ငွေဆောင်ကမ်းခြေမှာ Chill ကြမယ်

ငွေဆောင်ကမ်းခြေမှာ Chill ကြမယ်

၂၀၁၇ .. oversea မှာ အလုပ်ထွက်လုပ်ဖြစ်ကတည်းက မြန်မာပြည်က ချစ်စရာနေရာလေးတွေကို ခရီးမသွားဖြစ်ခဲ့မိတာ တော်တော်ကြာရောပေါ့။ ဒီတစ်ခါအပြီးပြန်လာဖြစ်တော့ ခရီးတွေသွားဖို့ စဉ်းစားဖြစ်မိတယ်။ နွေဆိုရင် အရမ်းပူနေမှာသေချာတယ်လေ။ ကိုယ်တွေအတွက်တော့ ဆောင်းကလည်း ခပ်နွေးနွေးနဲ့ နေလို့ကောင်းနေတာပဲ။ ဒီအချိန်က တကယ်ကို ကမ်းခြေ သွားလို့ အကောင်းဆုံးအချိန်ပေါ့။ ချစ်ရတဲ့သူနဲ့လည်း local trip အတူမသွားဖူးတော့ ဒီဆောင်းတွင်းလေးမှာ သူနဲ့ beach မှာ အနားယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ခုချိန်က ညနေညခင်းဆို အေးနေမယ်။ တိုက်တဲ့လေကလည်း အေးမယ်။ ဒါနဲ့ ခင်ရတဲ့ အမတွေနဲ့ ကိုယ်တွေ ၂ ယောက် အတူတူ သွားဖို့ ခရီးစဉ်လေးကို စစီစဉ်ဖြစ်ခဲ့ကြတာပေါ့။ 

ဘာလို့ ငွေဆောင်ကမ်းခြေ ကို ရွေးချယ်ခဲ့တာလဲ ?

အတွေးလေးကတော့ရိုးရိုးလေးပါ။ ရန်ကုန်မြို့ပြဘဝကနေ အချိန်တိုလေး ပြေးထွက်ပြီး ခဏတာ အနားယူလို့ကောင်းမဲ့နေရာတစ်ခုဖြစ်တာရယ် ၊ သေချာလေး အနားယူပြီး ပင်လယ်စာတွေ တဝ စားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရယ် .. ပြီးတော့ တခြား ကမ်းခြေတွေဖြစ်တဲ့ ငပလီ၊ ဂေါ်ရင်ဂျီတို့ထပ်စာရင် ပိုနီးတာရယ် ၊ Budget အနေနဲ့လည်း မဆိုးဘူးလို့ တွေးမိတာကြောင့် ဒီခရီးကို ရွေးချယ်ဖြစ်ခဲ့တယ်။  ချောင်းသာထပ် သွားတဲ့ လူနည်းတာရယ် ၊ ပင်လယ်ရေကလည်း တော်တော်ကြည်ပြီး သဲသောင်လေးတွေက ပိုလှတယ်ရယ်ကြောင့် ဈေးသက်သက်သာသာနဲ့ လက်လှမ်းမီစွာ ခံစားနိုင်မဲ့ ငွေဆောင်ကမ်းခြေ ဟာ Rose တို့လို အချိန်သိပ်မပေးနိုင်တဲ့ လူတွေအတွက်တော့ အဆင်ပြေဆုံး ခရီးစဉ်တစ်ခုပါပဲ။ 

ငွေဆောင်ကမ်းခြေ view
ငွေဆောင်ကမ်းခြေ view
ငွေဆောင်ကမ်းခြေ - surf club


ငွေဆောင်ကမ်းခြေ ကို ဘာနဲ့ သွားလဲ ?

Rose တို့ကတော့ ကြယ်နန်းတော် Express ကို အသွားအပြန် လက်မှတ်ကြိုဝယ်ထားလိုက်တယ်။ မနက် ၄၃၀ လောက် အောင်ဆန်းကွင်းမှာ သွားစီးရပါတယ်။ ချစ်ရသူနဲ့ အတူသွားတဲ့ local trip ဆိုတော့ ပျော်ပြီး တက်ကြွနေတာပေါ့။ ကားပေါ်ရောက်တော့ တစ်လမ်းလုံး စကားတွေပြော ရယ်မောရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ ကားပေါ်မှာ ရေတဗူးစီနဲ့ ပေါင်မုန့်လေးတွေကို Bus မယ်လေးက လိုက်ဝေပေးပါသေးတယ်။ သဘောလည်းကောင်းပြီး ဝန်ဆောင်မှုလည်း ကောင်းတာမို့ ခရီးစဉ်တစ်လျှောက်လုံး အဆင်ပြေခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံး စစ်ဆေးရေးဂိတ်တွေလည်း ဖြတ်ကျော်ရင်း ညောင်တုန်းက Classic Restaurant မှာ ခဏတာ အညောင်းညာပြေ၊ အပေါ့ပါးသွား ရပ်နားတယ်။ 

ကြယ်နန်းတော် Express
ကြယ်နန်းတော် Express

လူအရမ်းများလွန်းပြီး စောင့်ရချိန်ကြာတာကြောင့် ထိုင်မစားတော့ပဲ ကော်ဖီ ၊ ဆီထမင်း နဲ့ အီကြာကွေးကို အစာပြေ စားဖို့ ဝယ်ခဲ့ပါတယ်။ ထင်ထားတာထပ် ပိုကြာပြီး ငွေဆောင်ကို နေ့လည် ၁ နာရီကျော်လောက်မှ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပင်လယ်ကြီးကို မြင်လိုက်တာနဲ့ စိတ်ပင်ပန်းမှုတွေ ပျောက်သွားတာတော့ အသေချာပါပဲ။ 

Available Bus Tickets at Happy Steps Travel

Bus Tickets at Happy Steps Travel

ငွေဆောင်ကမ်းခြေ မှာ တည်းဖို့ အကောင်းဆုံး အဆင့်မြင့်ဟိုတယ် ဆိုရင်?

ကမ်းခြေသွားတော့မယ်ဆိုရင် sea view မှ တည်းချင်တဲ့သူတွေရှိသလို ကိုယ်နိုင်တဲ့ budget လေးအတွင်းကနေ ဇိမ်ခံလို့ကောင်းမဲ့ ဟိုတယ်လေးတွေ ရွေးရတာ အာရုံနောက် ခေါင်းစားစရာပဲနော်…  Hotel Lux Ngwe Saung review ကိုရှာနေသူတွေအတွက်တော့စျေးကြီးမှ ရနိုင်တဲ့ facilities တွေ၊ sea view ကိုမှ ခံစားနိုင်မဲ့ bungalow room တွေနဲ့ နေချင်ပေမဲ့ ကိုယ့် budget နဲ့ မကိုက်တာမျိုး၊ စျေးပေးရမှာ နှမြောတာတွေ ရှိတတ်ကြတယ်ဟုတ် ? 

Hotel Lux - Sea View bungalow
Hotel Lux - Sea View bungalow

ငွေဆောင်သွားရင် ဘယ်ဟိုတယ်မှာ တည်းရမလဲ စဥ်းစားနေတဲ့သူတွေအတွက် Lux ကတော့ တကယ်ကို Must-Try ပါပဲ။ အသေးစိတ် ဖတ်ရှူဖို့ Rose ရဲ့ (၂) ညအိပ် ခရီးစဥ်မှာ Lux က ဘယ်လိုအချက်တွေနဲ့ ဖမ်းစားသွားလဲဆိုတာ ဖတ်ကြည့်ပေးနော်။ 

Read Hotel Lux Review Here : ငွေဆောင်မှာ တည်းဖို့ – Hotel Lux Ngwe Saung review

ဘယ်လို ဟိုတယ်တွေကို ရွေးချယ်သင့်လဲ?

အကြံပြုချက်အနေနဲ့ ကောင်းမွန်သင့်တော်တဲ့Budget ဟိုတယ်များကို ရွေးချယ်စီမံတတ်ဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်သွားမည့် Travel Date ကို သိတာနဲ့ အခန်းတွေကို ကြိုတင်စာရင်းသွင်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ခရီးသွားရာသီမှာ အခန်းတွေဟာ လျှင်မြန်စွာပြည့်တတ်တဲ့အတွက် သင့်တော်သည့်အခန်းတွေကို ရွေးချယ်ပြီးတာနဲ့  ကြိုတင် book ပြီးမှသာ စိတ်ချလက်ချ ခရီးသွားနိုင်ပါတယ်။

Check in at Hotel Lux
View from Room

Rose ကတော့ ခရီးသွားဖို့ ပြင်ဆင်တိုင်း ဟိုတယ်ဆိုရင်Agoda, Tours တွေ join ဖို့ဆိုရင်Klook ,Getyourguide ,Viator တို့မှာ ဝယ်ယူပါတယ်.. အရေးကြီးဆိုးကတော့ ခရီးမသွားခင် သွားမဲ့နေရာတွေရဲ့ travelers’ review တွေကြည့်ဖို့က အရေးကြီးဆုံးပါပဲ ။ Rose ကတော့ TripAdvisor ကနေ reviews တွေကြည့်ပြီး သွားချင်တဲ့နေရာတွေကို ကြည့်ပြီး ခရီးစဉ်ကို အမြဲစီစဉ်ပါတယ်။  Budget Hotels / Hostels တွေကို စတင်ရှာဖွေနေစဉ်မှာ သင့်တော်သောနေရာတွေနှင့် ဝန်ဆောင်မှုတွေကို စီစစ်ပြီး ရွေးချယ်သင့်ပါသည်။

HST Travel Services

ငွေဆောင်ကမ်းခြေ မှာ ပင်လယ်စာ အရသာ အခြေအနေ 

အတူသွားတဲ့ အမ တွေပြောတာကတော့ ချောင်းသာနဲ့ ယှဉ်ရင် ငွေဆောင်မှာ ပင်လယ်စာ ချက်တဲ့ပုံနဲ့ ဈေးနှုန်းက နည်းနည်းလေး လိုအပ်ချက်ရှိနေသေးတယ်လို့ ပြောကြတယ်။ Rose အနေနဲ့ကတော့ အဆင်ပြေပါတယ်။ စျေးနှုန်း အနေနဲ့ကတော့ များတယ်လို့တော့ ခံစားရပါတယ်။ Rose တို့ တည်းတဲ့ Hotel Lux က ရွာနဲ့ နီးတော့ Rose တို့အဖွဲ့က ရွာထဲကနေပဲ အစားအသောက်တွေ မှာစားဖြစ်ခဲ့တယ်။ ဂဏန်းမဆလာ ၅ ကောင်ပါတဲ့ တစ်ပွဲနဲ့ ပဲဟင်း၊ ကန်စွန်းရွက်ကြော် ၊ ငရုတ်သီးထောင်းနဲ့ တို့စရာတွေ ..

အဲ့လို set ကို ၃ သောင်း ၊ ၃သောင်းခွဲ နဲ့ စားချင်တာလေးတွေ မှာစားဖြစ်ခဲ့ကြတယ်။ ချစ်ရတဲ့ Susan လေးကတော့ ဂဏန်းခွက်ကြော် တွေကို ကြိုက်ပြီး ပျော်ရွှင်နေလေရဲ့။

ငွေဆောင်ကမ်းခြေ မှာ ပင်လယ်စာ အရသာ အခြေအနေ 

ငွေဆောင်ရဲ့ လည်ပတ်စရာနေရာတွေကို ရင်ထဲပိုထိတယ်

စသွားတည်းက အေးဆေး အနားယူဖို့ စဉ်းစားထားတာကြောင့် ကျွန်းပတ်တာတို့ snorkelling တွေ water activities တွေကို မလုပ်ဖြစ်ဘူး။ 

ငွေဆောင်ရွာဈေးတန်း 

ကိုယ် တည်း တဲ့ ဟိုတယ်က ရွာစျေးတန်းနဲ့ အရမိးနီးပါတယ်။ ဟိုတယ်က ထွက်လိုက်တာနဲ့ ပင်လယ်ထွက် အခြောက်အခြမ်းတွေ၊ ဟာလဝါ၊ သရက်တောထိုးမုန့်၊ ကမ်းခြေဖက်ရှင် အသုံးအဆောင် နဲ့ စားသောက်ဆိုင်တွေ စည်စည်ကားကားနဲ့ မနက်ရော ညပါ အသက်ဝင်နေပါတယ်။ ဒါကြောင့် ဒီရွာဈေးတန်းလေးကိုလည်း လည်ပတ်သင့်ပါတယ်။ Rose ကတော့ ပင်လယ်အမှတ်တရ Tshirt လေး​တွေ ဝယ်ယူခဲ့ပါတယ်။ 

ငွေဆောင်ကမ်းခြေရွာဈေးတန်း
ငွေဆောင်ကမ်းခြေရွာဈေးတန်း

Surf Club Cafe သွားကြမယ်

Rose တို့ အဖွဲ့ထဲက အမတွေက ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့ သူတွေဆိုတော့ Japanese Cafe လို့ ခေါ်ကြတဲ့ Surf Club Cafe ဆီသွားပြီး ဓာတ်ဖမ်းကြပါတယ်။ ဟိုတယ်ကနေ Tuk-Tuk စီးပြီးသွားခဲ့ကြပါတယ်။ အသွားအပြန် ၄၅ မိနစ်လောက်ပဲကြာပြီး တစ်စီးကို ၃ သောင်း ပေးခဲ့ရပါတယ်။ 

Surf Club Cafe at Ngwe Saung
Surf Club Cafe at Ngwe Saung

ဘာတွေလုပ်လို့ရလဲဆိုရင်တော့ အဓိကကတော့ Photo Spotပါ ။ Instagrammer တွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ လှပတဲ့ Landscape ဒီဇိုင်းတွေက ဘယ်နေရာကနေ ရိုက်ရိုက် ဓာတ်ပုံက အမိုက်စား ထွက်ပါတယ်။ Rose တို့ အဖွဲ့ မမောနိုင် မပမ်းနိုင် အမှတ်တရ ဓာတ်ပုံတွေလှည့်လည်ရိုက်ကြပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ ကော်ဖီဆိုင်လေးပါ။ သူ့ရဲ့ Vibe နဲ့ decoration ကိုတော့ တော်တော်လေး impress ဖြစ်ရပါတယ်။ ကော်ဖီအရသာကတော့ ထင်သလောက် မကောင်းပါဘူးနော် … ဘာပဲဖြစ်ဖြစ် တန်အောင်တော့ Rose နဲ့ Susan က ပုံလှလှလေးတွေ အများကြီး ရိုက်ခဲ့ပါတယ်။ 

Surf Club Cafe at Ngwe Saung
Surf Club Cafe at Ngwe Saung

ညနေကျတော့ … Rose တို့ Night Market ကို သွားခဲ့ကြပါတယ်။ စားစရာစုံလင်ပြီး နေရာလေးက ချစ်စရာကောင်းလှပါတယ်။ ice cream တွေ မုန့်တွေ ဝယ်စားပြီး အေးဆေး လမ်းလျှောက် စူးစမ်းခဲ့ကြပါသေးတယ်။ 

ငွေဆောင်ကမ်းခြေ -  Night Market
ငွေဆောင်ကမ်းခြေ -  Night Market

အထင်ကရ ဟိုတယ်သွား ဓာတ်ဖမ်းရင်း Escape Beach Bar မှာ Chill ကြမယ် …

ငွေဆောင်ရောက်တုန်းလေး Beach Vibe လေးရချင်တာရော Nightlife လေး ခံစားချင်တာကြောင့် ဘား သွားဖို့ တိုင်ပင်ခဲ့ကြပါတယ်။ အထင်ကရဟိုတယ်က Rose တို့ တည်းတဲ့ ဟိုတယ် Lux ကနေဆိုရင် နီးနီးလေး မို့ ညနေ ၄၃၀ လောက် သွားခဲ့ကြပါတယ်။ Sunset က အထင်ကရ ဟိုတယ်က ကြည့်တာ အလှဆုံးမို့ Rose တို့ Sunset မတိုင်ခင် ကြိုသွားရင်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့ကြပါသေးတယ်။ Couple ပုံကောင်းလေးတွေ အများကြီးရခဲ့ပါတယ် ..

ငွေဆောင်ကမ်းခြေ -  Beach Bar
Ngwe Saung Beach Bar with friends

Escape Beach Bar 

အထင်ကရဟိုတယ်က beach bar က ထိုင်မယ်ဆိုရင် reservation ကြိုလုပ်ဖို့တော့လိုပါတယ်။ Reservation fees တော့ ပေးစရာမလိုပါဘူး။ ၆၃၀ မှာ စတယ်ဆိုပေမဲ့ Band ကတော့ ၇၃၀ လောက်မှ စဆိုတာပါ။ 

Beach Vibe နဲ့ Chill ချင်တဲ့သူအတွက်သာ အဆင်ပြေတာမို့ အစားအသောက်နဲ့ Service ပိုင်းမှာတော့ လိုအပ်ချက်လေး အနည်းငယ်တွေရှိတာမို့ အများကြီးမျှော်လင့်လို့တော့မရပါဘူး… ဒါပေမဲ့ ပျော်ခဲ့ရပါတယ်။ ရန်ကုန် မှာ ထိုင်ခဲ့တဲ့ Bar တွေနဲ့ မတူပဲ တမူထူးခြားတဲ့ ခံစားချက်အသစ်လေးးရတာမို့ ဒီခရီးစဉ်လေးမှာ တော်တော်လေး ပျော်ခဲ့ရပါတယ်။ 

Escape Beach Bar 
Escape Beach Bar 

ညနေခင်း Beach မှာ လမ်းလျှောက်ကြမယ်

လှပတဲ့ ပင်လယ်ကြီး နဲ့ fresh ဖြစ်တဲ့ လေလေးကိုရှူရင်း ချစ်စရာ သူလက်လေးကို ဆွဲပြီး သောင်ပြင်မှာ လမ်းလျှောက်ရတဲ့ feeling က perfect ပါပဲ။ လမ်းလျှောက်နေရင်း ကလေးလေး တစ်ယောက်က ကူညီပြီး ဓာတ်ပုံလေးတွေ ကူရိုက်ပေးခဲ့ပါသေးတယ်။ မထင်ထားရလောက်အောင်ကို ပုံကောင်းကောင်းလေးတွေရခဲ့ပါတယ်။ ကလေးလေးကို မုန့်ဖို့ပေးရင်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ တစ်ချို့ memories တွေက ပြန်မရတာနိုင်တာမို့ လက်ရှိ ရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားပြီး နှစ်ယောက်သား enjoy လုပ်ခဲ့ကြပါတယ်။ 

ငွေဆောင်ကမ်းခြေ
ငွေဆောင်ကမ်းခြေ

အခြေခံကုန်ကျစရိတ် အကြမ်းလေး 

၂ ညအိပ် သွားတာနဲ့ တွက်ကြည့်မယ်ဆိုရင်…

  • ဟိုတယ် ၂ ညအိပ် ၁ ဦးနှုန်း :: ၃ သိန်း ၈ သောင်း ကျပ်
  • ရန်ကုန် ငွေဆောင် အသွားအပြန်ကားခ ::  ၆ သောင်း ( အသွားအပြန် ) 
  • စားစရိတ် :: ခန့်မှန်းချေ ၇၅၀၀၀ ကျပ် ( နှစ်ယောက် share နဲ့)

– အထွေထွေစရိတ် : စုစုပေါင်း အခြေခံကုန်ကျနိုင်ငွေ :: ၅ သိန်း ဝန်းကျင် ကျပ်

စာဖတ်သူများအတွက် Rose ခရီးသွားရာတွင် အသုံးပြုသည့် ကုမ္ပဏီများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ငွေဆောင်ကမ်းခြေမှာ Chill ကြမယ်

I prefer using these companies when I travel. They consistently provide the best deals, deliver exceptional customer service, offer great value, and outshine their competitors. These are the companies I frequently rely on, always serving as my initial go-to for travel deals.

For Reviews – TripAdvisor
Trip.com Official Site‎‎ | Travel Deals and Promotions
Klook Travel — Activities, tours, attractions
GetYourGuide — Tours & Attractions
Viator — Tours & Activities
Hotel Combined — Hotels & Hostel Bookings
Kayak: Compare & Save on Cheap Hotel Deals – HotelsCombined
Discover Cars: Best Car Rental Deals with Free Cancellation, Compare & Save! | Discover Cars
Agoda: Worldwide Hotel Booking 

ငွေဆောင် ကိုပဲ ရွေးချယ်ပါ

ငွေဆောင်ကမ်းခြေကို သွားခြင်းက အလုပ်ပင်ပန်းမှူ နဲ့ stress တွေကို ခဏတာ မေ့ပျောက်စေနိုင်ရုံသာမက သဘာဝ ရဲ့ အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ငွေဆောင်ကမ်းခြေမှာ နှစ်ရက်တာ ခရီးသွားခြင်း က အလုပ်ပင်ပန်းမှုတွေကို ခဏမေ့ပြီး သဘာဝရဲ့အေးချမ်းမှုကို ခံစားနိုင်တဲ့ အကောင်းဆုံး ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ လှပတဲ့ ကမ်းခြေမြင်ကွင်းတွေ၊ ကြည်လင်နေတဲ့ ရေပြာလေးတွေ ၊ ပင်လယ်လေပြေလေညင်းနဲ့ အရသာရှိတဲ့ ပင်လယ်စာတွေကြောင့် မိသားစု၊ မိတ်ဆွေတွေနဲ့အတူ သို့မဟုတ် ကိုယ်တိုင်ပဲဖြစ်ဖြစ် အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါတယ်။

ဘတ်ဂျက်နည်းနည်းနဲ့ သွားလို့ရပြီး Yangon မှ ငွေဆောင်ကမ်းခြေ သွားလာရေးလည်း အဆင်ပြေသလို ဟိုတယ်၊ စားသောက်ဆိုင်ရွေးချယ်စရာများစွာရှိတာကြောင့် ပထမဆုံးသွားမယ့် ခရီးသွားများအတွက်ပါ အထူးသင့်တော်ပါတယ်။ အချိန်မကြာဘဲ စိတ်အားပြန်လည်ဖြည့်တင်းနိုင်တဲ့ ခရီးစဉ်တစ်ခုကို ရှာနေတယ်ဆိုရင် ငွေဆောင်ကမ်းခြေမှာ နှစ်ရက်တာ ခရီးသွားခြင်း ကို မလွတ်မဖြစ် စဉ်းစားကြည့်ဖို့ အကြံပြုချင်ပါတယ်နော် …

Visit Our Myanmar Blog

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *