Solo ခရီးသွားခြင်းဟာ မိမိအတွက် စိတ်လှုပ်ရှားစရာနဲ့ ပြောင်းလဲမှု အသစ်ဆန်း အတွေ့အကြုံသစ်ရရှိမှုဆိုလည်း မမှားပါဘူး။ နယ်ပယ်နေရာအသစ်မှာ မိမိမသိရှိသေးတဲ့ ယဉ်ကျေးမှုတွေ၊ အစားအစာတွေ၊ မတူညီတဲ့ ဓလေ့ထုံးစံတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ တစ်ကိုယ်ထဲ ပထမဆုံး ခရီးသွားမည့်သူများအတွက် တစ်ယောက်တည်း ခရီးတွက်မယ်ဆိုတာနဲ့ စိတ်လှုပ်ရှားစရာဖြစ်နိုင်သလို ကြောက်ရွံစိတ်လည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် introvert တစ်ယောက်အတွက် ဒါဟာ စိန်ခေါ်မှုတစ်ခုပါပဲ။ စည်ကားတဲ့ မြို့တစ်မြို့ကိုဖြစ်စေ၊ တိတ်ဆိတ်အေးချမ်းသော ကျေးလက်ဒေသကိုဖြစ်စေ၊ ကမ်းခြေတခုကိုဖြစ်စေ ခရီးကို အခက်ခဲမရှိ အဆင်ပြေပြေသွားလာနိုင်စေရန်အတွက် အဓိကလိုအပ်သောအချက်များကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
Rose ကတော့ Introvert တစ်ယောက်မို့ ငယ်ငယ်တည်းက တစ်နေရာရာ သွားတာပဲဖြစ်ဖြစ် လိုချင်တာ တစ်ခုခုကို မေးမြန်းတာဖြစ်ဖြစ် အရမ်းခက်ခဲခဲ့ပါတယ်။ အိမ်ရဲ့အနီးအနား စျေးတစ်ခုကို သွားဖို့တောင် ကြောက်ရွံ့ခဲ့တဲ့သူတစ်ယောက်မို့ Solo ခရီးသွားခြင်းဆိုတာကို စိတ်ထဲကတောင် မတွေးခဲ့ဖူးပါဘူး။ Solo သွားခြင်းဟာ မိမိသွားမည့် ခရီးစဉ်တလျှောက်လုံး လုံခြုံရေး၊ ဆက်သွယ်ရေး တခြားလိုအပ်မည့်အရာများ၊ မိမိသွားမည့်နေရာ၏ information ၊ အဝတ်အစား၊ ဆေးဝါးနှင့်တကွ လိုအပ်နိုင်မည့် အချက်များကိုပါထည့်သွင်းစဉ်းစား ပြင်ဆင်သွားသင့်ပါတယ်။
မိမိသွားမည့် နိုင်ငံ၊ ဒေသက Safe ဖြစ်သလား ?
မိမိ မှန်းထားသလို အခြေနေမျိုး မဖြစ်သည့်အခါတွင်လည်း ဘယ်လိုချက်ချင်းဆုံးဖြတ်ချက်ချမလဲ ဆိုတာက Solo တွေအတွက် အရေးကြိးသော အချက်ပါပဲ။ ဒါကြောင့် ပထမဆုံး Solo သွားမည့်သူများအတွက် ခရီးစဉ်အစ/ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရဖြစ်သော ခရီးစဉ်တခုဖြစ်စေရန် လိုအပ်သော ပြင်ဆင်သင့်သော အချက်များကို ဝေမျှပေးချင်ပါတယ်နော် …
ဘာတွေပြင်ဆင်ဖို့လိုအပ်လဲ ?
အစီစဉ်ချပြီးပြင်ဆင်ပါ။
တယောက်ထဲ စတင်သွားမည့်ခရီးဖြစ်တဲ့အတွက် အစီစဉ်ကတော့သေချာဆွဲရပါမယ်။ မိမိသွားမည့်နေရာရဲ့ ရေမြေ၊ ဓလေ့ ၊ ဘာသာစကား ၊ safe ဖြစ်မဖြစ်ကို အရင်ကြိုတင်လေ့လာရပါတယ်။ မိမိရဲ့ Passport, Visa , travel insurance ကဲ့သို့သော စာရွက်စာတမ်းများကိုလည်း ပြင်ဆင် စစ်ဆေးရပါမယ်။
Klook.comမိမိသွားမည့် နိုင်ငံ ဒေသရဲ့ ဘာသာစကား ၊ ဓလေ့ကိုလည်း အနည်းငယ်တော့ သိရှိအောင် ကြိုတင်လေ့လာသင့်ပါတယ်။ ပထမဆုံးသွားမဲ့ခရီးစဉ်ဆိုရင်တော့ TripAdvisors က Reviews တွေကို အရင်ကြိုဖတ်ပြီး ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသင့်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဟိုတယ်ဆိုရင်Agoda, Tours တွေ join ဖို့ဆိုရင်Klook ,Getyourguide ,Viator တို့မှာ ဝယ်ယူပါတယ်..
Rose ကတော့ ဘယ်နိုင်ငံကို solo ပဲ သွားသွား .. joint tours လေးတွေနဲ့ သွားတတ်တဲ့သူပါ .. Safe ဖြစ်သလို ၊ တခြား ခရီးသွားဖော်တွေနဲ့ တွေ့ဆုံ စကားပြောရတာဟာ joint tour နဲ့ သွားတဲ့သူတွေ အတွက် အားသာချက်လိုပြောရမှာပဲ … ဒီ joint tour လေးက small group joint tour ဖြစ်ပါတယ် ..တခြားနိုင်ငံက ခရီးသွားတွေနဲ့ အတူ join ပြီး ခရီးစဉ်တစ်ခုလုံးကို အတူလည်ပတ်တာမို fist time solo trip သွားချင်တဲ့ သူတွေအတွက် အရမ်းကို safe ဖြစ်ပြီး comfortable ဖြစ်စေတဲ့ tour တစ်ခုဖြစ်ပါတယ်.. ဟိုတယ်ကို pickup လုပ်တာကနေ ခရီးစဉ်ဆုံးတဲ့အထိ အကုန်ပါတာမို ထပ်ဆောင်း ပေးစရာမလိုပါဘူး
Our Recommended Booking Platforms
For Reviews – TripAdvisor
Trip.com Official Site | Travel Deals and Promotions
Klook Travel — Activities, tours, attractions
GetYourGuide — Tours & Attractions
Viator — Tours & Activities
Hotel Combined — Hotels & Hostel Bookings
Kayak: Compare & Save on Cheap Hotel Deals – HotelsCombined
Discover Cars: Best Car Rental Deals with Free Cancellation, Compare & Save! | Discover Cars
Agoda: Worldwide Hotel Booking
Joint Tour / SIC Tour ဆိုတာဘာလဲ?
SIC (Seat-in-Coach) ဆိုတာကတော့ ကမ္ဘာ့အရပ်ရပ်က လာတဲ့ ခရီးသွားတွေနဲ့အတူ ကားတစ်စီးတည်းမှာ နေရာ (Seat) ဝယ်ယူပြီး စုပေါင်းသွားလာရတဲ့ ခရီးစဉ်မျိုးကို ခေါ်တာပါ.. ဥပမာ – ထိုင်းရောက်နေတဲ့အချိန် တစ်ရက်တာ Floating Market သွားဖိုအတွက် တစ်ယောက်တည်း ကားငှားစရာမလိုဘဲ တခြားသူတွေနဲ့ ကားအတူစီးပြီး သွားရတဲ့ Day Tour မျိုးတွေကို ဆိုလိုတာပါ..
လူသက်သာ၊ ပိုက်ဆံသက်သာ၊ စိတ်အေးချမ်းသာစွာနဲ့ ခရီးသွားဖို Happy Steps Travel ရဲ့ Optional Tours ဝန်ဆောင်မှုကို ရယူလိုက်ပါ….
Stay Safe First
တကိုယ်ထဲ ခရီးသွားတဲ့အခါ ဘေးကင်းဖို့က No -1 ပါပဲ။ Passport ၊ မှတ်ပုံတင်နဲ့ ၊ ငွေသား အဖိုးတန် လက်ဝတ်ရတနာများကို လုံခြုံသောနေရမှာ ထားရှိပါ။ တတ်နိုင်သ၍တော့ မလိုအပ်ရင် ရွှေကဲ့သို့ အဖိုးတန်လက်ဝတ် ရတနာများစွာ ဝတ်ဆင်ခြင်းကိုတော့ရှောင်ရှားစေလိုပါတယ် .. ညအချိန်မှာ ကိုယ်နဲ့ မရင်းနှီးသော နေရာများဖြစ်တဲ့အတွက် သေချာ သတိထားသင့်ပါတယ်။ မိမိရောက်ရှိ တည်းခိုတဲ့တည်နေရာကို မိသားစု (သို့) ယုံကြည်ရသော သူငယ်ချင်းကို အသိပေးသင့်ပါတယ်။ Nightlife တွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။
Pack Smart
ထုတ်ပိုးတဲ့အခါ ပေါ့ပါးသော အိတ်တွေကိုပဲအသုံးပြုပါ။ စနစ်တကျနဲ့ပေါ့ပါးတဲ့အိတ်တွေက သွားလာရတဲ့အခါမိမိအတွက်လွယ်ကူစေပါတယ်။ အဝတ်အစားများကို အလွှာလိုက် pack လုပ်ပြီး first-aid kit ကို သီးသန့် တအိတ် ထုတ်ပိုးဖို့မမေ့နဲ့နော်။ power bank နှင့် reusable bottle ၊ Tissue အနည်းငယ်၊ ရေချိုးခန်းသုံးပစ္စည်းအနည်းငယ်နှင့် Hand-Gel ကိုလည်း ဆောင်သွားသင့်ပါတယ်။ ကိုယ်သွားမဲ့နေရာဒေသနဲ့ အချိန်အခါကိုလိုက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို သေချာ Pack လုပ်သင့်ပါတယ်။
Embrace Technology
Solo ခရီးသွားတော့မယ်ဆိုရင် လိုအပ်တဲ့ Apps တွေကို ကြိုတင် DL လည်း လုပ်ထားသင့်ပါတယ်။ မိမိရောက်ရှိတဲ့နေရာတိုင်းဟာ internet ရချင်မှရမှာဖြစ်တဲ့အတွက် Offline မြေပုံများ ၊ Translation tools များ ၊ local transportation guides များကိုတော့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ မိမိ တည်းခိုမည့်နေရာတွေကို ကြိုတင်ပြီး booking တင်ရန်၊ Nearby restaurant များကိုလည်း ရှာဖွေထားသင့်ပါတယ်။ social media နှင့် Travel Forum တွေမှလည်း အကြံပြုချက်များစွာရှိတဲ့အတွက် ဖတ်ရှုထားသင့်ပါတယ် ။ Rose အမြဲ သုံးတဲ့ platform ကတော့ TripAdvisor ပဲဖြစ်ပါတယ်။ တကယ်အသုံးဝင်ပြီး Solo Travelers တိုင်းအတွက် မရှိအဖြစ်ပါ။
Stay Connected
မိမိပတ်ဝန်းကျင်ကို ခဏ အဆက်သွယ်ဖြတ်ပြီး ပျော်ပျော်ပါးပါးလည်ပတ်ဖို့က လုံခြုံမှုနဲ့ မိမိအဆင်ပြေဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် မိမိ phone ကို အားသွင်းထားပြီး အဆက်သွယ်မပြတ်စေရန် ပြည်တွင်း SIM ( သို့မဟုတ် ) နိုင်ငံတကာ Roaming plan ကို ဝယ်ယူထားပါ။ BFF ( သို့ ) မိသားစုနှင့် တရက်ထက်ပိုပြီး ဆက်သွယ်မပြတ်စေပဲ မိမိတည်နေရာကို အသိပေးခြင်းက မိမိအတွက် မမျှော်လင့်ထားသော အန္တရာယ်ကျရောက်ခြင်းမှ အတတ်နိုင်ဆုံး အကာကွယ်ပေးသလို ကျရောက်လာပါကလည်း information လိုက်ရတာ ပိုလွယ်ကူစေပါတယ်။
Be Open and Social
Solo ခရီးသွားခြင်းဟာ မိတ်ဆွေ အသစ်တွေအများကြီးတိုးပွါးစေနိုင်တဲ့ အခွင့်အရေးပါ။ Hostels ( သို့ ) Guesthouse တွေမှာ တည်းခိုခြင်းဖြင့် မိမိကဲ့သို့ နိုင်ငံတကာ၊ နေရာပေါင်းစုံမှ ဝါသနာတူသူတွေနဲ့ မိတ်ဆွေ အသစ်ဖွဲ့နိုင်ပါမယ် ။ ပြီးတော့ Getyourguide / Viator တို့ကနေ tours တွေ join ခြင်းအားဖြင့်လည်း မိတ်ဆွေကောင်းတွေရနိုင်ပါသေးတယ်။ Rose ရဲ့ New York and Washington DC Solo Trips မှာ ဝါသနာတူ မိတ်ဆွေအသစ်တွေလည်းရခဲ့ပါသေးတယ်။ ဒေသခံတွေ မိမိလို ခရီးသွားဖော်တွေနဲ့ စကားပြောဆိုဖို့ မကြောက်ပါနဲ့။ မိတ်ဆွေသစ်တွေဟာ မိမိ ဘဝအတွက် တကယ်ကို အဖိုးတန်တဲ့ အရာတွေကို ယူဆောင်လာပေးပါတယ် ။
Trust Your Instincts
Solo ခရီးသွားတဲ့အခါ မိမိရဲ့ ပင်ကိုယ်စွမ်းရည်ဟာလည်း အရေးပါအရာရောက်ပါတယ်။ အခြေအနေတခု (သို့) လူတဦးဦးက မိမိကို စိတ်မသက်မသာဖြစ်စေတယ်ဆိုရင် မိမိထင်မြင်တဲ့ စိတ်ကို ယုံကြည်ပြီး ချက်ခြင်းထိုအခြေအနေမှ ထွက်ခွါပါ။ အဓိကက မိမိ ဘေးကင်းမှုနဲ့ မိိမိကျန်းမာရေးကို အမြဲ ဦးစားပေးပါ။ ပတ်ဝန်းကျင်ကိုအမြဲနားစွင့်နေသင့်ပါတယ်။
အရေးကြီးသောအချက်လက်များကို ဂရုစိုက်ရန်
မိမိ၏ အရေးကြီးသော Passport ၊ Visa ၊ ID ၊ Travel insurance ကဲ့သို့ အရေးကြီးသော စာရွက်စာတမ်းများကို Photo အရင်ဆုံး ရိုက်ထားပါ။ မိတ္တူ တစုံဖြစ်ဖြစ်ဆွဲထားပြီး မူရင်းများနှင့် သီးသန့် သိမ်းဆည်းထားပါ။ အကယ်၍ ပျောက်ဆုံးမှု ( သို့ ) ခိုးယူခံရမှု ဖြစ်ခဲ့လျှင် ထိုအရာများက မိမိအတွက်ဖြေရှင်းရန်အသုံးဝင်ပါလိမ့်မယ် ..
ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့်ကျင့်ဝတ်များကို လေ့လာပါ
ဒေသတွင်း ဓလေ့ထုံးတမ်းများကို နားလည်ခြင်း ၊ လေးစားခြင်းသည် မိမိရဲ့ ပထမဆုံးခရီးသွားခြင်းအတွေ့အကြုံကို မြင့်တင်ပေးရာရောက်တဲ့အပြင် နားလည်မှု လွဲမှားခြင်းမျိုးမဖြစ်စေရန် အကူညီပေးပါတယ် ။ မိမိ ခရီးမသွားမှီ ယဉ်ကျေးမှု စံနှုန်းများ ၊ ဝတ်စားဆင်ယင်မှု၊ တားမြစ်ထားသောနေရာများ နှင့် လူမှုရေးကျင့်ဝတ်များကို သေချာ ကြိုတင်ဖတ်ရှုပါ။ ဒေသဓလေ့ထုံးစံများကို သတိရှိလေးစားမှုကို ပြသခြင်းဖြင့် မိမိရဲ့ ခရီးစဉ်ကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်..
Flexible and Adaptable ဖြစ်ပါစေ
Solo ခရီးဖြစ်တဲ့အတွက် ရောက်တဲ့နေရာမှာ လိုက်လျောညီထွေဖြစ်တတ်ဖို့ စိတ်ကို ပြင်ဆင်ထားခြင်းဖြင့်လည်း ခရီးစဉ်မှာ ပိုမိုပျော်ရွှင်ရပါစေလိမ့်မယ်။ မမျှော်လင့်ထားတဲ့ အခြေနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲ ပြင်ဆင်တတ်ပြီး ဆုံးဖြတ်ချက်လည်း ချတတ်ရပါမယ်။ တခါတရံ မိမိမမျှော်လင့်ထားတဲ့ စွန့်စားမှုတွေလည်း Solo ခရီးစဉ်မှာ ကြုံတွေ့ရတတ်ပါတယ်ဆိုတာလည်း သတိရှိရပါမယ်…
Happy Steps Travel မှ ဝန်ဆောင်မှုများ
Happy Steps Travel မှ လူကြီးမင်းတိုအတွက် အကောင်းဆုံး၊ လွယ်ကူချောမွေ့ဆုံး ခရီးသွားဝန်ဆောင်မှုများကို အထူးနှုန်းဖြင့် ပေးအပ်ရန် အသင့်ရှိနေပါပြီ။
- အဖွဲလိုက် လေယာဉ်လက်မှတ်များ (ပြည်တွင်း၊ပြည်ပ) (Group Flight Tickets): ပြည်တွင်း/ပြည်ပ ခရီးစဉ်များအတွက် အထူးနှုန်းဖြင့် လေကြောင်းလိုင်းများအားလုံး။
- ဟိုတယ်နှင့် အပန်းဖြေစခန်းများ (Hotels & Resorts): မြန်မာပြည်အနှံအပြားနှင့် အာရှဒေသရှိ ဟိုတယ်များကို ကော်ပိုရိတ်ဈေးနှုန်းဖြင့်။
- မြန်မာတစ်ပြည်လုံး ဘတ်စ်ကားလက်မှတ်များ (Bus Tickets): အားလပ်ရက်အတွင်း ခရီးသွားလာရန်အတွက် လုံခြုံစိတ်ချရသော ဘတ်စ်ကားများ။
- အာရှခရီးစဉ် ပက်ကေ့ချ်များ (Asia Tour Packages):အဖွဲလိုက် လည်ပတ်ရန် စိတ်ကြိုက်စီစဉ်ပေးနိုင်သော ခရီးစဉ်များ။
- ဗီဇာ ဝန်ဆောင်မှု နှင့် ကားငှါးရမ်းခြင်း ဝန်ဆောင်မှုများ
Visit Our Myanmar Articles Here
- စိတ်ဝင်စားဖွယ်ရာ အန်ဂေါဝတ် နှင့် ကမ္ဘောဒီးယားသို တစ်ခေါက် (Siem Reap Travel Guide) – GoSoloX
- Hotel Faber Park Review – တန်ဖိုးရှိမှုနှင့် ဝန်ဆောင်မှုအခြေအနေ
- ဖိလစ်ပိုင် အလည်မသွားခင် ကြိုပြင်ဆင်
- စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide ) – GoSoloX
- Sentosa ကျွန်း – စင်္ကာပူ၏ပျော်ရွှင်စရာကျွန်းတစ်ခု
- Pulau Ubin သို့ တစ်နေ့တာ ခရီး – (Pulau Ubin Day Trip Guide 2025)
- (၄) ရက်တည်းနဲ့ အာရှ ၃ နိုင်ငံ (စင်ကာပူ၊ ဂျိုဟိုး၊ ဘာတမ်) သုံးနိုင်ငံ ခရီးစဉ်
- ဟိုချီမင်းခရီးစဉ် – မြန်မာခရီးသွားအတွက် Budget-Friendly နေရာများ
- Asia Solo Travel Hostels: Solo Travelers များအတွက် Best Hostels
- ငွေဆောင်မှာ တည်းဖို့ – Hotel Lux Ngwe Saung review
- ငွေဆောင်ကမ်းခြေမှာ Chill ကြမယ်
- စင်္ကာပူဟိုတယ်စျေးသင့်
ပထမဆုံးအကြိမ် Solo ခရီးသွားခြင်းကိုအောင်မြင်ပြီးတဲ့အခါ မိမိအတွက် ယုံကြည်မှုတွေ ပိုတိုးတက်လာစေတာဟာ အမှန်ပါ။ အတွေ့ကြုံသစ်တွေ ရရှိခြင်း၊ စွန့်စားမှုများ ကြုံခဲ့ရလျင်လည်း အောင်မြင်မှုကို ပိတိဖြစ်ရခြင်း၊ မိတ်ဆွေအသစ်များရရှိခြင်း၊ ဗဟုသုတ အသစ်များကိုလည်း ရရှိရတဲ့ကျေနပ်မှုတွေဟာ တခြားအတွေ့ကြုံတွေနဲ့ မလဲနိုင်ခြင်းတွေပါပဲ …
ပထမဆုံး အတွေ့ကြုံမှ နောက် ခရီးစဉ်အတွက် လိုအပ်ချက်တွေကို သိရှိပြီး ပြင်ဆင်ခြင်းတွေ ပြုလုပ်နိုင်မှာပါ ..
စွန့်စားခန်းတွေကို ရှာဖွေပါ…
ကမ္ဘာကြီးကို စူးစမ်းဖို့ ….
တစ်ယောက်ထဲ ခရီးတွေသွားပါ …
Rose အပါအဝင် မြန်မာတွေ လုပ်လေ့လုပ်ထ သိပ်မရှိတဲ့ ကြိုတင်ပြင်ဆင်ခြင်းဆိုတာ တကယ်တော့ ခရီးသွားရင် အထူးလိုအပ်ပါတယ်။ ခရီးစဉ်တခု ဖြောင့်ဖြူးလား အဆင်ပြေလားဆိုတာ ကြိုတင်ပြင်ဆင်ခြင်းအတွက် အထူးအရေးပါပါတယ်။ ခရီးသွားအာမခံ ဆိုတာမျိုးဟာလည်း သိပ်ဝယ်လေ့မရှိကြပါဘူး။ တကယ့်အခြေအနေတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါ သိပ်အကျိုးရှိသွားစေပါတယ်…
ကိုယ့်အသုံးစရိတ် Budget management ကို သေချာချင့်ချိန်တတ်တဲ့သူဟာ ခရီးစဉ်တိုင်းကို ငွေအကုန်အကျ အသက်သာဆုံးနဲ့ ရောက်သွားနိုင်ကြသူများပါပဲ…. ဥပမာ – ကြိုတင်ပြင်ဆင်ပြီး Agoda က ဟိုတယ် book တာမျိုးနဲ့ Trip.com ကနေ Flight ticket ဝယ်ယူတာမျိုးဟာ စျေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ် …
Rose ကိုယ်တိုင်လည်း ငွေကို အတိုင်းအတာလေးတစ်ခုနဲ့ ခရီးထွက်တဲ့ Budget Travel လေးတွေ လုပ်ခဲ့ဖူးပါတယ်… မယုံနိုင်လောက်အောင် သက်သာတဲ့ငွေကြေးပမာဏနဲ့ ခရီးတွေ ထွက်နိုင်တာ သိလိုက်ရတယ်… ဒါဟာလည်း ကြိုတင်ပြင်ဆင်ခြင်းပါပဲ 🙂