Siem reap Travel Guide

စိတ်ဝင်စားဖွယ်ရာ အန်ဂေါဝတ် နှင့် ကမ္ဘောဒီးယားသို တစ်ခေါက် (Siem Reap Travel Guide)

သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေထဲက အမှတ်တရတစ်ခုဖြစ်တဲ့  ကမ္ဘောဒီးယား၏ အန်ဂေါဝတ် အကြောင်း သိသလောက် မျှဝေချင်ပါတယ်ရှင်။ 

ခမယ်အင်ပိုင်ယာ၏ ရှေးဟောင်းအဆောက်အအုံ ဖြစ်သလို ယူနက်စကို ကမ္ဘာ့အကျိုးပြုအမွေအနှစ်တစ်ခုဆိုလဲ မမှားပါဘူး။ အာရှတောင်ဘက်တွင် ရင်သပ်ရှုမောဖွယ် ရှုထောင့်တစ်ခုအဖြစ် အန်ဂေါဝတ်သည် မီလျံပေါင်းများစွာသော ခရီးသွားများကို ဆွဲဆောင်သောနေရာလည်းဖြစ်ပါတယ်။

အန်ဂေါဝတ်ကို စုံလင်စွာ လေ့လာရန် တစ်နေ့ထက် ပိုပြီး အချိန်လိုအပ်သော်လည်း၊ Rose ကတော့ အချိန်အကန့်အသတ်များကြောင့် ဒီဆောင်းပါးတွင် အန်ဂေါဝတ်တွင် ဘယ်လိုအကောင်းဆုံးလည်ပတ်နိုင်မလဲနှင့် solo travel အတွေ့အကြုံလေးကို မျှဝေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Angkorwat - Siemreap travel guide

ကမ္ဘောဒီးယားခရီးစဉ်အတွက် အရေးကြီးသောအကြံပြုချက်များ


ဗီဇာ နှင့် စာရွက်စာတမ်းများ

ကမ္ဘောဒီးယားခရီးစဉ်အတွက် ဗီဇာလိုအပ်ချက်များကို စစ်ဆေးပါ။ အွန်လိုင်းမှတဆင့် ဗီဇာလျှောက်ထားနိုင်ပြီး၊ သို့မဟုတ် Arrival visa ( ဆိုက်ရောက် ဗီဇာ ) လျှောက်ထားနိုင်ပါသည်။ သင်၏ နိုင်ငံကူးလက်မှတ်သည် အနည်းဆုံး ၆ လ သက်တမ်းရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ဗီဇာ FREE ဖြစ်တဲ့အတွက် အချိန်မရွေး သွားရောက်လည်ပတ်နိုင်ပါတယ်နော် ။ 

Please check our VISA SERVICES here!

ရာသီဥတုနှင့် အချိန်ကာလ

ကမ္ဘောဒီးယားတွင် ရာသီဥတုနှစ်ခုရှိသည် – မိုးရာသီနှင့် ခြောက်သွေ့ရာသီ။ ခရီးသွားရန်အကောင်းဆုံးအချိန်မှာ နိုဝင်ဘာမှ ဧပြီအထိ ဖြစ်ပါသည်။ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး၊ ရေကြီးရေလျှံမှုများ ဖြစ်တတ်သောကြောင့် ရှောင်သင့်ပါတယ်နော်။ 

ငွေကြေးနှင့် ငွေသား

ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာနှင့် ကမ္ဘောဒီးယားရီးလ် (៛) နှစ်မျိုးလုံး အသုံးပြုနိုင်ပါသည်။ ဆိုင်တော်တော်များ ကလည်း  အများအားဖြင့် ခရီးသွားများအတွက် အမေရိကန်ဒေါ်လာကို လက်ခံကြပါတယ်။ ငွေသားကို အမြဲတမ်း ဆောင်ထားရန် လိုအပ်ပါသည်။ 

ကျန်းမာရေးနှင့် လုံခြုံရေး

ခရီးမသွားမီ ကျန်းမာရေးစစ်ဆေးမှုများနှင့် ကာကွယ်ဆေးများကို စီစဉ်ပါ။ သောက်သုံးရေကို အမြဲတမ်း ပုလင်းရေ သိုမဟုတ် ရေစစ်စက်မှ ရေသောက်ပါ။ ကမ္ဘောဒီးယားသည် ခရီးသွားများအတွက် အထွေထွေအန္တရာယ်များမရှိသော နေရာတစ်ခုဖြစ်သော်လည်း မိမိ safety ကို အထူးဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်နော် ။ ခရီးသွားနေစဉ် မသိသော နေရာများတွင်  အထူးသတိပြုပါ။ လုံခြုံရေးအတွက် ညအချိန်တွင် အန္တရာယ်ရှိသော နေရာများကို ရှောင်ကြဉ်ပါ။ ယုံကြည်ရသော transportation ဝန်ဆောင်မှုများကို အသုံးပြုပါ၊ ဒေသဆိုင်ရာ စည်းကမ်းနှင့် သဘောထားများကိုလည်း သတိပြုဖို အကြံပေးပါရစေ …

သယ်ဆောင်ရန် ပစ္စည်းများ

အလွန်ပူသော ရာသီဥတုကြောင့် အလွယ်တကူ ဝတ်ဆင်နိုင်သော အဝတ်အစားများနှင့် နေကာများကို သယ်ဆောင်ပါ။ ခရီးသွားအတွက် လိုအပ်သော ပစ္စည်းများကို စာရင်းပြုစုပြီး သေချာစွာ စီစဉ်သင့်ပါတယ် ။

အစားအစာနှင့် အချိုပွဲများ

ကမ္ဘောဒီးယား၏ အစားအစာများသည် အိန္ဒိယ၊ တရုတ်နှင့် ပြင်သစ်အရသာများနှင့် ပေါင်းစပ်ထားတာကြောင့် street food များကို လက်မလွှတ်သင့်ပါ။ သို့သော်လည်း လမ်းဘေးအစားအစာများကို စားသုံးရာတွင် သတိပြုစေချင်ပါတယ်။

သွားလာရေးနှင့် သယ်ယူပိုဆောင်ရေး

ကမ္ဘောဒီးယားတွင် သယ်ယူပို့ ဆောင်ရေးစနစ်များမှာ မော်တော်ဆိုင်ကယ်များနှင့် တက္ကစီများကို အဓိကထား အသုံးပြုကြပါတယ်။

ဘာသာစကားနှင့် ယဉ်ကျေးမှု

အင်္ဂလိပ်ဘာသာစကားကို အများအားဖြင့် နားလည်နိုင်သော်လည်း၊ ခမာဘာသာစကားကို အခြေခံစကားလုံးများ သင်ယူထားပါက ပိုမိုအဆင်ပြေပါသည်။ အရေးကြုံလျှင် လိုအပ်သလို အသုံးပြုနိုင်တာကြောင့် translate apps များကို ကြိုတင်ထည့်သွင်းထားရန် လိုအပ်ပါသည်။ ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာများကို လည်းလေးစားသင့်ပါသည်။ 

အကြံပြုချက်များ

  • အင်တာနက်နှင့် ဆက်သွယ်ရေးအတွက် SIM ကတ်ကို လေဆိပ်တွင် ကြိုတင်ဝယ်ယူပါ။
  • ခရီးစဉ်အတွက် အထူးသဖြင့် အင်တာနက်မှတဆင့် အထောက်အကူပြုသော အက်ပ် (apps) များကို အသုံးပြုပါ။
  • ခရီးသွားအတွက် လိုအပ်သော အချက်အလက်များကို အမြဲတမ်း ကြိုတင်စုဆောင်းထားပါ။

အထူးအချက်အလက်များ

  • ကမ္ဘောဒီးယား၏ သမိုင်းဝင်နေရာများကို လေ့လာရန် အချိန်ယူပါ။
  • ဒေသခံများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို လေးစားပါ။
Angkor Wat

အန်ဂေါဝတ် ဝင်ခွင့်လက်မှတ် ရရှိနိုင်သော နေရာများ

အန်ဂေါဝတ်ကို ဝင်ရောက်လေ့လာရန် ဝင်ခွင့်လက်မှတ် တစ်ခုလိုအပ်ပါသည်။ အဆိုပါလက်မှတ်များကို အန်ဂေါဝတ် စတုရန်းသမိုင်းပန်းခြံ၏ ဝင်ပေါက်တံခါးမှာ ဝယ်နိုင်ပါတယ်။ Rose ကတော့ Klook သိုမဟုတ် GetYourGuide ဝက်ဘ်ဆိုက်များတွင် ဝယ်ယူရန် အကြံပြုပါသည်။ walk-in rate ထပ် သက်သာစွာ ရရှိနိုင်ပါတယ်။

အန်ဂေါဝတ် သမိုင်းပန်းခြံ ဝင်ခွင့်လက်မှတ်များ

  • တစ်နေ့စာ လက်မှတ်: USD 37
  • သုံးနေ့စာ လက်မှတ် (သုံးရက်အတွင်း ဘယ်လိုရက်မှ ရယူနိုင်): USD 62
  • ခုနှစ်နေ့စာ လက်မှတ် (တစ်လအတွင်း ဘယ်လိုရက်မှ ရယူနိုင်): USD 72

Transportation

အန်ဂေါဝတ်သို ရောက်ရှိရန် စီအမ်ရပ် ( Siem Reap) သည် အဓိက ဝင်ပေါက်ဖြစ်သည်။ Yangon to Siem Reap flight ကို ဝယ်ယူပြီး သွားရောက်နိုင်ပါသည်။ ခရီးသွားအများစုသည် စီအမ်ရပ်တွင် နေထိုင်ကြပြီး၊ အန်ဂေါဝတ် သို သွားရန် Tuk Tuk များ သိုမဟုတ် တက္ကစီများငှါးပြီး လည်ပတ်ကြပါသည်။ 

Transportation

ဘယ်တွေ လည်ပတ်ကြမလဲ ? 

သမိုင်းဝင် မြို့တော်ဖြစ်သော Siem Reap, Cambodia သည် Angkor Wat ကြောင့် လူသိများသော နေရာတစ်ခု ဖြစ်တာကြောင့် must go places ထဲမှာ ပါဝင်ပါတယ်။ 

1. Angkor Wat – သမိုင်းဝင်ဘုရားစေတီများဖြစ်ပြီး ၁၂ ရာစုကတည်းက ရှိနေသည့် ဘုရားကျောင်းများကို လေ့လာနိုင်သလို လှပသည့် ရှုခင်း နဲ့ အလှတရားတွေကို photo shot လုပ်ဖိုအတွက် ပထမဆုံး သွားရောက်သင့်ပါတယ်။ 

2. Bayon Temple – Angkor Thom သည် ရုပ်ထုများကြွယ်ဝသော ဘုရားကျောင်းဖြစ်ပြီး အခြားသောဘုရားကျောင်းတွေထက် အံ့ဩဖွယ်ရာ လှပမှုနဲ့ ရုပ်ထုတွေကို လေ့လာနိုင်ပါတယ်။

3. Ta Prohm Temple – သစ်ပင်ကြီးများနှင့် ရုပ်ထုများပေါင်းရောထားသော  ဘုရားကျောင်းဖြစ်ပြီး, နာမည်ကျော် Tomb Raider ဇာတ်ကားရိုက်ကူးခဲ့သည့်နေရာအဖြစ်လည်း နာမည်ကြီးပါသည်။

4. Tonle Sap Lake – လှပသော ပင်လယ်ကန်ဖြစ်ပြီး ရေပေါ်က လုပ်ငန်းလုပ်ကိုင်သော ဒေသခံများရဲ့ဘဝနဲ့ ရိုးရှင်းတဲ့ သဘာဝအလှကို တွေ့မြင်နိုင်ပါတယ်။

5. Angkor Night Market – ယဉ်ကျေးမှုပစ္စည်းများ၊ လက်မှုပစ္စည်းများအပြင် ဒေသအစားအစာများကို ရယူနိုင်သော နာမည်ကြီးဈေးတစ်ခုဖြစ်ပြီး ညနေဘက် လမ်းလျှောက်ထွက်ရင်းလည်ပတ်ဖိုအတွက် လည်းသင့်လျော်ပါတယ်။

ဘယ်ဟိုတယ်တွေကို ရွေးချယ်တည်းခိုသင့်လဲ? 

Siem Reap မှာ သင့်တင့်ပြီး အဆင်ပြေတဲ့ ဟိုတယ်အနည်းငယ်ကို ရွေးချယ်ပြီး recommend ပေးချင်ပါတယ်။ Don’t forget to check reasonable room rates and availability at AGODA to smooth your trip.

1. Saem Siem Reap Hotel

  • ဈေးနှုန်း: တစ်ည $40 – $60
  • ဈေးနှုန်းသင့်တင့်ပြီး အလယ်အလတ်အဆင့်ဟိုတယ်ဖြစ်ပါသည်။ သွားရေးလာရေး အဆင်ပြေပြီး ဝန်ဆောင်မှုလဲ ကောင်းမွန်တာကြောင့် ခရီးသွားတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ 

2. Central Suite Residence

  • ဈေးနှုန်း: တစ်ည $40 – $70
  • Pub Street နားမှာတည်ရှိတဲ့ ဒီဟိုတယ်မှာလဲ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

3. The Moon Residence & Spa

  • ဈေးနှုန်း: တစ်ည $30 – $50

4. The Amazing Residence

  • ဈေးနှုန်း: တစ်ည $30 – $50
  • Pub Street နဲ့ အနီးကပ်တည်ရှိပြီး, သန့်ရှင်းသပ်ရပ်တဲ့ အခန်းများ၊ ရေကူးကန်နဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြို့လယ်နှင့်လည်း နီးပါတယ်။

5. Diamond D’Angkor Boutique

  • ဈေးနှုန်း: တစ်ည $35 – $50
  • ဝန်ဆောင်မှုကောင်းမွန်ပြီး အစားအသောက်ဆိုင်တွေကလည်း အနီးနားမှာရှိတာကြောင့် အဆင်ပြေသောနေရာတစ်ခု ဖြစ်ပါတယ်။

6. Lub d Cambodia Siem Reap

  • ဈေးနှုန်း: တစ်ည $10 – $30

Read Our Articles :

Siem Reap သည် သမိုင်းဝင် Angkor Wat နှင့် အခြားသော အထင်ကရနေရာများကြောင့် ယဉ်ကျေးမှုအရ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်သည့် မြို့တော် တစ်ခုဖြစ်ပါသည်။ 

ခရီးသွားလာသူများအတွက် အလွယ်တကူ သွားလာနိုင်သော နေရာများ၊ အရသာရှိတဲ့ ဒေသထွက်အစားအသောက်များ၊ ဈေးနှုန်းသင့်တင့်သော ဟိုတယ်များ၊ စိတ်ချရတဲ့ အွန်လိုင်းဝန်ဆောင်မှု company များကို ဒီ article မှာ တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတာကြောင့် စာဖတ်သူတို့ အနေဖြင့်  စိတ်အေးအေးဖြင့် ခရီးထွက်နိုင်မှာဖြစ်ပါတယ်။ဒီ travel guide လေးက သင့်ရဲ့ ခရီးစဉ်အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်ရှင်။ 

Thanks for reading 🙂

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *