားခြင်းစတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။  စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide ) ဖတ်ပြီး အစီအစဉ်ဆွဲလို့ရပါတယ်။

နောက်တစ်ခုကတော့: တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အခြား လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြပါတယ်။ ဒါကြောင့် Hawker Centre လို့ခေါ်တဲ့ စားသောက်ဆိုင်တွေမှာ အရသာမျိုးစုံကို ခံစားရနိုင်ပါတယ်။ halal အစားအသောက်တွေလည်း နေရာတိုင်းမှာရတာမို့ စိတ်ပူစရာမလိုပါဘူးနော် ။ စင်ကာပူဟာ စီးပွါရေးအချက်အချာကျတဲ့ မြို့ဆိုလည်းမမှားပါဘူး။ အာရှရဲ့ အဓိက စီးပွားရေးနဲ့ ငွေကြေးဗဟိုချက်မဖြစ်ပြီး ခေတ်မီ နည်းပညာနဲ့ ဗိသုကာပညာတွေရဲ့ ပုံစံမျိုးစုံကို တွေ့ရမှာပါ။

စင်ကာပူ - MBS

ဂျိုဟိုးဘားရူး – တံခါးပေါက်မြို့ (The Southern Gateway)

တည်နေရာကတော့ ဂျိုဟိုးဟာ မလေးရှားကျွန်းဆွယ်ရဲ့ တောင်ဘက်စွန်းမှာရှိပြီး စင်ကာပူနဲ့ အနီးဆုံး မြို့ကြီးဖြစ်ပါတယ်။ စင်ကာပူမြို့ထပ် စားသောက်ကုန်၊ နေထိုင်ကုန်စရိတ်တွေ သက်သာတဲ့ မြို့ဖြစ်ပါတယ်။ စင်ကာပူကနေ ကားနဲ့ သွားလို့ရပြီး local တော်တော်များများလည်း ပိတ်ရက်တွေဆို အပန်းဖြေအနားယူဖို့သွားကြပါတယ်။  JPO လိုမျိုး Premium Outlet တွေအပြင် အခြား Mall တွေလည်း ပေါများတာကြောင့် ဈေးဝယ်ဖို့ အထူးကောင်းမွန်ပါတယ်။  အစားအစာ:ကတော့ မလေး၊ တရုတ်၊ အိန္ဒိယ အစားအစာတွေ အစုံရတဲ့နေရာတစ်ခု ဖြစ်ပြီးစျေးသက်သာပါတယ်။  Laksa နဲ့ Nasi Lemak တို့ကို မဖြစ်မနေ စားသုံးသင့်ပါတယ်။

ဘာတမ် – ကျွန်းခရီးစဉ်နှင့် အပန်းဖြေစခန်း (The Island Getaway)

ဘာတမ်ကျွန်းဟာ စင်ကာပူနဲ့ မနီးမဝေးမှာရှိပြီး Duty-Free အခွန်လွတ်ဒေသဖြစ်တာကြောင့် အရက်၊ စီးကရက်နဲ့ အခြား ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ဝယ်ယူနိုင်ပါတယ်။ ferry စီးပြီးမှသာ သွားရောက်နိုင်ပါတယ်။  ပင်လယ်စာ ချစ်သူတွေအတွက်တော့ ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ဈေးသက်သက်သာသာ စားသုံးနိုင်တဲ့ နေရာပါ။ အကြိုက်ဆုံးဆိုင်ကတော့ Golden Prawn ပဲဖြစ်ပါတယ်။ Local တွေရော tourists တွေရော အနားယူဖို့ အဓိကသွားကြတာများပါတယ်။ ဘာတမ်ဟာ အပန်းဖြေဖို့၊ အနှိပ်ခံဖို့နဲ့ Golf ကစားဖို့အတွက် စင်ကာပူကနေ အလွယ်တကူ လာရောက်နိုင်တဲ့ ခရီးတိုနေရာတစ်ခု ဖြစ်ပါတယ်။ Singapore မှ Batam သို့ တနေ့ခရီးစဉ်အတွက် လမ်းညွှန် ဖတ်ပြီး အစီအစဉ်ဆွဲလို့ရပါတယ်။

Batam Ferry (1)

ခရီးသွား အကြံပြုချက်

  • ပေါ့ပါးစွာသွားပါ: နိုင်ငံဖြတ်ကျော်မှုတွေ များတဲ့အတွက် အိတ်အများကြီးနဲ့ ပစ္စည်းပစ္စယတွေကို ရှုပ်ရှုပ်ထွေးထွေး မယူဆောင်ပါနဲ့။
  • အဆင်ပြေဆုံး ဖိနပ်: လမ်းလျှောက်ရတာ များတာကြောင့် သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကိုသာ စီးပါ။ 
  • Power Adapter: နိုင်ငံသုံးနိုင်ငံလုံးက မတူညီတဲ့ Plug Type တွေကို သုံးနိုင်တာမို့ Universal Adapter ကို အသင့်ဆောင်ထားပါ။
  • ရာသီဥတုအခြေအနေကိုကြည့်ပြီးလိုအပ်ရင် ထီးသယ်ဆောင်သွားပါ။
  • စင်္ကာပူမှာ စျေးသင့်တဲ့ ဟိုတယ်လေးတွေ ဘယ်လိုရှာမလဲ? Singapore Budget Hotel Guide 2025 လေးကို ဖတ်ပြီးရှာလို့ရပါတယ်နော် အဲ့ထဲမှာ rose recommends ပေးထားတဲ့ ဟိုတယ်တွေပါသလိူ local 4 star လောက် သုံးချငိရင်တော့ Faber park Singapore review လေးကို ဖတိပြီး ဟိုတယ်တွေကို rose တို့ဆီမှာ book လို့ရသလို international 4 star hotel ဆိုရင်တော့ Carlton Hotel မှာ တည်းဖို့ အကြံပေးပါရစေနော်။
Klook.com

ဆောင်ရန် ရှောင်ရန်နဲ့ အကြံပြုချက်တွေပြီးပြီဆိုတော့ ဒီ TriCity package ထဲ ဘယ်နေရာတွေပါမလဲ / ဘယ်လိုလည်ပတ်ကြမလဲဆိုတာ အသေးစိတ်လေး ပြောပြပေးပါမယ်နော်။ 

Day 1 – စင်ကာပူသို့ ရောက်ရှိခြင်း

စင်ကာပူသို့ရောက်ရှိတာနဲ့ အရမ်းလှတဲ့ Jewel ကိုတွေ့လိုက်တာနဲ့ တန်းပျော်သွားမှာသေချာပါတယ်။ အချိန်ရရင်တော့ အနီးတဝိုက်လည်ပတ်ပြီး ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပါဦးနော်။ လေဆိပ်ကနေ meter taxi or grab စီးနိုင်သလို mrt စီးပြီးလဲ ဟိုတယ်ရဲ့ အနီးဆုံး မှတ်တိုင်သို့ ရောက်ရှိနိုင်ပါတယ်။ ဒီလိုတွေ အချိန်ကုန်မခံချင်ရင်တော့ Rose တို့ရဲ့ airport transfer service ကိုယူလို့ရပါတယ်နော်။ driver က ကြိုရောက်ပြီးစောင့်နေမှာဖြစ်ပြီးစျေးကလဲ grab ငှါးတဲ့စျေးလောက်ပဲရှိမှာပါ ။ ရောက်ရောက်ချင်းနေ့မှာတော့ Free and easy ပဲ လုပ်ဖို့အကြံပေးပါရစေ။ ခရီးပန်းတာကို အနားယူဖို့နဲ့ နောက်ရက်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ အရေးကြီးပါတယ်။

Singapore car rental - Price sheet

Knowledge Tip (ဗဟုသုတ): စင်ကာပူဒေါ်လာ ကို လေဆိပ်မှာကြို လဲလှယ်ထားပါ။ မလေးရှား (ဂျိုဟိုး) အတွက် မလေးရှားရင်းဂစ် (MYR) ကိုလဲ အသင့်အတင့် ပြင်ဆင်ထားသင့်ပါတယ်။ ဘာတမ်မှာတော့ အင်ဒိုနီးရှားရူပီယာ (IDR) ကို သုံးပေမယ့် စင်ကာပူဒေါ်လာကိုလည်း လက်ခံတာများပါတယ်။

Day 2 -မလေးရှား (ဂျိုဟိုး) တစ်နေ့တာ ခရီးစဉ်

ဒီနေ့ရဲ့ ခရီးစဉ်ကတော့ စင်ကာပူ ကနေ မလေးရှား နိုင်ငံ Johor Bahru (JB) မြို့ကို ကုန်းလမ်းနဲ့ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ နိုင်ငံနှစ်ခုကို ချိတ်ဆက်ထားတဲ့ Cause Way လို့ခေါ်တဲ့ တံတားကြီးကနေ ဖြတ်သန်းရတာဟာ စိတ်ဝင်စားစရာ အတွေ့အကြုံပါ။ ဒီအစီအစဉ်မှာတော့ ကားသမားက ဟိုတယ်အထိလာရောက်ကြိုပြီးခရီးစဉ်ကိုစတင်မှာဖြစ်ပါတယ်။ 

  • Border Crossing: နယ်စပ်ဖြတ်ကျော်ရာမှာ Passport နဲ့ Immigration Card ကို အဆင်သင့် ပြင်ထားဖို့ အရေးကြီးပါတယ်။ မနက်စောစော စထွက်ရင် ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ပါတယ်။
  • Legoland Photo Stop: ကမ္ဘာကျော် LEGO အုတ်ခဲတွေနဲ့ တည်ဆောက်ထားတဲ့ Theme Park ရဲ့ အပြင်ဘက်မှာ ဓာတ်ပုံရိုက်ရပ်နားပါတယ်။ Legoland ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် တည်ဆောက်ခဲ့တဲ့ Legoland ဖြစ်ပြီး အာရှမှာ ပထမဆုံးပါ။
  • Danga Bay & Sultan Palace: ကားနဲ့ ဖြတ်သန်းရင်း Danga Bay ကမ်းရိုးတန်းအလှနဲ့ Johor စူလ်တန်ဘုရင်ရဲ့ တရားဝင်စံအိမ်တော်ဖြစ်တဲ့ Istana Bukit Serene ကိုလည်း မြင်တွေ့ရမှာပါ။
  • Handicraft Centre: မလေးရှားဒေသခံ Batik လိုမျိုး ရိုးရာလက်မှုပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေ ဝယ်ယူလေ့လာနိုင်ပါတယ်။
  • Johor Premium Outlet (JPO): shopping ထွက်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီနေရာက shopping paradiseပါပဲ။ နာမည်ကြီး International Brand ပစ္စည်းတွေကို Discount ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ပါတယ်။

တနေလုံးလည်ပတ်ပြီးသွားရင်တော့ ညနေ ၅-၅:၃၀ လောက် စင်ကာပူသို့ပြန်လာမှာဖြစ်ပါတယ်။ 

Travel Tip: JPO မှာ ဈေးဝယ်မယ်ဆိုရင် ဘယ်ဆိုင်တွေကို ဦးစားပေးဝင်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားပါ။ ဆိုင်တွေများလွန်းတာကြောင့် ဝေခွဲမရဖြစ်တတ်ပါတယ်။

Day 3 -အင်ဒိုနီးရှား (ဘာတမ်) သို့ နေ့ချင်းပြန်ခရီး 

ဒီနေ့မှာတော့ စင်ကာပူ ကနေ အင်ဒိုနီးရှား နိုင်ငံရဲ့ ဘာတမ် (Batam) ကျွန်းဆီကို (Ferry) စီးပြီး နိုင်ငံဖြတ်ကျော် ခရီးနှင်ရမှာ ဖြစ်ပါတယ်။ အချိန်ပိုရရင်တော့ ဘာတန်မှာ တစ်ည အိပ်ဖို့ အကြံပေးချင်ပါတယ်။  ကိုယ့်အစီစဉ်နဲ့ သွားချင်သူတွေအတွက် ဘာတန်ကိုတစ်နေ့တာ ဘယ်လိုလည်ပတ်ကြမလဲဆိုတာကို rose ရဲ့ Batam Day Trip Guide ကို ဖတ်ပြီး အစီအစဉ်ဆွဲလို့ရပါတယ်။

Border Crossing: နယ်စပ်ဖြတ်ကျော်ရာမှာ Passport နဲ့ Electronic Immigration ကို အဆင်သင့်ပြင်ထားပါ။ မြန်မာနိုင်ငံသားတွေအတွက် visa free ဆိုတော့ immigration ဖြတ်ရင် အေးဆေးပါပဲ

Ferry Transfer: ဟိုတယ်ကနေ Ferry Terminal ကို သွားရတဲ့ ကားအသွားအပြန် (တစ်ကြောင်း) ပါဝင်ပါတယ်။ HarbourFront Terminal တစ်ခုခုကနေ ဘာတမ်ဆီကို Vessel စီးပြီး သွားရပါတယ်။ ခရီးစဉ်ဟာ နာရီဝက်ကနေ တစ်နာရီကျော်အထိ ကြာမြင့်နိုင်ပါတယ်။ Ferry စီးရင်း ပတ်ဝန်းကျင်အလှကို ခံစားလို့အကောင်းဆုံးပါ။ 

Batam Tour (Lunch Included): ဘာတမ်ကျွန်းဟာ Duty-Free ဇုန်တစ်ခုဖြစ်လို့ ဈေးဝယ်ဖို့ နာမည်ကြီးသလို သဘာဝအလှနဲ့ ကမ်းခြေတွေလည်း လှပပါတယ်။ Golden Prawn ဆိုတဲ့ နံမည်ကြီးဆိုင်မှာ lunch စီစဉ်ပေးထားတဲ့အတွက် ဗိုက်အပြည့်စားဖို့ပဲလိုပါတယ်။ စင်ကာပူထပ်စာရင် seafood ပေါတဲ့နေရာဖြစ်တာကြောင့် စျေးပိုသက်သာပါတယ်။ Chilli Grab နဲ့ တခြား ငါးသံပုရာပေါင်းကို try ကြည့်စေချင်ပါတယ်။

Culture Tip: ဘာတမ်ဟာ အင်ဒိုနီးရှားရဲ့ Riau ကျွန်းစုထဲမှာ ပါဝင်ပြီး မလေးနဲ့ ဆင်တူတဲ့ ယဉ်ကျေးမှုတွေကို တွေ့ရပါမယ်။ ဒေသခံတွေကတော့ ရင်းနှီးဖော်ရွေကြပါတယ်။

Golden Prawn - Batam
Batam - Chilli Crab
  • Massage / Spa: ဘာတမ်မှာ ဈေးနှုန်းချိုသာတဲ့ ရိုးရာအနှိပ်နဲ့ Spa ဝန်ဆောင်မှုတွေ ရရှိနိုင်ပါတယ်။
  • Nagoya Hill Shopping Mall: ဈေးဝယ်ထွက်လို့ကောင်းတဲ့ နေရာတစ်ခုပါ။ foreigners တွေကိုဆို စျေးပိုပြောတတ်တာမို့ စျေးယှဉ်ကြည့်တာတွေ စျေးစစ်တာတွေ လုပ်စေချင်ပါတယ်။ အဲ့နေရာမှာတော့ သူတို့ local currency ပဲ လက်ခံတာမို့ ငွေကြိုလဲသွားဖို့ မမေ့ပါနဲ့။ Shopping mall မှာ ငွေလဲလှယ်တဲ့ နေရာတော့ရှိပါတယ်။ 
  • Ferry စီးနင်းချိန်မှာ ပင်လယ်ပြင်ကို ကြည့်ရှုရင်း ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးပါပဲ။ နိုင်ငံဖြတ်ကျော်တဲ့အခါ နာမည်ကြီး Lapis Legit (layer cake or အင်ဒိုနီးရှားရိုးရာ အလွှာလိုက်ကိတ်) ကို ဝယ်ယူဖို့ မမေ့ပါနဲ့။

Recommended Hotels in Batam

Batam ကို အလည်ပတ်သွားတဲ့အခါမှာ တည်းခိုရန် အဆင်ပြေသော Hotels များကို ဖော်ပြပေးချင်ပါတယ်

Day 4 -စင်ကာပူ၏ အနှစ်သာရနှင့် နှုတ်ဆက်ခရီး

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာတော့ စင်ကာပူရဲ့ အထင်ကရ နေရာတွေကို အချိန်တိုအတွင်း မြင်တွေ့နိုင်ဖို့ Half Day City Tour ကို စီစဉ်ထားပါတယ်။ တစ်နေရာချင်းစီသွားနေရင် အချိန်ကုန် လူပင်ပန်းပါတယ်။ rose တို့စီစဉ်ပေးထားတဲ့ Halfday city tour လေး join လိုက်ရင် ပိုပြီး save and smart ဖြစ်မှာအသေချာပါပဲ 🙂 

  • Suntec & Singapore Flyer: ခေတ်မီအဆောက်အအုံများနဲ့ ကြီးမားတဲ့ Ferris Wheel ကို ကားနဲ့ ဖြတ်သန်းရင်း တွေ့မြင်ရမှာပါ။Suntec City ရဲ့ အလယ်မှာရှိတဲ့ Fountain of Wealth ကို ကမ္ဘာ့အကြီးဆုံး ရေပန်းတစ်ခုအဖြစ် စံချိန်တင်ထားဖူးပါတယ်။
  • Merlion Park (Photo Stop): စင်ကာပူကို ရောက်တိုင်း မဖြစ်မနေ လည်ပတ်ရမယ့် နေရာပါ။ Merlion ရုပ်တုကြီးဟာ စင်ကာပူရဲ့ မူလအမည်ဖြစ်တဲ့ Temasek (ပင်လယ်မြို့) နဲ့ လက်ရှိအမည် Singapura (ခြင်္သေ့မြို့) တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
  • Thian Hock Keng Temple: စင်ကာပူမှာ အသက်အကြီးဆုံးနဲ့ အလှပဆုံး တရုတ်ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပြီး Fujian ဗိသုကာလက်ရာတွေကို တွေ့ရမှာပါ။ သမိုင်းဝင် တန်ဖိုးရှိပါတယ်။ 
  • Gardens by the Bay (30 mins, no ticket): စင်ကာပူရဲ့ အထင်ကရ အစိမ်းရောင်နေရာဖြစ်တဲ့ Gardens by the Bay ကို အချိန်တိုနဲ့ ဝင်ခွင့်လက်မှတ်မလိုဘဲ အပြင်ဘက်ကနေ ကြည့်ရှုရပါတယ်။ Supertrees တွေရဲ့ ခမ်းနားမှုကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ပါတယ်။ညနေစောင်းရောက်ရင် Supertrees တွေရဲ့ Garden Rhapsody မီးရောင်ခြည်ပွဲက အရမ်းလှတာမို့ အချိန်ရရင် ကြည့်ရှုသင့်ပါတယ်။
စင်ကာပူ - Merlion Park

Day 4 – Departure

လေဆိပ်ကို ထွက်ခွာပြီး (၄) ရက်တာ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါတယ်။ 

ကဲ .. တော်တော်လေးများနေပြီမို .. ဒီနေရာမှာပဲ ရပ်လိုက်ပါတော့မယ် .. Season ပေါ်လည်း မူတည်တာမို စျေး အပြောင်းအလဲတော့ ရှိမှာပါ။ အခုလောက်ဆိုရင်တော့ .. backpacking လုပ်ချင်လိုပဲဖြစ်ဖြစ် Visa stamp လိုလိုပဲဖြစ်ဖြစ် ၃ နိုင်ငံ သွားချင်တဲ့ သူတွေအတွက် အထောက်အကူရလိမ့်မယ်လို မျော်လင့်ပါတယ်။ Tour package ဝယ်ချင်လိုပဲဖြစ်ဖြစ် တခြား သိချင်တာရှိရင်လည်း Happy Steps Travel ရဲ့ messenger or DM ပြီး မေးလိုရတယ်နော်

Tours From Happy Steps Travel

၃ ရက် ၂ ည – စင်္ကာပူခရီးစဉ်!

Singapore Getaway ခရီးစဉ်နဲ့ မမေ့နိုင်တဲ့အမှတ်တရတွေကို ရယူလိုက်ပါ! https://www.facebook.com/share/p/1KYRatMZ47

singapore tour

Little India Highlight Tour

𝕾𝖎𝖓𝖌𝖆𝖕𝖔𝖗𝖊 သွားလည်မယ်ဆိုတာနဲ့ ထင်ရှားတဲ့ Landmarks တွေချည်းသွားဖို့ စဉ်းစားတုန်းလား???

  • စိတ်ဝင်စားဖို့လည်းကောင်းတယ်…
  • လှလည်းအရမ်းလှတယ်…
  • Instagram spot ဒီဇိုင်းကာလာအနေအထား မိမိမိုက်မိုက်လေးတွေကိုလည်း ရိုက်ချင်သလို ရိုက်လို့ရတယ်…
  • နေ့တစ်ဝက် အချိန် (၄)နာရီနဲ့ လူမျိုး တစ်ခုအကြောင်းကို သေသေချာချာသိနိုင်မယ်…
  • အသေးစိတ်ကို ဖတ်ကြည့်ဖို့ .
    https://www.facebook.com/share/p/1EZSVW78yd/
Little India Price

Read Our Articles:



1 Comment

  1. Everyone loves it whenever people come together and share opinions. Great blog, continue the good work!

Leave a Reply

Your email address will not be published. Required fields are marked *