ငွေဆောင်မှာ တည်းဖို့ Hotel Lux Review Ngwe Saung Beach Hotel Guide

ငွေဆောင်မှာ တည်းဖို့ Hotel Lux Review | Ngwe Saung Beach Hotel Guide

ကမ်းခြေသွားတော့မယ်ဆိုရင် sea view မှ တည်းချင်တဲ့သူတွေရှိသလို ကိုယ်နိုင်တဲ့ budget လေးအတွင်းကနေ ဇိမ်ခံလို့ကောင်းမဲ့ ဟိုတယ်လေးတွေ ရွေးရတာ အာရုံနောက် ခေါင်းစားစရာပဲနော်… Hotel Lux Ngwe Saung review ကိုရှာနေသူတွေအတွက်တော့စျေးကြီးမှ ရနိုင်တဲ့ facilities တွေ၊ sea view ကိုမှ ခံစားနိုင်မဲ့ bungalow room တွေနဲ့ နေချင်ပေမဲ့ ကိုယ့် budget နဲ့ မကိုက်တာမျိုး၊ စျေးပေးရမှာ နှမြောတာတွေ ရှိတတ်ကြတယ်ဟုတ် ? 

ငွေဆောင်သွားရင် ဘယ်ဟိုတယ်မှာ တည်းရမလဲ စဥ်းစားနေတဲ့သူတွေအတွက် Lux ကတော့ တကယ်ကို Must-Try ပါပဲ။ Rose ရဲ့ (၂) ညအိပ် ခရီးစဥ်မှာ Lux က ဘယ်လိုအချက်တွေနဲ့ ဖမ်းစားသွားလဲဆိုတာ ပြောပြပေးမယ်နော် …

(၁) ပထမဆုံး အမြင်နဲ့ ဆွဲဆောင်မှု (First Impression & Check-in)

Hotel Lux ကို စရောက်ရောက်ချင်း သတိထားမိတာကတော့ အရမ်း အဆင်ပြေတဲ့ Location နဲ့ သူ့ရဲ့ အရမ်းကျယ်တဲ့ ခြံဝန်းပါပဲ … Reception ကို ရောက်တာနဲ့ ဝန်ထမ်းတွေရဲ့ နွေးထွေးတဲ့ အပြုံးတွေနဲ့အတူ Welcome Drink လေးက ခရီးပန်းလာသမျှကို ခဏချင်း ပျောက်ကွယ်သွားစေပါတယ်။ Check-in လုပ်ရတာလည်း မြန်ဆန်ပြီး ဝန်ထမ်းတွေက စိတ်ရှည်လက်ရှည်နဲ့ ဟိုတယ်ရဲ့ Facility တွေအကြောင်း ရှင်းပြပေးတာက တကယ်ကို Professional ဆန်ပါတယ် ..

Hotel Lux Ngwe Saung review - check in

(၂) ဈေးနှုန်းအားဖြင့် အဆင်ပြေတယ် ( ဒါပေမဲ့ Budget တော့ အရမ်းမဖြစ်ဘူး ) 

Rose တို့က peak season မှာ သွားခဲ့တာဆိုတော့ သာမန်အချိန်တွေထပ်တော့ စျေးက ပိုများနေတယ်။ ဒါပေမဲ့လည်း Sea View Bungalow မှ တည်းချင်တာဆိုတော့ သိပ်မစဉ်းစားပဲ book လိုက်ပါတယ်..

Hotel Lux မှာက Deluxe Seaside View Bungalow  အခန်းက ၃၈၀၀၀၀ ကျပ် ၊  Deluxe Garden View အခန်းက ၃၀၀၀၀၀ ကျပ် အသီးသီးပဲ။ ရုတ်တရက် စျေးကွာတယ်ဆိုပြီး တွေဝေသွားတယ်။ ဒါပေမဲ့ 

ကိုယ်ကလည်း ကမ်းခြေရောက်ပြီဆိုရင် ပင်လယ်ကြီး တန်းမြင်ရတဲ့ အခန်းကိုပဲ လိုချင်တာရယ်၊၂ ယောက်တည်းမှာမို့ တစ်ဦးစာ ဆို ဘယ်လောက်မှ မရှိတော့ဘူး ဆိုပြီး Bungalow အခန်းကို ရွေးလိုက်တယ်။ ရတဲ့ အခန်းက Bungalow ကိုမှ ပထမဆုံး အခန်း – B1 ဆိုတော့ တန်းထွက်လိုက်တာနဲ့ ပင်လယ်ကြီးကို မြင်ရတယ်။ ပြီးတော့ သူများအခန်းတွေထပ် နေရာပိုကျယ်တယ်။ Sunbed ၂ ခုပါတဲ့ နေရာလေးလဲ ပါတော့ ညဘက် ကြယ်ကြည့်ဖို့ အဆင်ပြေတယ်။ ပင်လယ်လှိုင်းသံတွေနားထောင်ရင်း ခံစားအိပ်စက်ရမှာမျိုးမို့ သဘောကျမိတယ်။

Sea View Bungalow

(၃) ရေကူးမယ်

ကမ်းခြေလာပေမဲ့ ပင်လယ်ထဲ ရေချိုးရတာ မကြိုက်တဲ့အထဲမှာမပါဘူးဆိုတဲ့သူအတွက် ကမ်းခြေဟိုတယ်တွေမှာ ရေကူးကန်ပါတာမျိုးက အဆင်ပြေတယ်။ Hotel Lux ရဲ့ ရေကူးကန်က ပင်လယ်ကို မျက်နှာမူထားတာကြောင့် ရေကူးရင်ကူး မကူးတောင် ကန်ဘေး ဘီယာလေးထိုင်သောက်ပြီး တခြားသူတွေရဲ့ အပျော်ကို ကူးစက်ခံစားရတာကိုက ဘဝရဲ့ အရသာတစ်ခုလို့ ပြောလို့ရတယ် … Rose တို့ ယူထားတဲ့ အခန်းက ရေကူးကန်ဘေးဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့ ..

Hotel Lux Ngwe Saung review

Hotel Lux ရဲ့ အထင်ကရ (Iconic) အဖြစ်ဆုံး နေရာကတော့ သူ့ရဲ့ Infinity Swimming Pool ပါပဲ။ ရေကူးကန်ကနေ ကြည့်ရင် ပင်လယ်ပြင်ကြီးနဲ့ တစ်သားတည်း ဖြစ်နေသလို ခံစားရပါတယ်။

  • Photo Spot: Instagrammer တွေအတွက်တော့ Lux က အဆင်ပြေပါတယ်။ ရေကူးကန်ဘေးက ထီးလေးတွေ၊ လှပတဲ့ Landscape ဒီဇိုင်းတွေက ဘယ်နေရာကနေ ရိုက်ရိုက် ဓာတ်ပုံက အမိုက်စား ထွက်ပါတယ်။
  • Chill Vibe: ရေကူးကန်ဘေးမှာ Sunbed လေးတွေပေါ် လှဲပြီး စာအုပ်ဖတ်မလား၊ ဒါမှမဟုတ် Cocktail လေးတစ်ခွက် မှာသောက်မလား၊ တကယ့်ကို စိတ်အပန်းပြေစေမယ့် အခိုက်အတန့်တွေပါ။
View from the Sunbathe

(၄) အနားယူဖို့ အကောင်းဆုံး အခန်းအပြင်အဆင် (Room & Comfort)

ဒီခရီးစဉ်မှာ Rose တို့က Sea Side View Room ကို ရွေးချယ်ခဲ့ပါတယ်။ 

  • အိပ်ရာ (The Bed): ခရီးသွားရင် အိပ်ရာမသန့်ရင်၊ မအိရင် လူက မလန်းဆန်းတတ်ပါဘူး။ ဒါပေမဲ့ Lux ရဲ့ အိပ်ရာကတော့ မဆိုးဘူးပြောလို့ရပါတယ်။ 
  • Balcony (ဝရံတာ): အကြိုက်ဆုံးကို ပြောပါဆိုရင် Balcony ပါပဲ။ မနက်ခင်းမှာ ပင်လယ်လှိုင်းသံလေးတွေ နားထောင်ရင်း၊ ညနေဘက်မှာ နေဝင်ချိန်ကို ဝရံတာမှာထိုင်ပြီး ကြည့်ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး။
  • Amenities: အဲ့အပိုင်းမှာတော့ သိပ်မကြိုက်လှပါဘူး။ Bathtub ပါတဲ့ အခန်းမို့ အေးဆေးလေး ရေစိမ်မယ်တွေးထားပေမဲ့ expectation နဲ့ လွဲခဲ့ပါတယ်။ ရေချိုးခန်းကလည်း ကျယ်ဝန်းပေမဲ့ Bathtub နဲ့ floors တွေကတော့ သန့်ရှင်းမှုအားနည်းပါတယ်။ ရေချိုးခန်းစီးတဲ့ ဖိနပ်မှာလည်း သဲတွေနဲ့ ညစ်ပတ်နေသလို Floor တွေကလည်း မသန့်ရှင်းနေပါဘူး။ ရေအားလည်း မကောင်းတာမို့ အဲ့ အချက်ကိုတော့ တော်တော်စိတ်ပျက်ခဲ့မိပါတယ်။ 
Hotel Lux Ngwe Saung review - Sea View Room
Hotel Lux Ngwe Saung review - outside view from the room

(၅) Breakfast Experience 

Hotel Lux ရဲ့ Breakfast Buffet အကြောင်းကို မပြောဘဲ ကျော်သွားလို့ မရပါဘူး။ အရမ်းစိတ်ပျက်ခဲ့ရတာမို့ပါ ။ ဟိုတယ်ရဲ့ အနေအထားနဲ့ serve လုပ်တဲ့ မနက်စာက အဆင်ပြေမနေပါဘူး.. အဆိုးဆုံးကတော့ အစားအသောက်တွေဟာ အေးပြီး ကိုယ်သွားစာစတဲ့ ၈:၃၀-၉ နာရီ အချိန်မှာ ဘာတစ်ခုမှ သေချာပြန်မဖြည့်ထားတာပါပဲ ။ Rose တို့က မုန့်ဟင်းခါးလေးပဲ စားမယ်လုပ်ထားပေမဲ့ အေးစက်နေတာမို့ စားရတာ တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ အဲ့တစ်ခုလေးတော့ ပြင်ပေးလိုက်ရင် ပေးရတာနဲ့ တန်တဲ့ ဟိုတယ်တစ်ခုဖြစ်မှာ သေချာပါတယ်။ 

ညစာကတော့ မှာမစားဖြစ်ခဲ့ပါဘူး။ Hotel Lux က ရွာနဲ့ နီးတဲ့ နေရာလည်းဖြစ် ၊ စျေးတန်းနဲ့လည်း နီးတာကြောင့် ကိုယ် စားချင်တာလေးကို ရွာထဲကနေပဲ မှာစားခဲ့ပါတယ်။

Breakfast at Hotel Lux

(၆) ဝန်ဆောင်မှုနဲ့ စိတ်ကျေနပ်မှု (Hospitality & Service)

ဟိုတယ်တစ်ခုမှာ အဆောက်အဦးထက် အရေးကြီးတာက ဝန်ဆောင်မှု (Service) ပါ။ Hotel Lux ရဲ့ ဝန်ထမ်းတိုင်းက ဖော်ဖော်ရွေရွေ ရှိကြပါတယ်။ လိုအပ်တာရှိလို့ အကူအညီတောင်းတိုင်း ချက်ချင်းဆိုသလို စိတ်လိုလက်ရ ကူညီပေးကြတာကို တွေ့ရပါတယ်။

(၇) Location 

Hotel Lux ကို ရွေးချယ်ခဲ့တဲ့အချက်ထဲက တစ်ခုက သူ့ရဲ့ Location ပဲ ဖြစ်ပါတယ်။ ရွာနဲ့ နီးတဲ့ နေရာလည်းဖြစ် ၊ ရွာစျေးတန်းနဲ့လည်း နီးတာကြောင့် ညဘက်တွေဆိုရင် လမ်းလေးလျှောက်ရင်း စားချင်တာလေးတွေ ဝယ်စားဖြစ်ခဲ့ပါတယ်။ ဟိုတယ်ရဲ့ အဝင်ဝ မှာ ဆိုင်ကယ်ကယ်ရီ ( tuk tuk ) တွေရပ်ထားတာကြောင့် ဘယ်ပဲသွားသွား စျေးမေးပြီး တက်သွားလိုက်ရင် အဆင်ပြေပါတယ်။ ဟိုတယ်ကနေ ငွေဆောင်ရဲ့ Night Market  ကို သွားချင်ရင် ၅၀၀၀ ပဲ ပေးရပါတယ်။ အများဆုံး ၄-၅ ယောက်စီးလို့ရပါတယ်။ လူများရင် ပိုသက်သာပါတယ်နော်

Night Market

(၈) အသင်းအဖွဲ့တွေအတွက် Retreat Trip တွေဆို အဆင်ပြေတယ်

Hotel Lux ကိုလာတဲ့ အဖွဲ့တွေထဲ company trip လာတဲ့ အဖွဲ့တွေများပါတယ်။ ဟိုတယ်ရဲ့ ဈေးနှုန်းအရရော၊ နေရာအကျယ်အဝန်းအရပါ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ နှစ်ပတ်လည် ခရီးစဉ်၊ အပျော်ခရီးစဉ်တွေ စီစဉ်မယ်ဆိုရင် အတော်သင့်လျော်တဲ့နေရာလို့ မြင်မိပါတယ်။

ပင်လယ်ကြီးကို ကြည့်ရင်း သီချင်းတွေဆို၊ ကပြ သောက်ကြနဲ့ ပျော်နေကြတဲ့သူတွေကိုကြည့်ရင်း အပျော်တွေလည်း ကူးစက်ခဲ့ပါသေးတယ်။ တစ်ခုရှိတာကတော့ မိုက်တွေနဲ့ သီချင်းဆိုကြ၊ သီချင်းဖွင့်ကြတာဆိုတော့ ည ၁၁ နာရီအထိတော့ သီချင်းသံတွေကြားနေရမှာပါ။ ဆိတ်ငြိမ်စွာနေတတ်တဲ့သူတွေ ၊ quiet atmosphere ကိုကြိုက်တဲ့သူတွေအတွက်တော့ မသင့်တော်ပါဘူး.. Rose အတွက်တော့ မခံနိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့တော့ မြင်မိပါတယ်။ 

Ngwe Saung Beach

ဘယ်လို ဟိုတယ်တွေကို ရွေးချယ်သင့်လဲ?

 အကြံပြုချက်အနေနဲ့ ကောင်းမွန်သင့်တော်တဲ့Budget ဟိုတယ်များကို ရွေးချယ်စီမံတတ်ဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်သွားမည့် Travel Date ကို သိတာနဲ့ အခန်းတွေကို ကြိုတင်စာရင်းသွင်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ခရီးသွားရာသီမှာ အခန်းတွေဟာ လျှင်မြန်စွာပြည့်တတ်တဲ့အတွက် သင့်တော်သည့်အခန်းတွေကို ရွေးချယ်ပြီးတာနဲ့  ကြိုတင် book ပြီးမှသာ စိတ်ချလက်ချ ခရီးသွားနိုင်ပါတယ်။

Rose ကတော့ ခရီးသွားဖို့ ပြင်ဆင်တိုင်း ဟိုတယ်ဆိုရင် Agoda , Tours တွေ join ဖို့ဆိုရင် Klook , Getyourguide , Viator တို့မှာ ဝယ်ယူပါတယ်.. အရေးကြီးဆိုးကတော့ ခရီးမသွားခင် သွားမဲ့နေရာတွေရဲ့ travelers’ review တွေကြည့်ဖို့က အရေးကြီးဆုံးပါပဲ ။ Rose ကတော့ Tripadvisor ကနေ reviews တွေကြည့်ပြီး သွားချင်တဲ့နေရာတွေကို ကြည့်ပြီး ခရီးစဉ်ကို အမြဲစီစဉ်ပါတယ်။  Budget Hotels / Hostels တွေကို စတင်ရှာဖွေနေစဉ်မှာ သင့်တော်သောနေရာတွေနှင့် ဝန်ဆောင်မှုတွေကို စီစစ်ပြီး ရွေးချယ်သင့်ပါသည်။

စာဖတ်သူများအတွက် Rose ခရီးသွားရာတွင် အသုံးပြုသည့် ကုမ္ပဏီများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

I prefer using these companies when I travel. They consistently provide the best deals, deliver exceptional customer service, offer great value, and outshine their competitors. These are the companies I frequently rely on, always serving as my initial go-to for travel deals.

Trip.com Official Site‎‎ | Travel Deals and Promotions
Klook Travel — Activities, tours, attractions
GetYourGuide — Tours & Attractions
Viator — Tours & Activities
Hotel Combined — Hotels & Hostel Bookings
Kayak: Compare & Save on Cheap Hotel Deals – HotelsCombined
Discover Cars: Best Car Rental Deals with Free Cancellation, Compare & Save! | Discover Cars
Agoda: Worldwide Hotel Booking 

ခရီးသွားများအတွက် အကြံပြုချက် (Tips for Travelers)

• Booking: အားလပ်ရက်တွေဆိုရင် အခန်းပြည့်တတ်တာမို့ အနည်းဆုံး (၂) ပတ်လောက် ကြိုတင်ပြီး Booking တင်ထားဖို့ အကြံပြုချင်ပါတယ်။ Rose တို့ Happy Steps ကို ဆက်သွယ်ပြီး အမြန်ဆုံး booking တင်ထားလို့ရပါတယ်နော်.. 

• Room Choice: ဖြစ်နိုင်ရင် ပင်လယ်မြင်ရတဲ့ Sea View အခန်းကိုပဲ ယူပါ။ ၈ သောင်းကွာတာများတယ်ထင်ရပေမဲ့ ရတဲ့အတွေ့အကြုံက သိသိသာသာ ကွဲပြားပါတယ်။ 
• Sun Protection: နေပူရှိန်က ပြင်းတတ်တာမို့ Sunscreen နဲ့ ဦးထုပ်လေးတွေ ယူသွားဖို့ မမေ့နဲ့ဦးနော်။

Hotel Lux Ngwe Saung review

Our Articles:

Our Travel Services

Our HST Travel Services

ခြုံငုံပြောရရင် Hotel Lux Ngwe Saung review အနေနဲ့ ကြည့်မယ်ဆိုရင်ပေးရတဲ့ စျေးနှုန်းထက် ပိုတဲ့ တန်ဖိုး (Value for Money) ကို ပေးစွမ်းနိုင်တဲ့ ဟိုတယ်တစ်ခုလားဆိုရင်တော့ … မဆိုးဘူးလို့ပဲ ပြောရမှာပဲ ။ ဘယ်အရာမဆို အတိုင်းအတာလေးနဲ့ ကောင်းတဲ့အချက် မကောင်းတဲ့ အချက်ဆိုတာတော့ ရှိတာပေါ့။ မကြိုက်တဲ့ အချက်ဆိုရင်တော့ အခန်းရဲ့ သန့်ရှင်းမှူ ၊ မနက်စာ နဲ့ နဲနဲဆူညံတတ်တဲ့ environment ပါ။

ဘာတွေကြိုက်လဲဆိုရင် ရေကူးကန်ကနေပဲဖြစ်ဖြစ် ၊ အခန်းကနေပဲ ဖြစ်ဖြစ် ကြည့်ရင် တန်းမြင်ရပြီး ပင်လယ်ပြင်ကြီးနဲ့ တစ်သားတည်း ဖြစ်နေသလို ခံစားရပါတယ်။ နောက်တခုကတော့ သူ့ရဲ့ Location ပါ။ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် စိတ်အေးလက်အေး အနားယူချင်တယ်ဆိုရင်တော့ Hotel Lux ကို လက်မလွှတ်သင့်ပါဘူး။ ကောင်းတဲ့အချက်တွေနဲ့ ယှဉ်တော့ အဲ့ဒါက အသေးအဖွဲလေး ဖြစ်သွားတယ်ပေါ့လေ။

ဘာပဲဖြစ်ဖြစ်ပါ။ ဒီတစ်နှစ် ပွင့်လင်းရာသီတော့ ခရီးထွက်မယ်ဆို ငွေဆောင်ကို ရွေးချယ်ဖို့ အကြံပြုချင်တယ်။ Rose ကတော့ နောက်တစ်ခေါက် ငွေဆောင်သွားရင်လည်း Lux ကိုပဲ ပြန်ရွေးချယ်မိဦးမှာ သေချာပါတယ်…

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *