ဒါနန်း အကြောင်း ပြောပြီးပြီဆိုတော့ ဒီတစ်ခါတော့ ဟိုချီမင်းမြို့ (Ho Chi Minh City) အကြောင်းလေးကို သူငယ်ချင်းတို့အတွက် ပြောပြပေးချင်ပါတယ်။ ဟိုချီမင်းမြို့အကြောင်းကို စတင်မိတ်ဆက်ရမယ်ဆိုရင်တော့ ဒေသခံများက ဆိုင်ဂွန်ဟု ခေါ်ဆိုနေဆဲဖြစ်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင်တည်ရှိပါတယ်။ဗီယက်နမ်ရဲ့ စီးပွါးရေးမြို့တစ်မြို့လဲဖြစ်သလို အားလုံးသိတဲ့ French-colonial အဆောက်အဦးများနဲ့ မနက်မှ ညအထိ အဆက်မပြတ် သွားလာနေတဲ့ ဆိုင်ကယ်သံတွေ၊ ရိုးရာအရသာ စုံလင်လှတဲ့ လမ်းဘေးအစားအစာတွေနဲ့ ပြည့်နေတာကြောင့် တစ်နေ့တာလုံး စိတ်ဝင်စားဖွယ် ကောင်းနေတဲ့ မြို့လေးပါ။ Local people တွေကလဲ ဖော်ရွေသလို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့ကြောင့် solo travelers တွေ မျက်စိကျစရာ မြို့တစ်မြို့ဆိုလည်း မမှားပါဘူး ။ Solo Budget travelers အတွက် FREE သွားရောက်လည်ပတ်နိုင်မဲ့ နေရာ 6 ခုကို ကို စုစည်းဖော်ပြပေးချင်ပါတယ်။
ဗီယက်နမ်ဗီဇာ
ဗီယက်နမ်ကို အလည်လာဖို့အတွက်ဆို ဗီဇာကြိုလျှောက်ဖို့မလိုပါဘူး။ မြန်မာနိုင်ငံသားတွေအတွက် ကင်းလွတ်ခွင့် ရက် ၃၀ ရလို့ အေးအေးဆေးဆေး လည်ဖို့ အချိန်လောက်ပါတယ်။( မှတ်ချက် ။ Vietnam ရဲ့ official immigration website မှာတော့ ၁၄ ရက်လို့ ကြေငြာထားပေမဲ့ ခုနောက်ပိုင်း ရက် ၃၀ ပေးနေပါပြီ)
လေယဉ်လက်မှတ်
ရန်ကုန်ကနေ ဟိုချီမင်းသွားမယ်ဆိုရင် MAI တိုက်ရိုက်လေယဉ်တွေ ရှိပါတယ် .. စျေးနှုန်းက အသွားအပြန်ကို ခန့်မှန်းချေ USD 300 ဝန်းကျင်လောက်ရှိပါတယ်။
Our Services
ဟိုချီမင်းမှာ free လည်ပတ်နိုင်တဲ့နေရာများ
Ben Thanh Market
ဟိုချီမင်းရောက်တာနဲ့ ပထမဆုံး သွားသင့်တဲ့နေရာတခုကတော့ ခရီးသွားအားလုံး စိတ်ဝင်စားကြတဲ့ Ben Thanh market ကနေ စတင်ဖို့ အကြံပြုပါရစေ။ လမ်းကြားသေးသေးလေးတွေကို ဖြတ်ကျော်ရင်း ဒေသခံဈေးသည်များ၏ နေထိုင်ရောင်းဝယ်မှု နဲ့ သူတို့ရဲ့ ယဉ်ကျေးမှုများကို လေ့လာရင်း၊ ပြသထားသော ကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်မှာဖြစ်သလို သင့်ကို local တယောက်လိုခံစားချက်မျိုး အပြည့်အဝ ရစေနိုင်မယ့်နေရာတခုလည်းဖြစ်ပါတယ်။ ဝင်ကြေးပေးစရာမလိုတာကြောင့် အမျိုးမျိုးသော စျေးတန် Souvenir, လက်မှုဖန်တီးမှု၊ အဝတ်အထည်တွေနဲ့ သာမန် စျေးသက်သာတဲ့ အစားအသောက်တွေကို ဝယ်ယူနိုင်ပါတယ်။ သာမန် အပြင်ဆိုင်တွေထပ်စျေးပိုများပေမယ့် စျေးဆစ်ဖို့တော့ အကြံပေးပါရစေ။ စျေးတန်ပြီး အရသာကောင်းတဲ့ Phở, Bánh xèo စတာတွေကိုတော့ try ကြည့်နိုင်ပါတယ်။
Bùi Viện Walking Street
ဟိုချီမင်းမြို့၏ nightlife အရသာကိုခံစားချင်ရင်တော့ Bui Vien လမ်းကို သွားရောက်လည်ပတ်ဖို့မမေ့ပါနဲ့။ Backpacker Street” အဖြစ် လူကြိုက်များပါတယ်။ solo travelers တွေအတွက် နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ဘားဆိုင်များ၊ Street Food ဆိုင် များနှင့် Unplugged ဆိုင်များဖြင့် ပြည့်နှက်လှုပ်ရှားနေတာကြောင့် budget friendly option တခုဖြစ်ပါတယ်။ Rose ကတော့ local friends တွေနဲ့ ပျော်ပျော်ရွှင်ရွှင် nightlife အရသာကို အပြည့်အဝ ခံစားခဲ့ပါတယ်နော်
Notre-Dame Cathedral Basilica of Saigon
၁၈၀၀ ပြည့်နှောင်းပိုင်းက ဖရန့်အိမ်ခန်းပုံစံ အဆောက်အဦးဖြစ်တဲ့ Notre-Dame Cathedral သည် ဆိုင်ဂွန်မြို့၏ ပြင်သစ်ကိုလိုနီခေတ် သမိုင်းကြောင်းကို ကိုယ်စားပြုသည့် Notre-Dame ဘုရားကျောင်းဘစီလီကာသည် အလှဆုံးသော ဆောက်လုပ်ပုံလက်ရာတစ်ခုဖြစ်ပါတယ်။ မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာတခုဖြစ်ပါတယ်။ ဘုရားကျောင်းအတွင်းဝင်ရန်အတွက် ဝင်ကြေးရှိနိုင်သော်လည်း rose သွားရောက် လည်ပတ်စဉ်ကတော့ renovate လုပ်နေတဲ့ကာလမို့ အပြင်ဘက်ကနေသာဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ရောမဂန္တဝင်ပုံစံဓလေ့အတိုင်း ဆောက်လုပ်ထားသည့် အဆောက်အအုံနဲ့အတူ ကောင်းကောင်းဓါတ်ဖမ်းလို့ရတဲ့ နေရာကောင်းလေးတခုဆိုလည်းမမှားပါဘူး။
Saigon Central Post Office
Notre-Dame ဘုရားကျောင်းအနီးတွင် တည်ရှိသည့် ပြင်သစ်အင်္ဂလိပ်ခေတ်မှ စိတ်ဝင်စားဖွယ်ရာနေရာတခုဖြစ်ပါတယ်။အဆောက်အအုံ၏ ထူးခြားသော ဆောက်လုပ်ပုံလက်ရာနှင့် သမိုင်းဝင်လက်ရာများကို ဝင်ရောက်လည်ပတ်နိုင်ပါတယ်။ ပြီးတော့ ချစ်ခင်ရသူများထံသို့ လိပ်စာကတ် (postcard) တစ်စောင်ကို စာတိုက်ကနေ ပို့လိုက်ရင်း memory တခုအနေဖြင့် သိမ်းထားနိုင်ပါတယ်။
Bitexco Financial Tower
Sky Deck ကို ဝင်ဖို့ရန်အတွက် fees သတ်မှတ်ထားသော်လည်း၊ ၄၉ လွှာထိ တက်ပြီး City’s top Attractions နဲ့ ဆိုင်ဂွန်မြစ်၏ လှပသော ရှုခင်းများကို ရှုမြင်နိုင်မှာ ဖြစ်သလို ဟိုချီမင်းမြို့အလှ ကိုခံစားရင်း အမှတ်တရ ဓာတ်ပုံတွေ အများကြီးရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။စျေးနှုန်းက ဗီယက်နမ်ဒေါင်း ၂၄၀,၀၀၀ (≈ ၁၀ USD) လောက်ရှိပြီး အမြင့်ကနေ မြင်ရတဲ့ Sunset View က တန်ဖိုးရှိတဲ့ အတွေ့အကြုံ ကို ရစေမှာဖြစ်ပါတယ်။
Local & Street Food အစားအစာ try ခြင်း
ဟိုချီမင်းမြို့ကို ရောက်တာနဲ့ ညနေခင်း လမ်းလျှောက်ရင်း နာမည်ကျော် လမ်းဘေးအစားအစာအတွေ့အကြုံကို ခံစားဖို့ အကြံပြုချင်ပါတယ်။ Traditional ဗီယက်နမ် အစားအစာ ဖြစ်တဲ့ Pho , Vietnamese Pizza နဲ့ Banh Mi ကတော့ must try ပါ။ ဗီယက်နမ် လို့ပြောလိုက်တာနဲ့ သူတို့ရဲ့ ထူးခြားတဲ့ကော်ဖီယဉ်ကျေးမှုနဲ့ နာမည်ကြီးပါတယ်။ ကော်ဖီဆိုင်ထိုင်ပြီး မြို့အလှကိုခံစားရင်းဟိုချီမင်းရဲ့ ညနေခင်းလေးကို ကုန်ဆုံးကြရအောင်နော်။ ကြက်ဥကော်ဖီ Cà phê trứng:အုန်းရည်နဲ့ ဖျော်တဲ့ ကော်ဖီ နဲ့ Vietnamese drip ကော်ဖီကတော့ try သင့်ပါတယ်နော်။ Rose ကတော့ Legend coffee shop က Drip coffee အကြိုက်ဆုံးမို့ သွားခဲ့ပါသေးတယ်. ဟိုချီမင်းကို Solo သွားခဲ့တဲ့ ခရီးစဉ်တလျှောက်မှာ Rose အတွက် မမေ့နိုင်တဲ့ အမှတ်တရတွေ အတွေ့ကြုံတွေကို ရရှိခဲ့ပါတယ်။ Solo သွားခြင်းဖြစ်လို့ ဗီယက်နမ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ ဓလေ့ထုံးစံတွေ ၊ ဒေသ အစားစာတွေကို သေချာလေ့လာခွင့်လည်းရခဲ့ပါတယ် ။
ဟိုချီမင်းရဲ့ အစားအသောက်
- Phở – ဗီယက်နမ်ကို သွားရင် မဖြစ်မနေ စားသင့်တဲ့ အဓိကအစား
- Bánh mì – ဖရန့် baguette အပြင် ဗီယက်နမ်စတိုင်အရသာတွေ , ငရုတ်သီးကြော်, pickled ခရမ်းချဉ်သီး စသည်များ ထည့်ထားတဲ့ Sandwich ဖြစ်ပြီး ဂျူစ်ထဲမှာ အနည်းဆုံး ၁ USD တန်ဖိုးနဲ့ ရနိုင်ပါတယ်။
- Vietnamese Coffee (Cà phê sữa đá) – Coconut coffee or Dip Coffee တစ်ခွက် သော်လည်းကောင်း၊ အထူး Egg Coffee (Cà phê trứng) သော်လည်းကောင်း စမ်းသင့်ပါတယ်။
ဟိုချီမင်းရဲ့ Popular Tours
ဟိုချီမင်းမှာ ဘယ်က တည်းခိုရလဲ?
District 1 အတွင်း တည်းခိုရန် အဆင်ပြေတဲ့ Hostel & Budget Hotels များကတော့ –
- The Hideout Saigon
- Hangout Hostel HCM
- The Like Hostel & Café
- City Backpackers Hostel
- Felix Hotel
- Chill Suites Hotel
အများစုမှာ Social Space ရှိတာကြောင့် Solo Travelers များအတွက် လိုက်ဖက်ပြီး စျေးနှုန်းလည်းအဆင်ပြေပါတယ်။ Rose ကတော့ Felix Hotel ကို တည်းခဲ့ပါတယ်။ Bùi Viện Walking Street ကို လမ်းလျှောက်လို့ သွားနိုင်သလို အနီးအနားမှာလည်း massage ဆိုင်တွေ ၊ convenience stores တွေလည်းရှိတာမို့ safe and convenient location ပါ။ စျေးနှုန်းအနေနဲ့လည်း အဆင်ပြေပါတယ်။
La Felix ဟိုတယ် Review
District 1 မှာရှိတဲ့ ကြယ် ၃ ပွင့်အဆင့်ရှိ La Felix Hotel မှာ Rose ကတော့ နှစ်ညတာ တည်းခိုခဲ့ပါတယ်။ အဲဒီဟိုတယ်ဟာ ဘူရ်ဗီယင် လမ်းလျှောက်လမ်း (Bui Vien Walking Street) နဲ့ (Zen Plaza) တို့နဲ့ နီးကပ်စွာ တည်ရှိပါတယ်။ ဟိုတယ်ဘေးမှာ အဆင်ပြေစေမယ့် စတိုးဆိုင်တစ်ဆိုင် ရှိတဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်၊ လမ်းလျှောက်လည်ပတ်ဖို့၊ ဈေးဝယ်ဖို့နဲ့ အကောင်းဆုံးလမ်းဘေးအစားအစာတွေကို မြည်းစမ်းဖို့အတွက် ဒီနေရာဟာ အကောင်းဆုံးဖြစ်ပါတယ်။
ဗီယက်နမ် ဟိုချီမင်းခရီးစဉ်အတွက် ဘာတွေလုပ်သင့်လဲ?
အချိန် ပိုရရင်တော့ ၃ညလောက် နေသင့်ပါတယ်။ Rose ကတော့ အချိန်သိပ်မရှိတာကြောင့် ၃ညလောက်ပဲ နေခဲ့ပါတယ်။ ဘယ်လိုတွေလည်ပတ်ခဲ့လဲဆိုတာလေးကို အကျဉ်းချုပ်ပြောပြပေးချင်ပါတယ်။ ပထမဆုံးနေ့ကို မြို့တော်နဲ့ရင်းနှီးအောင်လုပ်ပြီး ဗီယက်နမ်အစားအစာတွေကို မြည်းစမ်းရင်း ကုန်ဆုံးလိုက်ပါ။ ဒါကြောင့် မော်တော်ဆိုင်ကယ်စီး မြို့တွင်းခရီးစဉ်ကို ကြိုတင်စာရင်းသွင်းပြီး ညနေပိုင်းမှာ ဗီယက်နမ်ကော်ဖီကို သောက်သုံးရင်း အနားယူသင့်ပါတယ်။
ဒုတိယနေ့: ကူချီဥမင်လိုဏ်ခေါင်း (Cu Chi Tunnels) သမိုင်းဝင်နေရာ နဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ခရီးစဉ်
ဗီယက်နမ်စစ်ပွဲ (Vietnam War) အတွင်းက ဗီယက်ကွန်း (Viet Cong) တပ်ဖွဲ့ဝင်တွေ အမေရိကန်တပ်တွေကို ခုခံတိုက်ခိုက်ဖို့နဲ့ ပုန်းအောင်းဖို့အတွက် အသုံးပြုခဲ့တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်း ကွန်ရက်ကြီးကို လေ့လာရအောင်။
ဒီဥမင်လိုဏ်ခေါင်းတွေဟာ မူလက အရမ်းကျဉ်းပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်နိုင်အောင် အနည်းငယ် ချဲ့ထားတာတွေလည်း ရှိတယ်လို့ Rose ရဲ့ tour guide က ရှင်းပြခဲ့ဖူးပါတယ် မြေအောက်မှာ လှေကားထစ်တွေအတိုင်း ဆင်းပြီး လျှောက်ကြည့်တာဟာ ထူးခြားတဲ့ အတွေ့အကြုံကို ပေးပါလိမ့်မယ် .. ဒါပေမဲ့ အသက်ရှူကြပ်တတ်တဲ့သူတွေကတော့ အတွင်းထိ မဝင်သင့်ပါဘူး။ ဒီ Cu Chi Tunnels tour လေးက ဗီယက်နမ်လူမျိုးတွေ စစ်ပွဲကာလမှာ ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြလဲ၊ ဘယ်လိုထူးခြားတဲ့ ထောင်ချောက်တွေကို အသုံးပြုခဲ့လဲဆိုတာ သိရှိရမှာဖြစ်ပါတယ် ။
မဲခေါင်မြစ်ဝကျွန်းပေါ် (Mekong Delta) သဘာဝအလှတရားများ
ကူချီကနေ ခရီးရှေ့ဆက်ပြီးရင် အလွန်စိမ်းလန်းစိုပြေတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသကို ရောက်ပါမယ် .. My Tho (မိုင်ထို) မြစ်တစ်လျှောက် လှေစီးပြီး သွားရတာ အရမ်းအေးချမ်းပြီး Rose ကတော့ အရမ်း ကြိုက်ပါတယ်.. ဒေသခံတွေရဲ့ လက်မှုလုပ်ငန်းတွေဖြစ်တဲ့ အုန်းသကြားလုံး (coconut candy) ပြုလုပ်ပုံ၊ ပျားရည်ခြံ (bee farm) တွေကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်…. ရာသီအလိုက် သစ်သီးဝလံတွေ၊ ပျားရည်လက်ဖက်ရည်၊ ဗီယက်နမ်ရိုးရာ နေ့လယ်စာတွေကို မြည်းကြည့်ခဲ့ရပါသေးတယ် 🤭😋
ဒါကြောင့်မို့ သူငယ်ချင်းတို့ ဟိုချီမင်းမြို့ကို ရောက်ပြီဆိုရင် ဒီ Full day tour လေးကို join ဖို့ Rose က အကြံဥာဏ်ပေးချင်ပါတယ်နော့
နောက်ဆုံးနေ့မှာတော့ Rose လေဆိပ်မသွားခင် အချိန်ရသေးတယ်ဆိုတော့ မော်တော်ဆိုင်ကယ်စီးပြီး ဆိုင်ဂွန်ဒေသခံနေရာများနဲ့ ယဉ်ကျေးမှုကို ရှာဖွေလေ့လာတဲ့ ခရီးစဉ်ကို join ခဲ့ပါတယ်။
TripAdvisor တို့ Getyourguide / Klook တို့ကနေ တိုက်ရိုက်ဝယ်လို့ရသလို rose တို့ Happy Steps ကနေလည်း စီစဉ်ပေးပါတယ်ရှင့်။
Book Tours & Review below
အကျဉ်းချုပ်ပြောရမယ်ဆိုရင် .. ဟိုချီမင်းမြို့ သည် မြန်မာခရီးသွားများအတွက်
- ဗီဇာမလို (၁၄ ရက်အထိ)
- လေယာဉ်လက်မှတ်စျေးသက်သာ
- စျေးတန်တဲ့ အစားအသောက်များ
- အထင်ကရ landmarks များ ကို လည်ပတ်နိုင်တာကြောင့် အလွန်သင့်တော်တဲ့ Solo Trip Destination ဖြစ်ပါတယ်။
Read Our Articles:
- စိတ်ဝင်စားဖွယ်ရာ အန်ဂေါဝတ် နှင့် ကမ္ဘောဒီးယားသို တစ်ခေါက် (Siem Reap Travel Guide) – GoSoloX
- Hotel Faber Park Review – တန်ဖိုးရှိမှုနှင့် ဝန်ဆောင်မှုအခြေအနေ
- ဖိလစ်ပိုင် အလည်မသွားခင် ကြိုပြင်ဆင်
- စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide ) – GoSoloX
- Sentosa ကျွန်း – စင်္ကာပူ၏ပျော်ရွှင်စရာကျွန်းတစ်ခု
- Pulau Ubin သို့ တစ်နေ့တာ ခရီး – (Pulau Ubin Day Trip Guide 2025)
- (၄) ရက်တည်းနဲ့ အာရှ ၃ နိုင်ငံ (စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်) သုံးနိုင်ငံ ခရီးစဉ်
မိန်းကလေးတယောက်အတွက်လည်း Solo သွားဖို့ Safe ဖြစ်တဲ့မြို့တခုဆိုလည်းမမှားပါဘူး ။ ဖော်ရွေတဲ့ ဗီယက်နမ်လူမျိုးတွေရယ်၊ မြည်းစမ်းကြည့်သင့်တဲ့ ဒေသအစားအစာတွေရယ်၊ အလှပတွေ များတဲ့ ဟိုချီမင်းမြို့လေးကို တကြိမ်လောက်တော့ အလည်သွားကြည့်သင့်ပါတယ်နော် ။
” Solo travel is a dance with the world where your steps are entirely your own “