စင်ကာပူ အကြောင်းသိကောင်းစရာ

စင်ကာပူအကြောင်း သိကောင်းစရာ ( 2026 Travel Guide )

အရှေ့တောင်အာရှမှာ ခရီးသွားဖို့ရေပန်းအစားဆုံးနိုင်ငံ တစ်နိုင်ငံထဲမှာ စင်္ကာပူ နိုင်ငံလည်း အပါအဝင်ပဲဖြစ်ပါတယ်။ Solo travelers တွေအတွက်safe ဖြစ်သလို သူရဲ့ အံ့မခန်းကွဲပြားသော attractions တွေနဲ့ ကမ္ဘာကျော်ဟင်းလျာတွေ ဟာအလည်လာရတာတန်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ဒါကြောင့် ပထမဆုံးအကြိမ် စင်္ကာပူ ကို အလည်သွားမယ်ဆိုလျင် Perfect Trip ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲဆိုတဲ့ လမ်းညွှန်ချက်လေးတွေကို ဖတ်ရှုသွားပါနော် ။

စင်္ကာပူ အကြောင်း

စင်္ကာပူကို Lion City၊ Garden City ( သို့ ) Little Red Dot လိုလည်း သိကြပြီး SEA အချုပ်အခြာအာဏာပိုင်သော မြို့ပြနိုင်ငံဖြစ်ပါတယ်။ အီကွေတာရဲ့ မြောက်ဘက် (၈၅)မိုင် အကွာတွင်တည်ရှိပြီး စတုရန်းမိုင် ( ၂၇၃ ) မိုင် သာရှိတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံနဲ့ မြို့တော် တစ်ခုတည်းဖြစ်သော နိုင်ငံ (၃) ခုတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စင်္ကာပူရဲ့အမှတ်အသားမှာ ခြင်္သေ့ဦးခေါင်းနှင့် ငါးတစ်ကောင်၏ မှော်ဆန်သော Merlion ဖြစ်ပါတယ်။ အရှေ့ဘက်ကိုမျက်နှာမူထားသော  Central Business District ရှိ Marina Bay ကို သာယာဝ ပြောသော ဦးတည်ချက်လို့ အဓိပ္ပါယ်နဲ့ တည်ဆောက်ထားပါတယ်။ 

Official Currency

စင်္ကာပူနိုင်ငံ၏ အသုံးပြုသော ငွေကြေးမှာ Singapore Dollar (SGD) ကိုအသုံးပြုကြပါတယ်။ 

ရာသီဥတု

အနိမ့်ဆုံးအပူချိန် : 25 Degree C
အမြင့်ဆုံးအပူချိန် : 33 Degree C
Humidity: 79%
မိုးရာသီ : နိုဝင်ဘာ – ဇန်နဝါရီလည်ပတ်ဖို့အကောင်းဆုံးအချိန်သည် ဇွန်လမှ ဩဂုတ်လဖြစ်သည်။ ( စင်္ကာပူသည် မိုးရာသီရယ် မဟုတ်ချိန်မျိုးမှာလည်း မိုးရွာတတ်တဲ့အတွက် ထီးအမြဲဆောင်ရလေ့ရှိပါတယ်။)

Klook.com

Essential Information

Electricity

စင်္ကာပူ ၏ Power Supply ဟာ 50Hz မှာ 220-240V Alternating Current နဲ့ လည်ပတ်ပါတယ်။ ကျွန်းတကျွန်းလုံးကိုနေ့စဉ် 24hr လျှပ်စစ်မီးပေးနေပြီး မီးပြတ်တောက်တာ ရှားပါးပါတယ်။ 

Language

မလေးဘာသာစကားဟာ စင်္ကာပူနိုင်ငံ၏ အမျိုးသားဘာသာစကားဖြစ်သော်လည်း English ဘာသာစကားကိုသာ အဓိကထားပြောဆိုကြပါတယ်။ ကျောင်းတွင် English ၊ Malay ၊ Mandarin ၊ Tamil နှင့် အခြား ဘာသာစကားများကိုလည်းပြောကြပြီး Chinese  လူမျိုးများကတော့ Cantonese ၊ Hakka ၊ Hokkien ၊ Teochew ကဲ့သို့သော ဘာသာစကားများလည်းပြောဆိုကြပါတယ်။ Singlish  စင်္ကာပူ လူမျိုးတို့အသုံးပြုကြသော အသုံးများသော local စကားဖြစ်ပြီး သင့်အတွက် နားထောင်ရတာ မြန်ကောင်းမြန်နိုင်ပါလိမ့်မယ်။ 

Drinking Water

စင်္ကာပူနိုင်ငံ၏ Public Utility Board (PUB) မှ တစ်နိုင်ငံကိုဖြန့်ဖြူးထားသော Recycle Wastewater ကို သောက်ရေအဖြစ်ပြန်လည် အသုံးပြုနိုင်ပါသည်။ 

At Singapore

WiFi :

WiFi hotspot ကို MRT,Bus Station, Tourist attraction များသောနေရာများမှာ free ရရှိပါတယ်။ Cafe များ Hotel များတွင်လည်း WiFi ရရှိနိုင်တဲ့အပြင် Mobile Data ပါဝင်သော Sim ကဒ်များကိုလည်း စျေးနှုန်းသက်သာစွာနဲ့ convenient store များ၊ Mobile phone ဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။

Currency Exchange

စင်္ကာပူ Dollar (အတိုကောက် SGD or S$) ကို လဲလှည်ရန် money changer များကို Changi Airport, shopping Mall များတွင်လဲလှည်နိုင်ပါသည်။ ATM များတွင်လည်း Visa ၊ Master Card နှင့် American Express ကဲ့သို့ အကြွေးဝယ် card များကိုလည်း အသုံးပြုလို့ရပါသည်။

GSD Refund

GSD Refund ကို ” Tax Refund or Tax-Free Shopping “ ဆိုင်များမှ အနည်းဆုံး SGD 100$ ဝယ်ယူခြင်းဖြင့် သင့်အား Good and Service Tax (GST) 9% ပြန်အမ်းငွေကို ခံစားရရှိပါသည်။ ဝယ်ယူပြီးသည့်အခါမှာ Refund ဘောင်ချာတောင်းယူပြီး စင်္ကာပူ မှ မထွက်ခွါမှီ Changi Airport ၏ Tax Refund Counter မှာ Refund ကို ထုတ်ယူနိုင်ပါသည်။

ဘာကြောင့် လည်ပတ်သင့် ? 


Asia မှာ အလည်ပတ်သွားဖို့ နိုင်ငံစာရင်းမှာ စင်္ကာပူ ကို ဘာကြောင့်ထည့်သင့်သလဲ ? Rose ပြောတာကိုယုံကြည်လိုက်ပါ။ဒီနိုင်ငံသေးသေးလေးကို သေချာပေါက် အလည်ပတ်သွားသင့်ပါတယ်။ စင်္ကာပူ ဟာ ထိပ်ဆုံးမှာတည်ရှိနေရတဲ့အကြောင်းရင်းတွေဟာ – ပထမအချက် အနေနဲ့ စင်္ကာပူ နိုင်ငံဟာ မယုံနိုင်လောက်အောင် လုံခြုံမှုရှိပါတယ်။ မုဒိန်းကျင့်ခံရမှာ၊ အကြမ်းဖက်ခံရမှာ စိုးရိမ်စရာမလိုပဲ ညဘက်မှာ အပြင်ထွက်နိုင်ပါတယ်။ အများစုဟာ ဖော်ရွေပြီး English လို​ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနိုင်ကြပါတယ်။

စင်္ကာပူ ဟာ shopping ထွက်ဖို့အတွက်လည်း အကောင်းဆုံးနေရာတခုဖြစ်ပါတယ်။ ခေတ်မှီ ကုန်တိုက်တွေ ၊ Shopping Mall တွေ ဟာ အလွန် ကောင်းမွန်နေပြီး Branded Collections တွေ အစုံရနိုင်ပါတယ်။ နောက်ပြီးတော့ စင်္ကာပူ ရဲ့ Street Food အရသာတွေကလည်း သင့်ကိုစွဲမက်ဖွယ် ဖြစ်စေမှာအမှန်ပါ။

ဘယ်အချိန်တွေလည်ပတ်သင့်လဲ?

စင်္ကာပူ ဟာ တစ်နှစ်ပတ်လုံး အလည်ပတ်သွားလို့ရသော နေရာဖြစ်သော်လည်း အကောင်းဆုံးအချိန်အားဖြင့် ဒီဇင်ဘာမှ ဇွန်လ အထိဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှ ဧပြီလများဟာ စင်္ကာပူ ၏ ခြောက်သွေ့ရာသီမှာ ကျရောက်လေ့ရှိပြီး နိုင်ငံအတွင်း မိုးအနည်းဆုံး၊ စိုထိုင်းဆ အနိမ့်ဆုံးနဲ့ နေရောင်ရရှိမှု အများဆုံးအချိန်ဖြစ်ပါတယ်။ လူစုလူဝေးကို ရှောင်ချင်လျင် ဇူလိုင်လကနေ နိုဝင်ဘာလထိ က အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးသည်လည်း စင်္ကာပူနိုင်ငံ၏ ကြီးကျယ်ခန်းနားသော ပွဲတော်ထဲမှ တစ်ခုဖြစ်ပြီး ဇန်နဝါရီလ (သို့) ဖေဖော်ဝါရီလတွင်ကျရောက်ပါတယ်။

Singapore MRT

အခြား ထူးခြားသော ပွဲတော် အနေနဲ့ အောက်တိုဘာလတွင်ကျင်းပသော ဆောင်းဦးလယ်ပွဲတော်၊ ဇွန်လတွင်ကျင်းပသော Hari Raja နှင့် ဩဂုတ်လမျိုးမှာ အလည်ပတ်လာလျင်တော့ စင်္ကာပူအမျိုးသားနေ့၏ Fireworks ဖန်တီးမှုတွေကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သင်ဟာ စင်္ကာပူကို စျေးဝယ်ထွက်ဖို့အလည်လာသူဆိုလျင် ဇွန်လမှ ဩဂုတ်လ အတွင်း Mid Year Sale ရှိတဲ့အတွက် စျေးဝယ်ဖို့အကောင်းဆုံးအချိန်ပါ။

စင်္ကာပူမှာ ဘယ်လိုလည်ပတ်မလဲ ? :

စင်္ကာပူဟာ သေးငယ်တဲ့နိုင်ငံဖြစ်သော်လည်း ပထမဦးဆုံးအကြိမ် အလည်ပတ်ခရီးဖြစ်လျှင် သွားလာဖို့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။စင်္ကာပူမှာ များသောအားဖြင့် Public Transportation ကို အဓိကထား အသုံးပြုကြတဲ့အတွက် မိမိသွားရောက်လိုသောနေရာသို့ အလွယ်တကူပင်သွားရောက်လည်ပတ်နိုင်ပါတယ်။ City Taxi တွေကိုလည်း စီးနင်းလို့ရပါတယ်၊ ဒါပေမယ့် Rush hour တွင်တော့ စျေးနှုန်းမြင့်မားနေတာကို သတိပြုသင့်ပါတယ်။  Marina Bay အနီးတွင်တည်းခိုပါက ခြေကျင်သွားရောက်ပြီး အနီးနားကို လည်ပတ်နိုင်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကားစင်းလုံးဌားရန် ‼️

စင်္ကာပူနိုင်ငံမှာ ကားစင်းလုံးဌားရန်

🚘🚘🚘  CARRRRR in Singapore 🇸🇬🇸🇬🇸🇬

စင်္ကာပူနိုင်ငံမှာနေတာဖြစ်စေ… 
မိမိနေထိုင်ရာ စင်္ကာပူနိုင်ငံကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတို့ လာလည်လို့ လေဆိပ်ကြိုချင်တာ၊ ပို့ချင်တာဖြစ်စေ… 
စင်္ကာပူကိုထွက်လာပြီး မိမိဘာသာ ခရီးစဉ်ဆွဲလို့ဖြစ်စေ…
စင်္ကာပူနိုင်ငံကို အလုပ်ကိစ္စနဲ့လာပြီး Business Meeting တွေတက်ဖို့ပဲဖြစ်ဖြစ် 

⏳ အချိန်ကိုတန်ဖိုးထား…
📦 Private ဆန်ဆန် လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ဖို့ရန်အတွက်
🤵‍♂️ 🚘 ကားနဲ့ ကားဆရာသီးသန့်ကိုလည်း ဌားလို့ ရနေပါပြီနော်… 

▶️ ဈေးသက်သာတယ်… 
▶️ စိတ်ချရတယ်…
▶️ လိုသလောက်လည်းရတယ်…

ကားပေါ်က လွှားကနဲဆင်း… လွှားကနဲတက်လိုက်ရုံပဲနော်… 😉မိမိဘာသာ Grab ဌားရင် ခရီးသည်(၄)ယောက်စီး ကားသေးတောင် မနည်းပေးရတာ… ဒီလို ၁၂ယောက်စီး ကားစင်းလုံးကတော့ အရမ်းတန်နေပါပြီနော်… 

Buses

Buses ကားများသည် တစ်နိုင်ငံလုံးနီးပါးသို့ ပို့ဆောင်ပေးကြပြီး Bus ကားခကို EZ-Link ကဒ် ( Prepaid card used by public transport commuter) နှင့် ငွေသားနှင့်စီးနင်းလိုပါကလည်း ငွေသားဖြင့်စီးနင်းနိုင်ပါသည်။ Bus information နှင့်ပတ်သက်ပြီး သိရှိလိုပါက Transitlink Hotline ( 1800-225-5663) သို့ဖုန်းခေါ်ဆိုနိုင်သလို SG Bus Timing Apps နှင့် Bus Service Information – SBSTransit တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ။

စင်္ကာပူဟိုတယ်စျေးသင့် Singapore Transport - Bus

Trains

လေအေးပေးစက်များတပ်ဆင်ထားပြီး ကမ္ဘာအဆင့်မှီ Mass Rapid Transit-MRT နှင့် Light Rail Transit ( LRT ) ရထားများသည်  နံနက် ( 5:30 ) မှ ည သန်းခေါင်ထိ ပြေးဆွဲပါတယ်။ သူသည်လည်း Bus ကဲ့သို့ပဲ EZ-Link card (သို့) Train station များတွင် လက်မှတ်ဝယ်ယူ၍ လည်းကောင်း စီးနင်းနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို Transit Link  Hotline ( 1800-225-5663) သို့ခေါ်ဆိုနိုင်သလို System Map – SBSTransit တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

Singapore MRT Map

Taxis

စင်္ကာပူရှိ အဓိက Taxi များကို Hotline ၊ Apps များဖြင့်အသုံးပြုကြပါတယ်။ 6342-5222 တွင် Dial-A-Cab ကို​ခေါ်ယူ၍ Taxi စီးနင်းနိုင်သလို Grab App ဖြင့်လည်း စီးနင်းနိုင်ပါသည်။ နောက်တနည်းအားဖြင့် ” BOOKsix-digit postal code “ ကို 71222 သို့ SMS ပေးပို့နိုင်ပါသေးတယ်။ Taxi ခများသည် 3.20 SGD စတင်၍ Taxi အမျိုးစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အမြင့်ဆုံးနာရီနှင့် Tollway surcharges များပါပါဝင်ပြီးဖြစ်ပါတယ်။

Singapore Visitor Center

216 Orchard Road ( orchardgateway@emerald) အနီးမှာတည်ရှိသော Singapore Visitor Center ကို (8:30am မှ 9:30pm) ထိ လာရောက်လည်ပတ်နိုင်ပါတယ်။ 

ION Orchard Level 1 Concierge သည် နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီ အထိ၊
Kreta Ayer Square 2 Banda Street ( Buddha Tooth Relic Temple and Museum ၏ အနောက်ဘက်) နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ၊
သင်၏ တည်းခိုမှုနှင့်ပတ်သတ်၍ မေးမြန်းလိုပါက Touristline ( 1800-736-2000) သို့ Monday to Friday – 9am – 6pm အတွင်းခေါ်ဆိုမေးမြန်းနိုင်ပါသည်။ 

Numbers to Note

Credit Card Services:

  •    American Express: +65 6396-6000 
  •    UnionPay: 800-860-0028
  •     Diners Card: +65 6416-0800
  •     JCB: +65 6734-0096 
  •    Mastercard: 800-110-0113 Visa: 800-448-1250
  •    Visa: 800-448-1250 

GETTING AROUND Emergency Hotlines :

  •    Police: 999
  •    Ambulance/Fire Brigade: 995
  •    Flight Information: 1800-542-4422

ဘယ်နေရာမှာ တည်းခိုဖို့ရွေးချယ်မလဲ ??

စင်္ကာပူဟာ တည်းခိုစရာနေရာအများအပြားရွေးချယ်စရာ အများပြားရှိတဲ့နေရာဖြစ်ပါတယ်။ နေရာ တစ်နေရာခြင်းစီမှ ထူးခြားသော အတွေ့အကြုံ များကို ပေးစွမ်းနိုင်စေပါတယ်။ Luxury ပုံစံရှာဖွေလျှင်တော့ Marina Bay သည် အကောင်ဆုံးရွေးချယ်မှု ဖြစ်ပါသည်။ သူသည် နိုင်ငံ၏အလယ် ဗဟိုတွင် တည်ရှိပြီး သင်လိုအပ်သော အရာများအားလုံး ရရှိနိုင်မည့်နေရာဖြစ်ပါသည်။  Budget အနေနဲ့ရွေးချယ်မည်ဆိုလျှင် China Town အနီးတဝိုက်တွင် ရှာဖွေနိုင်ပါသည်။ 

စင်္ကာပူမှာ စျေးသင့်တဲ့ ဟိုတယ်လေးတွေ ဘယ်လိုရှာမလဲ? Singapore Budget Hotel Guide 2025 လေးကို ဖတ်ပြီးရှာလို့ရပါတယ်နော် အဲ့ထဲမှာ rose recommends ပေးထားတဲ့ ဟိုတယ်တွေပါသလိူ local 4 star လောက် သုံးချငိရင်တော့ Faber park Singapore review လေးကို ဖတိပြီး ဟိုတယ်တွေကို rose တို့ဆီမှာ book လို့ရသလို international 4 star hotel ဆိုရင်တော့ Carlton Hotel မှာ တည်းဖို့ အကြံပေးပါရစေနော်။

Klook.com

စင်္ကာပူမှာ ဘာတွေစားကြမလဲ ?

အစားအသောက်နဲ့ပတ်သက်လျှင် စင်္ကာပူဟာ တကယ့် ယဉ်ကျေးမှုရဲ့အရည်ပျော်တဲ့နိုင်ငံပါ။ တရုတ် ၊ အိန္ဒိယ၊ မလေးရှား ဟင်းလျာများကိုအထိ အရသာရှိရှိ မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။  စင်္ကာပူကို အလည်ပတ်ရောက်ရှိစဉ် သေချာပေါက်မြည်းစမ်းသင့်သော အစားသောက်များကို ရွေးချယ်ပေးချင်ပါတယ်

Singapore Chicken Rice
  • Char Kway Teow – စင်္ကာပူ၏ classic ဟင်းလျာကို ဆန်ပြားခေါက်ဆွဲ၊ ပုဇွန် ၊ Cockles နှင့် Pork Lard တို့ပါရှိပြီး အချို၊ အစပ် အရသာများပါဝင်၍ အရသာရှိသော စားစရာဖြစ်ပါတယ်။ 
  • Singaporean Chili Crab – ဂဏန်းကြိုက်သူတွေအတွက် မြည်းစမ်းသင့်ပြီး ဂဏန်းတွေကို နူးအိတဲ့အထိ ချက်ထားသော နာမည်ကြီး အမယ် တမျိုးပါ။ 
  • Laksa – ရေပန်းစားသော စားစရာထဲမှာ Laksa လည်းအပါအဝင်ဖြစ်ပါတယ်။ အုန်းနို့ဖြင့်ချက်ပြုတ်ထားပြီး မြန်မာမှ အုန်းနို့ခေါက်ဆွဲနှင့် အရသာဆင်တူပါတယ်။ 
  • Roti Prata – India style ပလာတာကျွတ်ကျွတ်လေး ဖြစ်ပြီး အတွင်းမှ အတော်လေးနူးညံ့ပါတယ်။ အပေါ်မှ အာလူးဟင်း (သို့) ကြက်သားမဆလာဖြင့် တွဲဖက်စားသုံးကြပါတယ်။ 
  • Kaya Toast – ရိုးရှင်းသောမနက်စာကို ဒီပေါင်မုန့် Kaya toast ( အုန်းသီးယိုနှင့် ထောပတ်) ဖြင့် စားသုံးလေ့ရှိကြပါတယ်။ သူသည်လည်း Coffee တစ်ခွက်နှင့်အတူ ရေပန်းစားသော မနက်စာဖြစ်ပါတယ် ။

စင်္ကာပူမှာ ဘယ်နေရာတွေသွားပြီး ဘာတွေလုပ်ရမလဲ ?

စင်္ကာပူဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနှင့် Shopping paradise တွေများပြားတဲ့အတွက်ကြောင့် ဘယ်နေရာကနေ စရမလဲအချိန်ယူရသလိုပါပဲ ။ဤ လမ်းညွှန်ချက်တွင် အထင်ကရ ရှိသော Marina Bay Sands ရှိလည်ပတ်ဖို့အကောင်းဆုံး နေရာများနှင့် အရသာရှိသော စားသောက်ဆိုင်များအချို့ကိုလည်း အကြံပြုပေးသွားမှာပါ။ ါကြောင့် အလည်ပတ်လာစဉ် High Cost ဖြစ်မှာ မပူပါနှင့်။ မိတ်ဆွေတို့ရဲ့ခရီးစဉ်ကို Budget အဆင်ပြေစေဖို့ rose ရဲ့ ကြံပြုချက်များကို အသုံးပြုနိုင်ပါတယ်။ 

Singapore Travel Guide

ဒါဆို ဘာကို စောင့်နေမလဲ ? သင်တို့ရဲ့ ခရီးစဉ်ကို ဒီနေ့ပဲ စတင်လိုက်ပါ။ 

Shopping in Singapore

သင်ဟာ စင်္ကာပူမှာ shopping ထွက်ရတာ နှစ်သက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာရှိသော အကောင်းဆုံး Mall တွေ ဖြစ်ပြီး ၊ တန်ဖိုးကြီးသော Designer brands မှသည် စျေးနှုန်း သက်သာသော အဝတ်အစား ၊ အသုံးအဆောင်များထိ သင်လိုအပ်သမျှကို ရှာဖွေ ဝယ်ယူနိုင်တာဖြစ်ပါတယ်။ 

Luxury brands တွေကို ရှာဖွေပါက Marina Bay Sands နှင့် Orchard Road ကဲ့သို့သော နေရာများတွင်တွေ့ရပါလိမ့်မယ်။  Budget save ဖြစ်ဖို့ဝယ်ယူချင်လျှင်လည်း Shopping Centers တွေအများပြားရှိတဲ့အတွက် သေချာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ စင်္ကာပူဟာ သင့်မျက်လုံးကို ဖမ်းစား နိုင်မယ့် အရာတခုခုကတော့ရှိနေမှာ အမှန်ပါ။ 

So gear up and start shopping!

Tours From Happy Steps Travel

၃ ရက် ၂ ည – စင်္ကာပူခရီးစဉ်!

ဒီဇင်ဘာထဲက တစ်နှစ်တစ်ခါ ကြုံတောင့်ကြုံခဲ Festival အကြီးစား ကာလတွေမှာ စင်္ကာပူနိုင်ငံမှာ ခရီးတွေထွက်၊ အလှပုံတွေရိုက်ပြီး ကုန်ဆုံးသင့်ပါတယ်နော်… 

  • တစ်ယောက်လား… 
  • နှစ်ယောက်လား…
  • မိသားစုလား… သူငယ်ချင်းတွေလား.. 
  • လူအနည်းငယ်နဲ့ သီးသန့်ဆန်ဆန် ခရီးထွက်ချင်တာလား…
  • သန့်ရှင်းလုံခြုံပြီး စိတ်လှုပ်ရှားဖွယ်နေရာများကို လိုချင်သူတို့အတွက် အမိုက်စား စင်္ကာပူနိုင်ငံ ခရီးစဉ်ကို တစ်ချက်လေးစောင်းလို့ ကြည့်ဦး.

Singapore Getaway ခရီးစဉ်နဲ့ မမေ့နိုင်တဲ့အမှတ်တရတွေကို ရယူလိုက်ပါ! https://www.facebook.com/share/p/1KYRatMZ47

singapore tour

Little India Highlight Tour

𝕾𝖎𝖓𝖌𝖆𝖕𝖔𝖗𝖊 သွားလည်မယ်ဆိုတာနဲ့ ထင်ရှားတဲ့ Landmarks တွေချည်းသွားဖို့ စဉ်းစားတုန်းလား???

ℕ𝕠 ℕ𝕠 ℕ𝕠… 🚫🚫🚫

တချို့ Hidden places လေးတွေကိုလည်း သွားကြည့်ပါဦးလား…

စင်္ကာပူရဲ့ အဓိက လူမျိုးကြီး (၃)မျိုးဖြစ်တဲ့ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးနဲ့ မလေးလူမျိုးတို့ရဲ့ ထင်ရှားတဲ့ သမိုင်းနဲ့ယဉ်ကျေးမှူတွေကိုလည်း လည်ပတ်ရင်းလေ့လာကြည့်ပါနော်…

𝙻𝚎𝚝’𝚜 𝚐𝚘 𝚝𝚘 𝙻𝚒𝚝𝚝𝚕𝚎 𝙸𝚗𝚍𝚒𝚊 𝚂𝚒𝚗𝚐𝚊𝚙𝚘𝚛𝚎 𝚏𝚒𝚛𝚜𝚝 !!!!!

  • စိတ်ဝင်စားဖို့လည်းကောင်းတယ်…
  • လှလည်းအရမ်းလှတယ်…
  • 📸 Instagram spot ဒီဇိုင်းကာလာအနေအထား မိမိမိုက်မိုက်လေးတွေကိုလည်း ရိုက်ချင်သလို ရိုက်လို့ရတယ်…
  • နေ့တစ်ဝက် အချိန် (၄)နာရီနဲ့ လူမျိုး တစ်ခုအကြောင်းကို သေသေချာချာသိနိုင်မယ်…

အသေးစိတ်ကို ဖတ်ကြည့်ဖို့ .
https://www.facebook.com/share/p/1EZSVW78yd/

Little India Price

Tips For Visiting Singapore

စင်္ကာပူခရီးစဉ်ကို စတင်စီစဉ်ဖို့အချိန်ရောက်ပါပြီ ! သင်အလည်ပတ်လာဖို့ စီစဉ်ခြင်းအတွက် အကြံပြုချက်အချို့ဖြစ်ပါတယ် …. ။

  • My ICA Apps : စင်္ကာပူသို့မဝင်ရောက်မှီ (၃) ရက်အတွင်း My ICA Apps တွင် ဝင်ရောက်မည့် အကြောင်းအရာ မိမိ information ကိုဖြည့်ထားရန်လိုအပ်ပါသည်။ 
  • စင်္ကာပူသည် တစ်နှစ်ပတ်လုံး ပူနွေးစိုစွတ်နေသောရာသီဥတုဖြစ်တဲ့အတွက် ပစ္စည်းများကို သေချာထုတ်ပိုးပါ။
  • Public Transportation ကိုအသုံးပြုပါ။ စင်္ကာပူသည် အလွန်သွားလာရလွယ်ကူသောမြို့ဖြစ်သော်လည်း အဝေးတနေရာသို့သွားလိုလျှင် public transportation ကိုသာအဓိကထားကြပါသည်။
  • ဒေသအစားအစာကို မြည်းစမ်းပါ။ စင်္ကာပူသည် ၄င်း၏အရသာရှိသော အစားအစာများကြောင့် နာမည်ကြီးတဲ့အတွက် ဒေသ အစားအစာများကို မြည်းစမ်းကြည့်ပါ။
  • ရေဓါတ်ရှိနေပါစေ။ ရာသီဥတုက ပူနွေးစိုစွတ်ပြီး ရေဓါတ်ခမ်းခြောက်လွယ်တဲ့အတွက် ရေများများသောက်ပေးဖို့လိုအပ်ပါသည်
sultan mosque

Rough Budget

လေ့လာချက်အရ စင်္ကာပူကို အလည်သွားခြင်းဟာ သင်ခန့်မှန်းထားတာထက် ပိုမိုကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ အောက်မှာ တနေ့တာ အကြမ်းဖျင်း ကုန်ကျနိုင်တာကိုတွက်ချက်ပေးထားပါတယ်။  ဤ အရာသည် လမ်းညွှန်ချက်တခုသာဖြစ်သည်။ ဒါကြောင့် သင်၏ လိုအပ်ချက်နှင့် အသုံးပြုသည့်အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ 

  • Daily Budget – 50 SGD
  • Accommodation- 100-200 SGD ( per night)
  • Food – 30 SGD ( per day)
  • Transportation- 15 SGD (per day)
  • Entertainment- 15 SGD (per day)

Prepaid SIM card ကို ဘယ်မှာဝယ်ယူလို့ရမလဲ ?

စင်္ကာပူမှာရှိသော Major Convenience ဆိုင်များမှာလည်း ဝယ်ယူလို့ရသလို Telecommunications ဟူသော ဆိုင်းဘုတ်ရေးထားသော ဆိုင်များတွင်လည်း ရရှိနိုင်ပါသည်။ SingTel or StarHub စတဲ့ brand တွေကို 7-eleven shops or shopping mall တွေမှာ ဝယ်ယူနိုင်ပါတယ်။ ရွေးချယ်စရာ plan များရှိပြီး သင် ဘယ်နှစ်ရက်နေမလဲအပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါသည်။ 

Solo Travel Destinations - SG

Best Things to do

ယခု အပေါ်မှာဖတ်ရသလောက် စင်္ကာပူမှာ ဘာတွေ ရှိမလဲသိပြီးတဲ့နောက် သင့်ခရီးစဉ်ကို ခုပဲစတင်လိုက်ပါ။ သင်ရောက်ရှိပြီးနောက် ဘယ်တွေကို သွားရောက်လည်ပတ်မလဲ ?

ပထမဦးစွာ Garden by the Bay ကိုသွားပါ။ ၄င်းဟာ Marina Bay တွင်တည်ရှိသော အံ့ဖွယ် လှပလွန်းသည့် နေရာတခုဖြစ်ပြီး ကမ္ဘာပေါ်မှာ အထူးခြားဆုံးနေရာတခုလည်းဖြစ်ပါသည်။ ဒီနေရာမှာ လည်ပတ်ဖို့အချိန် တစ်ရက်တော့ပေးရပါလိမ့်မယ်။ ယဉ်ကျေးမှုတွေကို လေ့လာချင်လျှင် National Museum ကို အလည်ပတ်သွားပါ။ ၄င်းသည် အရှေ့တောင်အာရှတွင် ရှေးအကျဆုံး ပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး သမိုင်း၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ ပြခန်းများစွာရှိပါသည်။ နောက်ဆုံးအနေနဲ့ကတော့ မြို့ထဲကို လည်ပတ်ပါ။ Raffles Place ( Lau Pa Sat) နှင့် မြို့ထဲရှိ စားသောက်ဆိုင်များ၊ Bars များနှင့် Night Clubs များကိုလည်း တကြိမ်လောက်တော့ သွားရောက်လည်ပတ်သင့်ပါသည်။ 

Klook.com

အချိန်ရမယ်ဆိုရင်တော့ စင်ကာပူကနေ  day trip သွားဖို့ အကြံပေးချင်ပါတယ်။Batam , Pulau Ubin Day Trip နဲ့ Sentosa ကျွန်းကို သွားရောက်နိုင်ပါတယ်။ အသေးစိတ်ကို rose ရဲ့ Myanmar blog အောက်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Read more articles :

သတိထားရန်

ဩဂုတ်လမျိုးမှာ အလည်ပတ်လာမည်ဆိုလျှင် သတိထားစရာတစ်ခုက တရုတ်ရိုးရာ Ghost Month ဖြစ်တဲ့အတွက် တမလွန်မှဆွေမျိုးမိသားစုများအတွက် စားစရာတွေ လမ်းပေါ်မှာ ချထားခြင်း၊ တရုတ်ငွေစက္ကူပစ္စည်းများကို မီးရှို့ကြခြင်းပြုလုပ်ကြပါတယ်။ သင်တို့ အနေဖြင့် ထိုစားစရာများကို ထိခြင်း၊ မီးရှို့ထားသောပြာများကို ကိုင်တွယ်ခြင်း၊ နင်းခြင်းများ မပြုလုပ်ကြဖို့တော့ သတိပေးလိုပါတယ်။

Gardens by the bay , Singapore

နိဂုံး

စင်္ကာပူကို လည်ပတ်ပြီးတဲ့အခါမှာ ကမ္ဘာပေါ်မှာ  vibrate ဖြစ်ပြီး ကွဲပြားလွန်းသော ၊ စိတ်လှုပ်ရှားစရာတွေ ၊ လှပမှုတွေ ၊ နိုင်ငံရဲ့ သန့်ရှင်းပြီး Safe ဖြစ်မှုတွေကို စိတ်ကျေနပ်ရလောက်အောင်တွေ့ရှိရမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်ကဆင်းတာနဲ့ ရင်သတ်ရှုမောနေရမယ့် Changi Jewel အလှတွေ— ရင်သတ်ရှုမောစရာတွေများလွန်းလို့ သင်မျက်တောင်ခတ်ဖို့တောင် မေ့နေလောက်မှာပါ။ လမ်းညွှန်ချက်များဖြင့် ပြီးပြည့်စုံသော သင်တို့ရဲ့ ခရီးစဉ်ကို စတင်နိုင်ပါပြီ။  စင်္ကာပူမှာ တစ်နေ့လုံး မမောမပမ်း လည်ပတ်ရမှာတွေများပြားလွန်းပါတယ်။ 

“So sit back, relax and get ready for an adventure.”

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *